ကမ္ဘာ့ရွှေဈေး ၁၃၁၇ ဒေါ်လာအထိ ပြန်တက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၀၄၀၀ အထိမြင့်တက်

ကမ္ဘာ့ရွှေဈေး ၁၃၁၇ ဒေါ်လာအထိ ပြန်တက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၀၄၀၀ အထိမြင့်တက်
Published 12 January 2018

ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၁၁ ရက်တွင် ဒေါ်လာ ၁၃၁၇ ဝန်းကျင်အထိ ပြန်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၀၄၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉၂၀၀ အထိ ကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာ ဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ၉၃၆၂၀၀ အထိ ရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၆ ရက်တွင် ၉၂၆၁၀၀၊ ဒီဇင်ဘာ ၁၃ ရက်တွင် ၉၁၃၂၀၀၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၁၁ ရက်တွင် ကျပ် ၉၄၉၄၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၂ ရက်တွင် ဒေါ်လာ ၁၃၁၀၊ ဇန်နဝါရီ ၃ ရက်တွင် ၁၃၁၆ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၅ ရက်တွင် ၁၃၂၅ ဒေါ်လာအထိမြင့်တက်ခဲ့ကာ ဇန်နဝါရီ ၁၁ ရက်တွင် ဒေါ်လာ ၁၃၁၇ ဝန်းကျင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။