ပြည်တွင်း၌ ဖြစ်ပွားနေသည့် ရာသီတုပ်ကွေး သတင်းများကြောင့် ထိုင်းနိုင်ငံ မဲဆောက် International Hospital တွင် ဆေးပြတ်လပ်သည်အထိ မြန်မာနိုင်ငံသားများ ကာကွယ်ဆေးသွားရောက်ထိုးသူ များပြားကြောင်းသိရ

ပြည်တွင်း၌ ဖြစ်ပွားနေသည့် ရာသီတုပ်ကွေး သတင်းများကြောင့် ထိုင်းနိုင်ငံ မဲဆောက် International Hospital တွင် ဆေးပြတ်လပ်သည်အထိ မြန်မာနိုင်ငံသားများ ကာကွယ်ဆေးသွားရောက်ထိုးသူ များပြားကြောင်းသိရ
Published 31 July 2017


မဲဆောက်ဆေးရုံကြီး (ပုံကြီး) နှင့် ကာကွယ်ဆေး (ပုံသေး)

ပြည်တွင်း၌ဖြစ်ပွားနေသည့် ရာသီတုပ်ကွေး H1N1 သတင်းများကြောင့် ထိုင်းနိုင်ငံ မဲဆောက် International Hospital တွင်ဆေးပြတ်လပ်သည့်အထိ မြန်မာနိုင်ငံသားများ ကာကွယ်ဆေးသွားရောက်ထိုးသူ များပြားလျက်ရှိကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် နိုင်ငံတကာ ဝင်ထွက်ပေါက်ဖြစ်သည့် ချစ်ကြည်ရေးတံတား၌ ဇူလိုင် ၂၇ ရက်မှစတင်ကာ ကျန်မာရေးစစ်ဆေးမှု ဆောင်ရွက်ခဲ့ရာ ထူးခြားမှုတစ်စုံတစ်ရာ တွေ့ရှိမှုမရှိသော်လည်း မြဝတီမြို့နေသူများမှာ မဲဆောက်မြို့သို့ သွားရောက်ပြီး ကာကွယ်ဆေးထိုးကြရာ ဆေးပြတ်လပ်သည့်အတွက် ငွေသွင်း၊ ဖောင်ဖြည့်ကာ ပြန်လာခဲ့ရကြောင်း သိရသည်။

“ဒီနေ့ H1N1 ကာကွယ်ဆေးထိုးမယ်ဆိုပြီး မဲဆောက် အင်တာနယ်ရှင်နယ်ဆေးရုံးသို့ သွားပါတယ်။ ဆေးပြတ်လပ်နေလို့ စာရင်းပေး၊ ဖောင်ဖြည့်ငွေသွင်းပြီး ပြန်လာခဲ့ရပါတယ်” ဟု မြဝတီမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။

မဲဆောက်မြို့ International Hospital ဆေးရုံကြီးတွင် Quadrivalent vaccine. Glaxosm ithkline, Dresden, Germany. ကထုတ်သည့် Fluarix tetra 2017 ဆေးအမျိုးအစားထိုးပေးကြောင်းနှင့် ဆေးတစ်လုံးလျှင် ထိုင်းဘတ်ငွေ ၅၀၀ ပေးဆောင်ရပြီး။ ယခုအခါ ဆေးပြတ်လပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆေးရုံ၌ တာဝန်ထမ်းဆောင်နေသူတစ်ဦးက “ဇူလိုင် ၅ ရက်ထိတော့ ဆေးတစ်လုံးကို ဘတ် ၅၀၀ ဖြစ်ပြီး ဇူလိုင် ၅ ရက်နောက်ပိုင်း ရောက်ရှိလာမည့်ကာကွယ်ဆေးတွေက ဘတ် ၁၀၀၀ ဝန်းကျင်ထိ ဖြစ်လာနိုင်ပါတယ်” ဟုဆိုသည်။

၎င်းကာကွယ်ဆေးမှာ Influenza AH1N1.H3N2. နဲ့ Influenza B(Victoria)(Yamagata) Strain လေးမျိုးကို ကာကွယ်မှုပေးနိုင်သည်ဟုလည်း ညွှန်းထားသည်ဟုဆိုသည်။ ယင်း International Hospital သို့ H1N1 ကျန်းမာရေးဆိုင်ရာ ကာကွယ်ဆေးကို မြန်မာနိုင်ငံသားများသာ လာရောက်ထိုးကြသော်လည်း ထိုင်းနိုင်ငံသားတစ်ဦးတစ်ယောက်မျှ လာရောက်ဆေးထိုးခြင်းမရှိကြောင်း သိရသည်။

“ထိုင်းတွေက ရာသီတုပ်ကွေးကာကွယ်ဆေးကို ဖြစ်မှထိုးကြတာမဟုတ်ဘဲ နှစ်တိုင်း ကြိုတင်ကာကွယ်ဆေးထိုးထားကြတဲ့အတွက် ခုလိုအချိန်မှာ သူတို့ကရေးကြီးသုတ်ပြာ ထိုးစရာမလိုတော့ပါဘူး” ဟု မဲဆောက်မြို့တွင်နေထိုင်သည့် ကိုကြီးမန်းက ပြောကြားသည်။
Writer - ရွှေသိန်း (မြဝတီ)

Most Read

Most Recent