မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်နိုင်ငံသားများ နေထိုင်သည့် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွား

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်နိုင်ငံသားများ နေထိုင်သည့် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွား
Published 13 October 2017

မန္တလေး၊ ချမ်းမြသာစည်မြိုနယ်၊ အမှတ် ၁ ကွက်၊ ၆၆ - ၆၇ ကြား သဇင်လမ်းနှင့် ရတနာအောင်မြေလမ်းကြားရှိ တရုတ်နိုင်ငံသားများ နေထိုင်သော နှစ်ထပ်တိုက်တစ်လုံး ယနေ့ (အောက်တိုဘာ ၁၃ ရက်) နံနက် ၈ နာရီ ၅၅ မိနစ်ခန့် မီးလောင်မှု ဖြစ်ပွားပြီးခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်ကျွမ်းမှုကို မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ level 2 သတ်မှတ်ပြီး ငြိမ်းသတ်ယာဉ်အစီး ၃၀၊ ရေသယ်ယာဉ် ၁၀ စီးနှင့် သန္ဓေမီးသတ် ၅၀ အရန် မီးသတ် ၁၃၀ တို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

မီးလာင်မှု ဖြစ်ပွားခဲ့သည့် အိမ်တွင် ချိန်းရှုပ်ဖင် ၅၂ နှစ်ပါ တရုတ်နိုင်ငံသား သုံးဦးနေထိုင်လျက်ရှိပြီး ရေခဲသေတ္တာ အပူလွန်ကဲရာမှတစ်ဆင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုနိုင်ငံခြားသား သုံးဦးမှ မနက် ၅ နာရီခန့်တွင် ကျောက်ဝိုင်းသို့ သွားရောက်ခဲ့ပြီး လောင်းကျွမ်းချိန်တွင် လူတစ်ဦးမျှ မရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ကယ် နှစ်စီး RC ၂ ထပ်တိုက်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၃၅ သိန်း သတ်မှတ်ထားကြောင်းနှင့် မီးလောင်းကျွမ်းမှုနှင့် ပတ်သက်၍ ချိန်းရှုပ်ဖင် ၅၂ နှစ်အား စစ်ဆေးလျက်ရှိပြီး လဝက ဥပဒေနှင့်အညီ နေထိုင်ခြင်း ရှိမရှိပါ ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။