MoU လုပ်သားအဖြစ် ထိုင်းနိုင်ငံသို့ ပြန်လာရန် မြန်မာနိုင်ငံတွင် ပတ်စ်ပို့စာအုပ် လုပ်ခဲ့သော်လည်း အလုပ်ရှင်နှင့် ပွဲစားတို့၏ လိမ်လည်မှုကြောင့် မြန်မာလုပ်သား ၄၀၀ ကျော် အထောက်အထားမဲ့ကာ အလုပ်လက်မဲ့ ဖြစ်နေ၍ စားသောက်ရေး ခက်ခဲနေ

MoU လုပ်သားအဖြစ် ထိုင်းနိုင်ငံသို့ ပြန်လာရန် မြန်မာနိုင်ငံတွင် ပတ်စ်ပို့စာအုပ် လုပ်ခဲ့သော်လည်း အလုပ်ရှင်နှင့် ပွဲစားတို့၏ လိမ်လည်မှုကြောင့် မြန်မာလုပ်သား ၄၀၀ ကျော် အထောက်အထားမဲ့ကာ အလုပ်လက်မဲ့ ဖြစ်နေ၍ စားသောက်ရေး ခက်ခဲနေ
Published 27 September 2017

ထိုင်းနိုင်ငံသို့ MoU ဖြင့် သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား စက်တင်ဘာလဆန်းက တွေ့ရစဉ်

MoU လုပ်သားအဖြစ် ထိုင်းနိုင်ငံသို့  ပြန်လာရန်  မြန်မာနိုင်ငံတွင် ပတ်စ်ပို့စာအုပ် သွားလုပ်သော်လည်း အလုပ်ရှင်နှင့် ပွဲစားတို့၏ လိမ်လည်မှုကြောင့် မြန်မာလုပ်သား ၄၀၀ ကျော် အထောက်အထားမဲ့ကာ အလုပ်လက်မဲ့ ဖြစ်နေ၍ စားသောက်ရေး ခက်ခဲနေကြောင်း ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပထုံဌာနီ ကာလုကာရပ်ကွက်မှ ကားအပိုပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများအား အလုပ်ရှင်နှင့် ပွဲစားတို့ စီစဉ်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လာပြီး ပတ်စ်ပို့ပြန်လုပ်သော်လည်း ပွဲစားများက ထိုင်းနိုင်ငံသို့ တရားမဝင် ပြန်လည်ခေါ်ဆောင်သွားသည့်အတွက် အလုပ်မရသည့်အပြင် စားသောက်ရေး အခက်အခဲ ဖြစ်လျက်ရှိနေကြောင်း သိရသည်။

အဆိုပါစက်ရုံတွင် မြန်မာရွှေ့ပြောင်း လုပ်သား ၄၀၀ ကျော်ပြီး ကျန်အလုပ်သမားများမှာ ကမ္ဘောဒီးယား နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံသို့သားရောက်ပြီး ပတ်စ်ပို့စာအုပ် ပြုလုပ်ခဲ့သော်လည်း ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ခေါ်ယူခဲ့မှုကြောင့် အလုပ်သမား တန်းလျားတွင် အခန်းငှားရမ်းနေထိုင်ကာ အလုပ်မလုပ်ရသည့်အတွက် အခြားလုပ်ဖော်ကိုင်ဖက်များထံမှ ငွေချေးငှားပြီး စားသောက်နေရသည်ဟု မငိုသန်းနွယ်က ပြောကြားသည်။

“အခက်အခဲကတော့ MoU လုပ်ရမယ်ဆိုပြီး စက်ရုံပိုင်ရှင်က ပွဲစားနဲ့ချိတ်ပြီး ပတ်စ်ပို့လုပ်ဖို့ ရန်ကုန်ကို သွားရပါတယ်။ စာအုပ်ရလာတော့ သူတို့ဟာသူတို့ ထုတ်ယူထားတယ်။ ထိုင်းဘက်မှာ ဗီဇာ၊ ဝပ်ပါမစ် လုပ်ရမယ်။ ဒါကြောင့် ထိုင်းကိုသွားရတော့မယ်။ အလုပ်ရှင်ကလည်း ခေါ်နေပြီ ဆိုပြီးတော့ ထိုင်းကို အောက်လမ်းက (တရားမဝင်လမ်း) ပြန်ခေါ်လာတယ်။ ကယ်ရီခလည်း သမီးတို့ပေးရတယ်။ အသွားလည်းဘတ် ၃၅၀၀ ပေးခဲ့ရတယ်။ ခု MoU နဲ့ တရားဝင်လုပ်ရမယ်ဆိုပြီး ငွေကုန်ကြေးကျခံကာ သွားလုပ်ကြပေမယ့် ဘာအထောက်အထားမှ မရဘူး။ အလုပ်လည်းမရဘူး။ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ မငတ်ရုံ ချေးငှားစားသောက်နေရပါတယ်” ဟု အခက်အခဲဖြစ်နေသူ မြန်မာလုပ်သား မငိုသန်းနွယ်က ဆိုသည်။

 

Most Read

Most Recent