မြိတ်ခရိုင်၊ ပလောက်မြို့၊ ညောင်ရှင်ကုန်းကျေးရွာတွင် ထမင်းချက်ရာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့

မြိတ်ခရိုင်၊ ပလောက်မြို့၊ ညောင်ရှင်ကုန်းကျေးရွာတွင် ထမင်းချက်ရာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့
Published 25 September 2017

■ Photo: အရှင်ဉာဏဝံသ

မြိတ်ခရိုင်၊ ပလောက်မြို့၊ ညောင်ရှင်ကုန်းကျေးရွာတွင် စက်တင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက ထမင်းချက်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီး ကျေးရွာအုပ်စု၊ ညောင်ရှင်ကုန်းကျေးရွာတွင် ထမင်းချက်နေစဉ် အနီးရှိဂဲ့စ်အိုးအား မီးကူးစက်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ညောင်ရှင်ကုန်းကျေးရွာရှိ ဒေါ်စန်းမူ (၄၈) နှစ် (ဘ) ဦးဆန်းတင့်မှာ နေအိမ်အနောက်ဖက် မီးဖိုချောင်တွင် ထင်မီးဖြင့် ထမင်းချက်နေစဉ် အနီးရှိဂဲ့စ်အိုးသို့ မီးကူးစက်ကာ ဂဲ့စ်မီးဖိုမှတဆင့် နေအိမ်သို့ မီးကူးစက်ခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် ဒေါ်စန်းမူတွင် မီးအနည်းငယ် ဟပ်ခံခဲ့ရသော်လည်း တခြားထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုဖြစ်နေစဉ် ဒေသခံများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး ပလောက်မြို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ကားတစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များလည်း လာရောက်ငြိမ်းသတ်ပေးခဲ့ရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မီးအားပေါ့ဆစွာ သုံးစွဲခဲ့သူ ဒေါ်စန်းမူအား ဥပဒေအရ အရေးယူပေးရန် လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းဇော်ထွန်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပလောက်နယ်မြေ ရဲစခန်းမှ (ပ) ၂၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent