ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအား ကူညီရန်လာရောက်သည့်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး စစ်တွေမြို့တွင် ဆွဲကြိုးချသေဆုံးမှုဖြစ်ပွား

ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအား ကူညီရန်လာရောက်သည့်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး စစ်တွေမြို့တွင် ဆွဲကြိုးချသေဆုံးမှုဖြစ်ပွား
Published 24 September 2017

ရှမ်းပြည်နယ်တောင်ပိုင်းမှ ရခိုင်ပြည်နယ်အတွင်းမှ ဒုက္ခသည်များအားကူညီရန် လာရောက်သည့်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး စစ်တွေမြို့တွင် ဆွဲကြိုးချသေဆုံးမှု စက်တင်ဘာ ၂၃ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကူညီကယ်ဆယ်ရေးအဖွဲ့တွင် အဖွဲ့ဝင်ပေါင်း ၁၅ ဦးခန့် ပါဝင်ကြောင်းနှင့် အဖွဲ့ဝင် ၁၀ ကျော်တို့မှာ ဘူးသီးတောင်မြို့နှင့် မောင်တောမြို့သို့သွားပြီး ကူညီထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ကူညီလျက်ရှိကြောင်း သိရသည်။

သေဆုံးသူမှာ တောင်ကြီးမြို့ စိန်ဝန်းရပ်ကွက်နေ သန်းအောင် (၄၅ နှစ်) အစ္စလာမ် ဘာသာကိုးကွယ်သူဖြစ်ပြီး အဖော်ဖြစ်သူ မောင်မိုးနိုင် (၃၆ နှစ်)နှင့်အတူ ညအချိန် တည်းခိုနေသော နေအိမ်အတွင်းရှိနေစဉ် အရက်သေစာ သောက်စားပြီး စိတ်ဖောက် ပြန်နေသဖြင့် သီးခြားအခန်းတွင် သန်းအောင် ဆိုသူအား သိပ်ထားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

နံနက် ၈ နာရီခန့်တွင် ပတ်ဝန်းကျင်မှ ပြောဆိုသံများ ထွက်လာသည့်အတွက် မောင်မိုးနိုင်မှာ အိပ်ရာမှနိုးလာခဲ့ပြီး သေဆုံးသူမှာ အခန်းအပြင်ဘက် ထုပ်တန်းပေါ်တွင် မီးကြိုးအဖြူအား ချည်နှောင်ပြီး ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Most Recent