နိုင်ငံတော်သမ္မတ ဦးထင်ကျော် အူလမ်းကြောင်း ခွဲစိတ်ကုသမှု အောင်မြင်

နိုင်ငံတော်သမ္မတ ဦးထင်ကျော် အူလမ်းကြောင်း ခွဲစိတ်ကုသမှု အောင်မြင်
Published 11 September 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သွားရောက် ဆေးစစ်ဆေးမှု ခံယူနေသည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် စက်တင်ဘာ ၁၀ ရက်နေ့က အူလမ်းကြောင်း ခွဲစိတ်ကုသမှု ပြုလုပ်ခံခဲ့ရပြီး ကုသမှု အောင်မြင်ကြောင်း သမ္မတရုံး ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် လိုအပ်သည့် ကျန်းမာရေး ဆေးစစ်မှုများ ခံယူရန်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ စက်တင်ဘာ ၈ ရက်တွင် သွားရောက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆေးစစ်ခံယူမှုများ ပြုလုပ်ခဲ့ရာ၌ အူလမ်းကြောင်းတွင် (Colonic Polyp) တွေ့ရှိ၍ စက်တင်ဘာ ၁၀ ရက်တွင် လိုအပ်သည့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခဲ့ရာ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။