ပါရီအနီး၌ ဗုံးခွဲရန်စီစဉ်မှုအတွက် ပြင်သစ်က အီရန်ကို လက်တုံ့ပြန်

ပါရီအနီး၌ ဗုံးခွဲရန်စီစဉ်မှုအတွက် ပြင်သစ်က အီရန်ကို လက်တုံ့ပြန်
Published 3 October 2018

အောက်တိုဘာ ၂ ရက်တွင် Dunkirk ဆိပ်ကမ်းမြို့အနီး Center Zahra France ကို စီးနင်းမှု၌ ပါဝင်သော ပြင်သစ်ရဲများကို တွေ့ရစဉ် (Photo: AFP)

ဇွန်လက ဖော်ထုတ်နိုင်ခဲ့သော ပါရီမြို့အနီးမှဗုံးခွဲရန်ကြံစည်မှုနှင့်ပတ်သက်ပြီး သံသယရှိခံရသည့် အီရန်ထောက်လှမ်းရေး အမှုထမ်းနှစ်ဦး၏ ပိုင်ဆိုင်မှုများကို ပြင်သစ်အစိုးရက ပိတ်ပင်လိုက်ကြောင်းသိရသည်။ ယင်းဖြစ်စဉ်ကြောင့် ပြင်သစ်နှင့် အီရန်ကြား၌ သံတမန်ရေးတင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည်။

ဇွန်လက ပါရီဆင်ခြေဖုံးရပ်ကွက်တစ်ခု၌ အီရန်အတိုက်အခံအုပ်စုတစ်စုကို ဗုံးခွဲရန်ကြံစည်သည်ဆိုသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ ပြီးနောက် အီရန်နိုင်ငံသားနှစ်ဦးနှင့် အီရန်လုံခြုံရေး၊ထောက်လှမ်းရေးဝန်ကြီးဌာနတို့ ၏ ပိုင်ဆိုင်မှုများကို ပိတ်ဆို့ခဲ့ကြောင်း ပြင်သစ်အစိုးရက ကြေညာခဲ့သည်။

“ကျွန်တော်တို့ပိုင်နက်ထဲမှာ ဒီလိုအ လွန်ပြင်းထန်တဲ့လုပ်ရပ်မျိုးကို လက်တုံ့မပြန်ဘဲ မသွားနိုင်ပါဘူး” ဟု ပြင်သစ်ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ စီးပွားရေးဝန်ကြီးများ၏ ရှားရှားပါးပါး ပူးတွဲထုတ်ပြန်ချက်အတွင်း ဖော် ပြခဲ့သည်။ အထူးသဖြင့် နိုင်ငံနယ်နိမိတ်အတွင်းမှ အကြမ်းဖက်မှု၏ပုံစံအားလုံးကို တိုက်ဖျက်ရန် ပြင်သစ်အစိုးရ၏ စိတ်ပိုင်းဖြတ်မှုကို ယခုဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းက ထင်ရှားစေသည်ဟုလည်း ဆိုသည်။

ဇွန်လက ဟန့်တားလိုက်နိုင်သော တိုက်ခိုက်မှုသည် အီရန်အတိုက်အခံထောက်ခံသူ ထောင်ပေါင်းများစွာ၏  တွေ့ဆုံမှုတစ်ခုအား ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ယင်းတွေ့ဆုံပွဲ သို့ သမ္မတဒေါ်နယ်ထရန့်နှင့် နီးစပ်သော မဟာမိတ်များအပါအဝင် အမေရိကန်ထိပ်ပိုင်းပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြသည်။

နောက်ပိုင်း၌ ဥရောပရဲတပ်ဖွဲ့အင်အားစု၏ စုပေါင်းဝင်စီးမှုများကြောင့် ထိုဖြစ်စဉ်နှင့်ပတ်သက်၍ လူခြောက်ဦးကို ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့ထဲ၌ အာဆတ်ဒိုလာ အဆက်ဒီအမည်ရှိ အီရန်သံတမန်တစ်ဦးလည်း ပါဝင်သည်။ ၎င်းကိုမူ စွဲချက်တင်နိုင်ရေးအတွက် ဂျာမနီမှဘယ်လ်ဂျီယံသို့ ပို့ဆောင်ရန် စီစဉ်ထားသည်။

ပြင်သစ်အစိုးရက ယခုကြေညာခဲ့သော ပိုင်ဆိုင်မှုများအား ခြောက်လကြာ ပိတ်ဆို့မှုမှာ အဆက်ဒီနှင့်အတူ ဆေယက်ဟာရှီမီမိုဂါ ဒမ်အမည်ရှိသူတို့ကို ပစ်မှတ်ထားခြင်းဖြစ် သည်။

အီရန်အစိုးရကမူ ထိုဗုံးခွဲရန်ကြံစည်မှု ဖြစ်စဉ်တွင် ပါဝင်ခြင်းမရှိကြောင်း၊ အတိုက်အခံ အုပ်စုဖြစ်သည့် အီရန်ပြည်သူ့မူဂျာဟစ်ဒင် (MEK) အဖွဲ့သည် ဥရောပခရီးစဉ်ကို စတင်နေသည့် အီရန်သမ္မတဟက်ဆန်ရိုဟာ နီကို သိက္ခာချရန် ဇာတ်တိုက်လုပ်ဆောင်ခဲ့ ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသထဲ၌ တင်းမာမှုကြီးများရှိနေစဉ် ၂၀၁၅ ခုနှစ်က ရရှိခဲ့ သည့်အီရန်နျူကလီးယားသဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက်  ပြင်သစ်သည် အီရန်နှင့် နက်နက်ရှိုင်းရှိုင်း လက်တွဲလုပ်ဆောင်နေကြစဉ်မှာပင် ပြင်သစ်၏ လက်တုံ့ပြန်လုပ်ဆောင်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းလုပ်ဆောင်ချက်တို့ကြောင့် ကြီးမားသော သံတမန်ရေး ဂယက်ရိုက်မှုကြီးများ ဖြစ်ပေါ်လာနိုင်ခြေရှိသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် သည် ၎င်း၏သမ္မတသက်တမ်းအစောပိုင်းကာလက အီရန်နိုင်ငံသို့ သွားရောက်မည်ဟု ကတိပြုထားခဲ့သည်။ သို့သော်နောက်ပိုင်း တွင် ဆီးရီးယားနှင့် ယီမင်စစ်ပွဲကဲ့သို့ ကိစ္စ များတွင် နှစ်နိုင်ငံကြား၌ ကြီးကြီးမားမားကွဲလွဲမှုများရှိနေခြင်းနှင့်အတူ ယခုကဲ့သို့ ဗုံးခွဲရန် စီစဉ်မှုဖြစ်စဉ်တို့က တင်းမာမှုများကို မြင့်တက်စေခဲ့သည်။