တရုတ်ပိုင် ဝိုင်ချက်ရုံ ၁၀ ခုကို လိမ်လည်မှုဖြင့် ပြင်သစ်ရဲများက သိမ်းဆည်း

တရုတ်ပိုင် ဝိုင်ချက်ရုံ ၁၀ ခုကို လိမ်လည်မှုဖြင့် ပြင်သစ်ရဲများက သိမ်းဆည်း
Published 1 July 2018

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ပြင်သစ်အရှေ့မြောက်ပိုင်းရှိ စပျစ်ခြံများအား တွေ့ရစဉ် (Photo: AFP)

တရုတ်လုပ်ငန်းစုကြီး ဟိုင်ချန်းက ပိုင်ဆိုင်ထားပြီး ဘော်ဒိုးဒေသတွင်ရှိသော ဝိုင်ချက်ရုံ ၁၀ ခုကို အခွန်လိမ်မှုသံသယများ ဖြင့် ပြင်သစ်ဘဏ္ဍာရေးရဲများက သိမ်းဆည်းခဲ့သည်ဟု ရဲသတင်းရင်းမြစ်က ဇွန်၂၉ ရက် တွင် အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

တရုတ်အရှေ့မြောက်ပိုင်း ဆိပ်ကမ်းမြို့ တာ့လျန်အခြေစိုက် ဟိုင်ချန်းအုပ်စုသည် မကြာသေးခင်နှစ်များတွင် ပြင်သစ်နိုင်ငံ၏နာမည်အကြီးဆုံး ဝိုင်စိုက်ပျိုးရာဒေသတစ်ခုတွင် ဝိုင် စိုက်ခင်းဝယ်ယူခဲ့သော တရုတ်ရင်း နှီးမြှုပ်နှံသူအများအပြားတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည်။နာမည်ကြီးဝိုင်များကို ထုတ်လုပ်နေသောစိုက်ခင်း၂၄ ခုကို ဝယ်ယူရန် ၎င်းသည် ယူရို ဒေါ်လာ ၅၅ သန်း (ဒေါ်လာ ၆၄ သန်း) သုံးစွဲခဲ့သည်။

သို့ရာတွင် ယင်းအုပ်စု၏ ဝယ်ယူမှုများကိုဘဏ္ဍာရေးဆိုင်ရာအစိုးရရှေ့နေများက စုံစမ်းစစ်ဆေးခဲ့သည်မှာ ကြာပြီဖြစ်သည်။

“ငွေမည်းကိုငွေဖြူပြောင်းပြီး အခွန်လိမ်တာ၊ စာချုပ်စာတမ်း အတုလုပ်တာ၊ အဲဒီ အတုတွေကိုအသုံးပြုတာစတဲ့ အခွန်ရာဇဝတ်မှု အတော်များများကို တွေ့ရှိခဲ့ရတဲ့ ဝိုင်ချက်ရုံ ၁၀ ခုရှိပါတယ်”ဟု ရဲသတင်းရင်းမြစ်က အေအက်ဖ်ပီကို ပြောကြားခဲ့ပြီး အမှတ် နှစ် ပြင်သစ်ရုပ်သံလိုင်းကလည်း အဆိုပါသတင်းကို အတည်ပြုခဲ့သည်။

စီးပွားရေးအရ အဆက်အသွယ်မရှိဘဲ ပြင်သစ်ကုမ္ပဏီများနှင့် နိုင်ငံခြားတွင် မှတ်ပုံ တင်ထားသော ကုမ္ပဏီများအကြားအရောင်း အဝယ်ဆိုင်ရာ သက်သေများကိုလည်းကောင်း၊ အတုလုပ်ထားသော နိုတြိဖြင့် ပါရီရှိ တရုတ်ဘဏ်  ICBC ထံမှချေးငွေ ယူရို သန်း ၃၀ကိုလည်းကောင်း စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့ကြသည်။

Most Read

Most Recent