ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ အကြမ်းဖက်အုပ်စုက ဟိန္ဒူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဆိုသော Amnesty ၏ အစီရင်ခံစာကို မယုံကြည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ အကြမ်းဖက်အုပ်စုက ဟိန္ဒူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဆိုသော Amnesty ၏ အစီရင်ခံစာကို မယုံကြည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
Published 25 May 2018

လွန်ခဲ့သောနှစ် သြဂုတ်လတွင် မြန်မာ နိုင်ငံ ရခိုင်ပြည်နယ်၌ ဟိန္ဒူအမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၉၉ ဦးအထိ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အတွက် ဘင်္ဂါလီအကြမ်းဖက်အုပ်စုတွင် တာဝန်ရှိသည်ဟု အခိုင်အမာပြောဆိုထားသော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ရုတ်တရက် ထွက်ပေါ်လာသော အစီရင်ခံစာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူဟာဆန်မာမွတ်အလီက အံ့အားသင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မေ ၂၃ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနတွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မေးမြန်းချက်တစ်ခုကို ဖြေကြားရာ၌ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့  အစီရင်ခံစာသည် အဘယ်ကြောင့် နောက်ကျလွန်းနေရသလဲဟု သူက မေးခွန်း ထုတ်ခဲ့ပြီး အစီရင်ခံစာထုတ်ပြန်ရခြင်း နောက်ကွယ်တွင် ရည်ရွယ်ချက်တချို့ ရှိကောင်းရှိနိုင်ကြောင်း မာမွတ်အလီက ပြောကြားခဲ့သည်။

ဘင်္ဂါလီတို့က မီးဖိုချောင်သုံးဓားများ၊ ဂေါ်ပြားများ၊ ကိုင်းညှပ် ကတ်ကြေးရှည်များကဲ့သို့သော အခြားလက်နက်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု ၂၀၁၇ ခုနှစ်တွင် မြန်မာတပ်မတော်၏ထုတ်ပြန်ချက်ကို ကိုးကားလျက် ဘင်္ဂါလီများသည် ထိုလက်နက်များဖြင့် စစ်အခြေ စိုက်စခန်းများကို လက်နက်ကိုင်တိုက်ခိုက်ခြင်းအား မည်သို့လုပ်ဆောင်သလဲဟု သူက မေးခွန်းထုတ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ယခုအစီရင်ခံစာကြောင့် ဘင်္ဂါလီများကို ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆွေးနွေးမှုများ အပေါ် အပျက်လက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုကို သူကပယ်ချခဲ့ပြီး ယနေ့အချိန်တွင် လူတို့ကအပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာကို မယုံကြည်ဟု နောက်ထပ်မေးခွန်းတစ်ခုကို သူက ဖြေကြားခဲ့သည်။

ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးကို မြန်မာနှင့်ဆွေးနွေးရာတွင် အလွန်ခက်ခဲနေသော်လည်း ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်က ပေးပို့ထားသော ဒုက္ခသည်စာရင်း ၈၀၃၂ မှ ၂၀၀၀ ကို မြန်မာဘက်က စစ်ဆေးအတည် ပြုပြီးပြီဟု မာမွတ်အလီက ဖြေကြားခဲ့သည်။

လွန်ခဲ့သော သြဂုတ်လတွင် ရဲကင်းများကို စီးနင်းတိုက်ခိုက်ချိန်နှင့် တစ်ပြိုင်တည်းမှာပင် အာဆာက မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာစုများတွင် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များကို တွေ့ဆုံမေးမြန်းမှုများက အတည်ပြုခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားခဲ့သည်။ အာဆာသည် အခြားသောနေရာများတွင်ပါ ပိုမိုသေးငယ်သော အတိုင်းအတာဖြင့် အရပ်သားများအား အကြမ်းဖက်မှုကျူးလွန်ရာတွင် တာဝန်ရှိသည်ဟု ယခုတွေ့ရှိ ချက်များက ထောက်ပြခဲ့သည်။

Most Read

Most Recent