တရုတ်တွင် ဓားကိုင်ရမ်းကားသူက ကလေးခုနစ်ဦးကို သတ်ဖြတ်ခဲ့

တရုတ်တွင် ဓားကိုင်ရမ်းကားသူက ကလေးခုနစ်ဦးကို သတ်ဖြတ်ခဲ့
Published 28 April 2018

ဧပြီ ၂၇ ရက်တွင် တရုတ်နိုင်ငံမြောက်ပိုင်း၌ အလယ်တန်းကျောင်းသားများ စာသင်ကျောင်းမှအိမ်သို့ ပြန်လာကြစဉ် အငြိုးအတေးထားသည့် ဓားကိုင်ရမ်းကားသူ အမျိုးသားတစ်ယောက်က အလယ်တန်းကျောင်းသားခုနစ်ဦးကို သတ်ဖြတ်ခဲ့ပြီး အခြား ၁၂ ဦးကို ဒဏ်ရာရရှိစေခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့ကြပြီး မကြာသေးခင်နှစ်ပိုင်းများတွင် ယခုကဲ့သို့သော ရမ်းကားမှုများထဲတွင် အဆိုးဆုံးရမ်းကားမှုဖြစ်သည်ဟု ဆိုသည်။

အသက်၂၈ နှစ်အရွယ်ရှိ မသင်္ကာသူကို ထိန်းသိမ်းထားပြီး ဒဏ်ရာရရှိခဲ့သော ကလေးများကို ဆေးရုံတွင် ကုသပေးနေသည်ဟု ရှန်ဇီပြည်နယ်၊ မစ်ဇီခရိုင် ပြည်သူ့လုံခြုံရေးဗျူရိုက ပြောကြားခဲ့သည်။

မိန်းကလေးငါးဦးနှင့် ယောကျ်ားလေးနှစ်ဦး အသတ်ခံခဲ့ရသည်ဟု ဗျူရိုက ပြောကြားခဲ့သည်။

အခြားမိန်းကလေးကိုးဦးနှင့် ယောကျ်ားလေးသုံးဦးတို့ ထိခိုက်ဒဏ်ရာရခဲ့သည်။

ကလေးများ၏ အသက်ကို ဖော်ပြခဲ့ခြင်းမရှိသော်လည်း တရုတ်တွင် အလယ်တန်းအဆင့် ကျောင်းသားများမှာ ၁၂ နှစ်နှင့် ၁၅ နှစ်ကြားတွင် ရှိသည်။

၎င်းသည် ကလေးတုန်းက အဆိုပါကျောင်းကို တက်ရောက်ခဲ့ရာတွင် အနိုင်ကျင့် ဗိုလ်ကျခံခဲ့ရသည်ဟု ဝန်ခံပြောကြားခဲ့ပြီး အတန်းဖော်များကို မုန်းတီးခဲ့၍ ဧပြီ ၂၇ ရက်တွင် ဓားမြှောင်ဖြင့် လူသတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

Most Read

Most Recent