အာဖဂန်နစ္စတန်တွင် ၂၀၁၇ ခုနှစ်က အသေခံဗုံးခွဲမှုများနှင့် တိုက်ခိုက်မှုများကြောင့် အရပ်သား ၂၃၀၀ ကျော်နီးပါး သေဆုံးခဲ့

အာဖဂန်နစ္စတန်တွင် ၂၀၁၇ ခုနှစ်က အသေခံဗုံးခွဲမှုများနှင့် တိုက်ခိုက်မှုများကြောင့် အရပ်သား ၂၃၀၀ ကျော်နီးပါး သေဆုံးခဲ့
Published 16 February 2018

ဇန်နဝါရီ ၂၁ ရက်က အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး တိုက်ပွဲဖြစ်ပွားစဉ်အတွင်း မီးခိုးများထွက်ပေါ်နေစဉ် ဟိုတယ်ရှေ့၌ လုံခြုံရေးယူထားပုံ (Photo: AFP)

အာဖဂန်နစ္စတန်တွင် ၂၀၁၇ ခုနှစ်က အသေခံဗုံးခွဲမှုများနှင့် တိုက်ခိုက်မှုများကြောင့် အရပ်သား ၂၃၀၀ ကျော် သေဆုံးခဲ့ပြီး စံချိန်တင်ခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်က ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်တို့ အာဖဂန်နစ္စတန်တွင် တပ်စွဲထားမှုသည် ကာလအကန့်အသတ်နှင့် ရှိနေမည်မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က သြဂုတ်လနှောင်းပိုင်းတွင် ကြေညာခဲ့ပြီးနောက် စစ်သွေးကြွတို့က မြို့ပြဧရိယာများတွင် တိုက်ခိုက်မှုများ အရှိန်မြှင့်တင်ခဲ့သည်။ အာဖဂန်နစ္စတန်တွင် သာမန်ပြည်သူများ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများ ခံစားနေရသော ဒုက္ခဆင်းရဲကို ယခုကိန်းဂဏန်းတစ်ခုတည်းက ထင်ဟပ်နိုင်မည် မဟုတ်ကြောင်း အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် တာဒါမီချီ ရာမာမိုတိုက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ အကူအညီပေးရေးမစ်ရှင် UNAMA က ၂၀၁၇ ခုနှစ်တွင် အာဖဂန်နစ္စတန်အတွင်း အရပ်သားများ သေဆုံးမှု ကိုးရာခိုင်နှုန်းကျဆင်းခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရသူ ၁၀၄၅၃ ဦး ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ သို့သော်လည်း လေကြောင်းတိုက်ခိုက်မှုနှင့် ကွန်မန်ဒိုတိုက်ခိုက်မှုကို ပို၍ခံနေရသော အကြမ်းဖက်သမားများသည် မြို့ပြနေရာများကို ပစ်မှတ်ထားတိုက်ခိုက်မှု မြင့်တက်လာခဲ့သည်။

ထို့ကြောင့် အသေခံဗုံးခွဲမှုနှင့် တိုက်ခိုက်မှုများကြောင့် မြို့ပြများတွင် သေဆုံးမှုနှင့် ဒဏ်ရာရသူ ၁၇ ရာခိုင်နှုန်း ခုန်တက်ခဲ့သည်။

မြို့ပြများတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆၀၅ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၁၆၉၀ ဦးရှိခဲ့သည်။ လူဦးရေထူထပ်သော နေရာများကို IS တို့နှင့် တာလီဘန်တို့က ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးမှုအမြင့်ဆုံးဖြစ်ခဲ့ကြောင်း ယင်းအစီရင်ခံစာက ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ် တစ်နှစ်တွင်းမှာပင် ကဘူးမြို့၌ သေဆုံးသူနှင့် ပျောက်ဆုံးသူသည် ၁၈၃၁ ဦး ရှိခဲ့သည်။

Ref: AFP

Most Read

Most Recent