Apple က အဆင့်မြှင့်တင်ထားသော ဈေးနှုန်းအမြင့်ဆုံး iPhone အပါအဝင် iPhone သစ်သုံးမျိုးကို မိတ်ဆက်

Apple က အဆင့်မြှင့်တင်ထားသော ဈေးနှုန်းအမြင့်ဆုံး iPhone အပါအဝင် iPhone သစ်သုံးမျိုးကို မိတ်ဆက်
Published 13 September 2018

Apple က အဆင့်မြှင့်တင်ထားသော ဈေးနှုန်းအမြင့်ဆုံး iPhone အပါအဝင် iPhone သစ်သုံးမျိုးနှင့်အတူ မျိုးဆက်သစ် Smartwatch ကို စက်တင်ဘာ ၁၂ ရက်တွင် မိတ်ဆက်ခဲ့သည်။

ကယ်လီဖိုးနီးယား နည်းပညာကုမ္ပဏီကြီး Apple သည် ပြီးခဲ့သောနှစ်တွင် မိတ်ဆက်ခဲ့သည့် ဖုန်းများအား အဆင့်မြှင့်ထားသော iPhone XS၊ iPhone XS Max နှင့် iPhone XR တို့ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

iPhone XS နှင့် iPhone XS Max တို့သည် မျက်နှာပြင်အကျယ် ၅.၈ လက်မနှင့် ၆.၅ လက်မ အသီးသီးရှိပြီး OLED display ကို အသုံးပြုထားသည်။ ထိုဖုန်းသစ်နှစ်မျိုးစလုံးသည် မှတ်ဉာဏ်ပါဝင်မှု 4 GB စီရှိပြီး သိုလှောင်နိုင်မှုမှာ 64GB၊ 256GB နှင့် 512GB တို့ ပါဝင်သည်။ iPhone XS နှင့် iPhone XS Max တို့၏ ကျောဖက်တွင် ကင်မရာနှစ်လုံးစီပါဝင်ပြီး A12 Bionic ချပ်စ်ကို အသုံးပြုထားသည်။ သိုလှောင်မှုပမာဏ အလိုက် iPhone XS ဈေးနှုန်းသည် ၉၉၉ ဒေါ်လာမှ ၁၃၄၉ ဒေါ်လာအထိ ရှိမည်ဖြစ်ပြီး iPhone XR သည် ၇၄၉ ဒေါ်လာမှ ၈၉၉ ဒေါ်လာအထိ ရှိမည်ဖြစ်သည်။ ၁၀၉၉ ဒေါ်လာဖြင့် စတင်ပြီး ၁၄၄၉ ဒေါ်လာအထိ ကျသင့်မည့် iPhone XS Max သည် Apple ၏ ဖုန်းများထဲတွင် ဈေးနှုန်းအမြင့်ဆုံးဖုန်း ဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးမိတ်ဆက်ခဲ့သော iPhone XR ၏ မျက်နှာပြင်အကျယ်သည် ၆.၁ လက်မ ရှိပြီး မှတ်ဉာဏ်ပါဝင်မှု 3GB ရှိကာ ပရော်ဆက်ဆာ A12 ကို အသုံးပြုထားသည်။ LCD display အသုံးပြုထားသည့် iPhone XR ၏ သိုလှောင်နိုင်မှုသည် 64GB၊ 128 GB နှင့် 256 GB တို့ ဖြစ်ကာ အရောင်ခြောက်မျိုးအထိ ထုတ်လုပ်ခဲ့သည်။

နိုင်ငံတကာတွင် iPhone XS နှင့် iPhone XS Max တို့ကို စက်တင်ဘာ ၂၁ ရက်၌ စတင်ရောင်းချမည်ဖြစ်ပြီး iPhone XR ကိုမူ အောက်တိုဘာ ၂၆ ရက်တွင် စတင်ရောင်းချမည်ဖြစ်သည်။

ဒီဇိုင်းပြန်လည်ပြင်ဆင်ထားသော စတုတ္ထမြောက်မျိုးဆက် Apple Watch တွင် ဆေးဘက်နှင့် ကျန်းမာရေးဆိုင်ရာကိရိယာအဖြစ် စွမ်းဆောင်မှုကို တိုးတက်စေရန် ဖန်တီးထားသော လုပ်ဆောင်မှုများစွာ ပါဝင်ကြောင်း သိရသည်။ ထိုနာရီကို အမေရိကန်တွင် ၃၉၉ ဒေါ်လာဖြင့် စတင်ရောင်းချသွားမည်ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်တွင် အရောင်းပြခန်းများ၌ ရနိုင်မည်ဖြစ်သည်။

Most Read

Most Recent