မြန်မာ့စီးပွားရေးသည် ၂၀၁၆၊ ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ်အတွင်း အဆိုးရွားဆုံး ကျဆင်းနေပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ ပိုမိုကျဆင်းလျက်ရှိကြောင်း Myanmar Business Sentiment Survey တွင် ဖော်ပြ

မြန်မာ့စီးပွားရေးသည် ၂၀၁၆၊ ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ်အတွင်း အဆိုးရွားဆုံး ကျဆင်းနေပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ ပိုမိုကျဆင်းလျက်ရှိကြောင်း Myanmar Business Sentiment Survey တွင် ဖော်ပြ
Published 26 August 2018

သြဂုတ် ၂၅ ရက်တွင် ပြုလုပ်သည့် 2nd B4B Insights Forum ကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေအနေမှာ ၂၀၁၆ခုနှစ်နှင့် ၂၀၁၇ခုနှစ်တို့တွင်  ပြုလုပ်ခဲ့သည့် သုတေသနရလဒ်များဖြင့် နှိုင်းယှဉ်ပါက ယခု ၂၀၁၈ခုနှစ်တွင် အဆိုးရွာဆုံး ကျဆင်းလျက်ရှိနေသည်ကို တွေ့ရှိရ ကြောင်း သြဂုတ် ၂၅ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် 2nd B4B Insights Forum တွင် တင်ပြခဲ့သည့် Myanmar Business Sentiment Survey တွင် ဖော်ပြထားသည်။

၂၀၁၈ခုနှစ် ဒုတိယအကြိမ်စစ်တမ်းအရ  ကုန်ထုတ်လုပ်မှုကဏ္ဍသည် အခြားစီးပွားရေး ကဏ္ဍများထက် ပိုမိုဆိုးရွားစွာ ကျဆင်းလျက်ရှိနေသည်ကိုတွေ့ရှိရကြောင်း ဖော်ပြထားသည်။

“စစ်တမ်းအရ ကျွန်တော်တို့ရဲ့စီးပွားရေး အခြေအနေဟာ မကောင်းဘူး။ တစ်ရာမှာတစ်ယောက်ပဲ ကောင်းနိုင်တယ်။ ဒါကို ပြင်းပြင်းထန်ထန်ပြောပေးပါ။ မြန်မာကျပ်ငွေဟာ အကြီးမားဆုံး ပြဿနာဖြစ်နေပါ တယ်” ဟု အဆိုပါစစ်တမ်းအား တင်ပြခဲ့ သည့် MMRDCo .,Ltd မှ Chairman ဦးမိုးကျော်က ပြောကြားသည်။

B4B Insights Forum ကို ၂၀၁၈ ခုနှစ် မေလအတွင်းက ပထမအကြိမ်အဖြစ် ကျင်းပခဲ့ပြီး ကဏ္ဍအလိုက် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်းတွေ့ဆုံပြီး နှေးကွေးနေသည့် မြန်မာ့စီးပွားရေးတိုးတက်မှုကို မြင့်တက်စေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဆွေးနွေးပွဲတွင Myanmar Business Sentiment Survey  ၏ တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း ဒုတိယအကြိမ် သုတေသနစစ်တမ်း၏တွေ့ရှိချက်အရ ပြည်တွင်းစီးပွားရေး အခြေအနေသည် ပထမအကြိမ် သုတေသနစစ်တမ်း၏ တွေ့ရှိချက်အခြေအနေများထက် ဆိုးရွားစွာကျဆင်းနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

“ကျွန်တော်တို့စီးပွားရေး ကောင်းလား ဆိုတဲ့အခါမှာ အဓိကပြောရမယ်ဆိုရင် မြတ်နေသလား၊ ကိုယ်ကြိုးစားထုတ်လို့ ကိုယ်လိုချင်တဲ့ငွေ ရနေသလား၊မြတ်နေသလား။ အခွန်ကပေးရတယ်အမြတ်အပေါ်မှာ။ အခု မကောင်းဘူးဆိုရင် မမြတ်တော့ဘူး၊ ပိုက်ဆံ ကုန်နေပြီ။ မြတ်ဖို့နည်းလမ်းလည်း မတွေ့ဘူး။ရင်းနှီးမြှုပ်နှံမှုလည်း မလုပ်ချင်တော့ဘူးဆိုတဲ့ အဖြေတစ်ခုပါ” ဟု MMRDCo .,Ltd မှ Chairman ဦး မိုးကျော် က ပြောကြားသည်။

ယင်းကဲ့သို့ မြန်မာ့စီးပွားရေး ကျဆင်းနေမှုအပေါ် လုပ်ဆောင်ရမည့်စီးပွားရေးဆိုင် ရာလုပ်ဆောင်ရမည့်အချက်ငါးချက်ကို တင်ပြခဲ့ရာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်း၊ ငွေကြေးအထောက်အပံ့နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းများ၊ အခွန်အကောက်ဆိုင်ရာကိစ္စများ၊ မတည်ငြိမ်သည့်စည်းမျဉ်းများနှင့်ဥပဒေနှင့်နည်းဥပဒေများ၊ ဈေးကွက် ဝယ်လိုအား အခြေအနေစသည့်အချက်များကို ဦးစားပေးလုပ်ဆောင်သင့်ကြောင်းလည်း တင်ပြထားသည်။

လာမည့် ၁၂ လအတွင်း၌လည်း မြန်မာ  နိုင်ငံစီးပွားရေးအခြေအနေသည် လက်ရှိ အခြေအနေအတိုင်းသာ ရှိနေနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး တိုးမြှင့်နိုင်ရေးအတွက် လက်ရှိကျင်းပနေသည့်ဖိုရမ်မှ အစီရင်ခံစာများကို နိုင်ငံတော်အစိုးရနှင့်  လွှတ်တော်ကိုယ်စားလှယ်များ၊သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ တင်ပြ၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ ပိုမိုတိုးတက်အောင်မြင်ဖို့ လုပ်ငန်းရှင်များတွေ့ ကြုံနေရတဲ့ အခက်အခဲ၊ အဟန့်အတား၊ စိန်ခေါ်မှုတွေကို ပေါင်းစပ်ညှိနှိုင်းပြီး အဖြေရှာဖို့ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုတွေဟာ ကွင်း ဆင်းစစ်တမ်းတွေ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအပေါ် မူတည်ထားတဲ့အ ခြေခံကျတဲ့ဆွေးနွေးမှုပါ” ဟု ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။