လာမည့်သုံးလတွင် ကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းမည်ဟု ၇၃ ရာခိုင်နှုန်းက လက်ခံထားပြီး ငွေကြေးဖောင်းပွမှုနှုန်း ပိုမြင့်တက်လာမည်ထင်သူ ၈၅ ရာခိုင်နှုန်းရှိကာ မြန်မာ့စီးပွားရေး ပိုဆိုးသွားမည် ခန့်မှန်းသူ ၇၈ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်နေကြောင်း MI စစ်တမ်းတွင် ဖော်ပြ

လာမည့်သုံးလတွင် ကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းမည်ဟု ၇၃ ရာခိုင်နှုန်းက လက်ခံထားပြီး ငွေကြေးဖောင်းပွမှုနှုန်း ပိုမြင့်တက်လာမည်ထင်သူ ၈၅ ရာခိုင်နှုန်းရှိကာ မြန်မာ့စီးပွားရေး ပိုဆိုးသွားမည် ခန့်မှန်းသူ ၇၈ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်နေကြောင်း MI စစ်တမ်းတွင် ဖော်ပြ
Published 7 August 2018

Myanmar Insider Business ဂျာနယ်က ထုတ်ပြန်သည့် သုံးလတစ်ကြိမ် စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်းစစ်တမ်း၏ ဖော်ပြမှုကို တွေ့ရစဉ်

နောက်သုံးလတွင် ကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းမည်ဟု ၇၃ ရာခိုင်နှုန်းက လက်ခံထားပြီး ငွေကြေးဖောင်းပွမှုနှုန်း ပိုမြင့်တက်လာမည်ထင်သူ ၈၅ ရာခိုင်နှုန်းရှိကာ မြန်မာ့စီးပွားရေး ပိုဆိုးသွားမည် ခန့်မှန်းသူ ၇၈ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်နေကြောင်း MI စစ်တမ်းတွင် ဖော်ပြနောက်လာမည့်သုံးလတွင် မြန်မာကျပ် ငွေတန်ဖိုး ပိုမိုကျဆင်းမည်ဟု ၇၃ ရာခိုင်နှုန်းက လက်ခံထားပြီး ငွေကြေးဖောင်းပွမှုနှုန်း ပိုမိုမြင့်တက်လာမည်ဟု ဆန္ဒပြုသူ ၈၅ ရာခိုင်နှုန်း အထိရှိကာ မြန်မာ့စီးပွားရေး ပိုဆိုးသွားမည်ဟု ခန့်မှန်းသူ ၇၈ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်နေကြောင်း Myanmar Insider Business ဂျာနယ်က ထုတ်ပြန်သည့် သုံးလတစ်ကြိမ် စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်း စစ်တမ်း (MI စစ်တမ်း) တွင် ဖော်ပြထားမှုအရ သိရသည်။

NLD အစိုးရလက်ထက်တွင် ဆိုးရွားစွာ ကျဆင်းလာနေသည့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုနှင့် ပတ်သက်ပြီး Myanmar Insider ၏ ၂၀၁၇ ခုနှစ် အောက်တိုဘာ- ဒီဇင်ဘာစစ်တမ်းတွင် မြန်မာကျပ်ငွေတန်ဖိုး ပိုမိုမြင့်တက်လာမည်ဟု ၃၁ ရာခိုင်နှုန်းက ဆန္ဒပြုခဲ့ပြီး ၆၉ ရာခိုင်နှုန်းက ကျဆင်းသွားမည်ဟု သုံးသပ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ-မတ် စစ်တမ်းတွင်မူ မြန်မာကျပ်ငွေတန်ဖိုး ပိုမိုမြင့်တက်လာမည်ဟု ခန့်မှန်းမှု ရာခိုင်နှုန်း ၃၀ သို့ ကျဆင်းသွားပြီး ကျပ်ငွေတန်ဖိုး ကျဆင်းမည်ဟု ခန့်မှန်းမှုမှာ ၆၉ ရာခိုင်နှုန်းပင် ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် လာမည့်သုံးလအတွက် ကြိုတင်ခန့်မှန်းသည့် ၂၀၁၈ ခုနှစ် ဧပြီ-ဇွန် စစ်တမ်းတွင်မူ ကျပ်ငွေတန်ဖိုး မြင့်တက်မည်ဟု ထင်မြင်မှု ၂၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး ကျပ်ငွေတန်ဖိုး ကျဆင်းမည်ဟု ခန့်မှန်းမှုမှာ ၇၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ငွေကြေးဖောင်းပွမှုနှုန်းနှင့် ပတ်သက်ပြီး ခန့်မှန်းရာတွင် Myanmar Insider ၏ ၂၀၁၇ ခုနှစ် အောက်တိုဘာ-ဒီဇင်ဘာ စစ်တမ်းတွင် ပိုမိုနည်းလာမည်ဟု ၂၃ ရာခိုင်နှုန်းက ဆန္ဒပြုခဲ့ပြီး ၇၇ ရာခိုင်နှုန်းက ငွေကြေးဖောင်းပွမှု ပိုမိုများလာမည်ဟု သုံးသပ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ-မတ် စစ်တမ်းတွင်မူ ငွေကြေးဖောင်းပွမှု ပိုနည်းသွားမည်ဟု ခန့်မှန်းမှု ၂၃ ရာခိုင်နှုန်းပင် ဆက်ရှိခဲ့သော်လည်း ငွေဖောင်းပွမှု မြင့်တက်လာမည်ဟု ခန့်မှန်းမှုမှာ ၇၆ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။ ထို့နောက် လာမည့်သုံးလအတွက် ကြိုတင်ခန့်မှန်းသည့် ၂၀၁၈ ခုနှစ် ဧပြီ-ဇွန် စစ်တမ်းတွင်မူ ငွေဖောင်းပွမှုနှုန်း ပိုနည်းလာမည်ဟု ထင်မြင်မှု ၁၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး ငွေဖောင်းပွမှုနှုန်း ပိုမိုမြင့်တက်လာမည်ဟု ထင်မြင်မှုမှာ ၈၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း MI စစ်တမ်းတွင် ဖော်ပြထားမှုအရ သိရသည်။

ထို့အတူ မြန်မာ့စီးပွားရေး ပိုကောင်းလာ မလာ ကောက်ခံသည့် စစ်တမ်းနှင့်ပတ်သက်ပြီး Myanmar Insider ၏ ၂၀၁၇ ခုနှစ် အောက်တိုဘာ-ဒီဇင်ဘာစစ်တမ်းတွင် မြန်မာ့စီးပွားရေး ပိုကောင်းလာမည်ဟု ၃၁ ရာခိုင်နှုန်းက မျှော်လင့်ခဲ့ပြီး ၆၉ ရာခိုင်နှုန်းက ကျဆင်းသွားမည်ဟု သုံးသပ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ-မတ် စစ်တမ်းတွင်မူ မြန်မာ့စီးပွားရေး ပိုကောင်းလာမည်ဟု ခန့်မှန်းမှု ရာခိုင်နှုန်း ၃၀ သို့ ကျဆင်းသွားပြီး စီးပွားရေး ကျဆင်းမှု ပိုဆိုးသွားမည်ဟု ခန့်မှန်းမှုမှာ ၆၉ ရာခိုင်နှုန်းပင် ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် လာမည့်သုံးလအတွက် ကြိုတင်ခန့်မှန်းသည့် ၂၀၁၈ ခုနှစ် ဧပြီ-ဇွန် စစ်တမ်းတွင်မူ မြန်မာ့စီးပွားရေးပိုကောင်းလာမည်ဟု ထင်မြင်မှု ၂၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး မြန်မာ့စီးပွားရေးကျဆင်းမှု ပိုဆိုးသွားမည်ဟု ခန့်မှန်းမှုမှာ ၇၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကာ စီးပွားရေး ကျဆင်းမည်ဟု ထင်မြင်သူ ပိုမိုများပြားလာခဲ့ကြောင်း MI စစ်တမ်းတွင် ဖော်ပြထားမှုအရ သိရသည်။

“စီးပွားရေးတိုးတက်မှု၊ ငွေကြေးဖောင်းပွမှု၊ ငွေကြေးလဲလှယ်နှုန်းတွေနဲ့ ပတ်သက်ပြီး ခန့်မှန်းရာမှာ ဒီသုံးခုစလုံးက ကျဆင်းနေတယ်ဆိုတဲ့ အနေအထားကို စစ်တမ်းကဖော်ပြခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းက အဆိုးဆုံး ဖြစ်နေတာကို တွေ့ရပါတယ်” MI စစ်တမ်း ဖတ်ကြားသူက ဆိုသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းရှင် ၅၀ နှင့် အထက်အား ကောက်ယူထားသည့် စစ်တမ်း၏ နောက်ဆုံးရလဒ်များအရ သုံးလတစ်ကြိမ် ယုံကြည်မှုညွှန်းကိန်း၏ ၂၀၁၈ ခုနှစ် ဇူလိုင်-စက်တင်ဘာ သုံးလပတ်အတွက် ခန့်မှန်းချက်မှာ အနုတ် ၂၃ ဖြစ်နေပြီး စီးပွားရေးလုပ်ငန်းရှင် အများစုမှာ လာမည့်သုံးလအတွင်း စီးပွားရေး အလားအလာမှာ အနုတ်ပြနေမည်ဟု ယူဆနေကြောင်းနှင့် အဆိုပါ ယုံကြည်မှုညွှန်းကိန်းမှာ စစ်တမ်းကောက်ယူသည့် သုံးကြိမ်စလုံးတွင် အနုတ်ပြနေသည်ဟု MI စစ်တမ်းတွင် ဖော်ပြထားမှုအရ သိရသည်။