ယခုနှစ် ရန်ကုန်သြင်္ကန်တွင် ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခုနှင့် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆၀ ခွင့်ပြုမည်ဖြစ်ပြီး ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း (ကမ္ဘာအေးဘုရားလမ်းနှင့် အင်းလျားလမ်းကြား) တို့တွင် ရေကစားမဏ္ဍပ်များ ခွင့်ပြုမည်မဟုတ်

ယခုနှစ် ရန်ကုန်သြင်္ကန်တွင် ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခုနှင့် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆၀ ခွင့်ပြုမည်ဖြစ်ပြီး ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း (ကမ္ဘာအေးဘုရားလမ်းနှင့် အင်းလျားလမ်းကြား) တို့တွင် ရေကစားမဏ္ဍပ်များ ခွင့်ပြုမည်မဟုတ်
Published 17 March 2018

၂၀၁၇ ခုနှစ် မဟာသြင်္ကန်ကာလတွင် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ ရေကစားမဏ္ဍပ်များကို တွေ့ရစဉ် ( ဓာတ်ပုံ - ကြည်နိုင်)

ယခုနှစ် ရန်ကုန်သြင်္ကန်တွင် ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခုနှင့် ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ် ၆၀ ခွင့်ပြုမည်ဖြစ်ပြီး ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း (ကမ္ဘာအေးဘုရားလမ်းနှင့် အင်းလျားလမ်းကြား) တို့တွင် ရေကစားမဏ္ဍပ်များ ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

ရေကစားမဏ္ဍပ်လျှောက်ထားလိုသူများသည် ဖျော်ဖြေရေးမဏ္ဍပ်၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်ဟူ၍ မဏ္ဍပ်အမျိုးအစား ခွဲခြား လျှောက်ထားနိုင်ကြောင်း၊ ရေကစားမဏ္ဍပ် လျှောက်ထားခွင့်ပြုမည့်နေရာများသည် ေ၀ ဇယန္တာလမ်းတစ်လျှောက်တွင် ဖျော်ဖြေရေး မဏ္ဍပ်ငါးခု၊ ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ် ၁၆ ခု၊ ပါရမီလမ်းတစ်လျှောက်တွင် ဖျော်ဖြေရေး မဏ္ဍပ်နှစ်ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်လေးခု၊ မင်းဓမ္မလမ်း (ပါရမီလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းကြား) ဖျော်ဖြေရေး မဏ္ဍပ်နှစ်ခု၊ ကျိုက်ဝိုင်းဘုရားလမ်းဖျော်ဖြေရေး မဏ္ဍပ်လေးခု၊ ဖျော်ဖြေရေးနှင့် ရေကစား မဏ္ဍပ်ခြောက်ခု၊ ပြည်လမ်း (ကျိုက်ဝိုင်းဘုရားလမ်းမှ ဗိုလ်ချုပ်လမ်းကြား) ဖျော်ဖြေရေးမဏ္ဍပ် ခြောက်ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁၀ ခု၊ တက္ကသိုလ်ရိပ်သာလမ်း (ပြည်လမ်းမှ အင်းလျားလမ်းကြား)၊ (ကမ္ဘာအေးဘုရားလမ်းမှ ဆရာစံလမ်းကြား) ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်လေးခု၊ စက်မှု (၁) လမ်း (ကမ္ဘာအေးဘုရားလမ်းမှ ဆရာစံလမ်းကြား)၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်နှစ်ခု ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မဟာသြင်္ကန်ကာလ ရန်ကုန်မြို့ မြို့တော်ဝန်ရေကစားကဏ္ဍပ်တွင် ရေကစားနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ထို့ပြင် ဗိုလ်ချုပ်လမ်း (ပြည်လမ်းမှ ဗိုလ်တထောင်ဘုရားလမ်းကြား) တွင် ဖျော်ဖြေရေး မဏ္ဍပ်နှစ်ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် နှစ်ခု၊ အနော်ရထာလမ်း (ဗိုလ်တထောင် ဘုရားလမ်းမှ ဘုန်းကြီးလမ်းကြား)၊ ဖျော်ဖြေရေး မဏ္ဍပ်နှစ်ခု၊ ဖျော်ဖြေရေးနှင့် ရေကစား မဏ္ဍပ်လေးခု၊ မဟာဗန္ဓုလလမ်း (ဘုန်းကြီးလမ်းမှ ဗိုလ်တထောင်ဘုရားလမ်းကြား)၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်လေးခု၊ ကုန်သည်လမ်း (ဗိုလ်တထောင်ဘုရားလမ်းမှ ဆူးလေလမ်းကြား) တွင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်သုံးခု၊ ပုဇွန်တောင်လမ်းမကြီး အထက်/အောက် (ဗန္ဓုလတံတားမှ ကြက်ဘဲ ဈေးကြား) ဖျော်ဖြေရေးမဏ္ဍပ်နှစ်ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်လေးခု၊ သံသုမာလမ်း (ကြက်ဘဲဈေးမှ ဝေဇယန္တာလမ်းကြား) ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်တစ်ခု၊ ကြည့်မြင်တိုင် ကမ်းနားလမ်း (ပြည်လမ်းမှ ကမ်းနား လမ်းကြား) ဖျော်ဖြေရေးမဏ္ဍပ် ၁၀ ခုနှင့် စုစုပေါင်း ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခုနှင့် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆၀ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်မပြုသော လမ်းများသည် ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း(ကမ္ဘာအေးဘုရားလမ်းနှင့် အင်းလျားလမ်းကြား) တို့ဖြစ်ပြီး မဏ္ဍပ်များသည် မီးပွိုင့်လမ်းဆုံမှ ပေ ၃၀၀ အတွင်း တည်ဆောက်ရမည်ဖြစ်ကာ မဏ္ဍပ်တစ်ခုနှင့်တစ်ခု ပေ ၂၀၀ အကွာတွင် ဆောက်လုပ်ရမည်ဖြစ်ကြောင်း သိရသည်။

မဏ္ဍပ်လျှောက်ထားလိုသူများသည် ရေကစား မဏ္ဍပ်အမျိုးအစားအလိုက် ခွဲခြားပြီး သတ်မှတ်လျှောက်လွှာပုံစံများဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ထောက်ခံချက်များနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ (လမ်းနှင့် တံတား) သို့ လျှောက်ထားပြီး မဏ္ဍပ်နေရာချထားရေးနှင့် ကြံ့ခိုင်မှုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စိစစ်ခွင့်ပြု နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် မတ် ၂၅ ရက် နောက်ဆုံးထား လျှောက်ထားဆောင်ရွက်ရ မည်ဖြစ်ကြောင်း သိရသည်။