ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၈၉ ပွိုင့်အောက်တွင်ရှိနေပြီး နိုင်ငံခြားငွေလဲနှုန်း ၁၃၂၃ ကျပ်အထိ ဆက်လက်ကျဆင်းကာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၈၉ ပွိုင့်အောက်တွင်ရှိနေပြီး နိုင်ငံခြားငွေလဲနှုန်း ၁၃၂၃ ကျပ်အထိ ဆက်လက်ကျဆင်းကာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်
Published 30 January 2018

ဇန်နဝါရီ ၂၆ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၈၉ ပွိုင့်အောက်တွင်ရှိနေပြီး ပြည်တွင်းဈေးကွက်၌ ဇန်နဝါရီ ၂၇ ရက်က တစ်ဒေါ်လာ ၁၃၂၅ ကျပ်အထိ ဆက်လက်ကျဆင်းကာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်းသည် သုံးနှစ်ကျော်အတွင်း အနိမ့်ဆုံးနှုန်းထားအဖြစ် ဇန်နဝါရီ ၂၅ ရက်တွင် ၈၈ ဒသမ ၆၃ ပွိုင့်အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၈၊ ၁၂၊ ၁၃ ရက်တွင် ၉၄ ပွိုင့်အထက်သို့ ရောက်ခဲ့သော်လည်း ဒီဇင်ဘာ ၁၈ နှင့် ၂၀ ရက်တွင် ၉၃ ပွိုင့်အောက်သို့ ရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၂၉ ရက်တွင် ၉၂ ပွိုင့်အောက်စဆင်းခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်တွင် ၉၁ ပွိုင့်အောက်၊ ဇန်နဝါရီ ၂၃ ရက်တွင် ပွိုင့် ၉၀ အောက်၊ ဇန်နဝါရီ ၂၅ ရက်တွင် ၈၉ ပွိုင့်အောက်သို့ ဆက်ဆင်းခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ဇန်နဝါရီ ၃ ရက်တွင် ၁၀၃ ဒသမ ၈၂ ပွိုင့်အထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၁၈ ရက်နောက်ပိုင်းကတည်းက ၁၀၀ ပွိုင့်အောက်၊ မေ ၁၅ ရက်မှစတင်ကာ ၉၉ ပွိုင့်အောက် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သောဧပြီလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၁၀၁ ဒသမ ၂၂ ပွိုင့်ဖြစ်ပြီး မေလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၉ ဒသမ ၆၅ ပွိုင့်၊ ဇွန်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၇ ဒသမ ၅၃ ပွိုင့်၊ ဇူလိုင်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၆ ဒသမ ၂၀ ပွိုင့်၊ သြဂုတ်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၀၁ ပွိုင့်၊ စက်တင်ဘာလအတွင်း အမြင့်ဆုံးနှုန်းမှာ ၉၃ ဒသမ ၃၇ ပွိုင့်၊ အောက်တိုဘာလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၉၄ ပွိုင့်၊ နိုဝင်ဘာလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၉၇ ပွိုင့်၊ ဒီဇင်ဘာလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၁၈ ပွိုင့်ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာကျဆင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ မတ်လတွင် ၁၃၅၇-၁၃၇၀ ကျပ်၊ ဧပြီလတွင် ၁၃၄၇-၁၃၆၁ ကျပ်၊ မေလတွင် ၁၃၄၈-၁၃၆၃ ကျပ်၊ ဇွန်လတွင် ၁၃၅၀-၁၃၆၁ ကျပ်၊ ဇူလိုင်လတွင် ၁၃၅၅- ၁၃၆၃ ကျပ်၊ သြဂုတ်လတွင် ၁၃၅၃-၁၃၅၈ ကျပ်၊ စက်တင်ဘာလတွင် ၁၃၄၇-၁၃၅၆ ကျပ်၊ အောက်တိုဘာလတွင် ၁၃၄၉-၁၃၅၈ ကျပ်၊ နိုဝင်ဘာလတွင် ၁၃၅၆-၁၃၅၉ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၅၄-၁၃၅၉ ကျပ်တို့ဖြစ်ပြီး ကွာဟချက်အများဆုံး ၁၄ ကျပ်ဝန်းကျင်သာ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်ဇန်နဝါရီလဆန်းတွင် ၁၃၅၄ ကျပ်ဝန်းကျင်ဖြစ်ပေါ်နေရာမှ ဇန်နဝါရီ ၃ ရက်တွင် ၁၃၅၂ ကျပ်၊ ဇန်နဝါရီ ၅ ရက်တွင် ၁၃၄၉ ကျပ်၊ ဇန်နဝါရီ ၈ ရက်တွင် ၁၃၄၇ ကျပ်အထိဆက်ကျခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ၁၃၄၇ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်တွင် ကျပ် ၁၃၄၀၊ ဇန်နဝါရီ ၂၃ ရက်တွင် ၁၃၃၅ ကျပ်၊ ဇန်နဝါရီ ၂၄ ရက်တွင် ၁၃၃၂ ကျပ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ၁၃၂၉ ကျပ်၊ ဇန်နဝါရီ ၂၆ ရက်တွင် ၁၃၂၇ ကျပ်၊ ဇန်နဝါရီ ၂၇ ရက်တွင် ၁၃၂၅ ကျပ်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၁၃၂၃ ကျပ်အထိ ကျဆင်းခဲ့သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဇန်နဝါရီ ၂၉ ရက် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ ၁၃၃၃ ကျပ်ဖြစ်ပြီး နှစ်ကျပ်လျှော့ချသတ်မှတ်ခဲ့ကြောင်း သိရသည်။