၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် လက်ရှိဘင်္ဂါလီများကို အမြန်ဆုံးစိစစ်ဆောင်ရွက်ပေးရန်၊ မြန်မာနိုင်ငံ၌ ရိုဟင်ဂျာမရှိဟု ကြေညာပေးရန်နှင့် ဘင်္ဂါလီကို ဘင်္ဂါလီဟုသာ သတ်မှတ်ကြေညာပေးရန် စစ်တွေမြို့နှင့် မောင်တောမြို့တွင် ဆန္ဒထုတ်ဖော်

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် လက်ရှိဘင်္ဂါလီများကို အမြန်ဆုံးစိစစ်ဆောင်ရွက်ပေးရန်၊ မြန်မာနိုင်ငံ၌ ရိုဟင်ဂျာမရှိဟု ကြေညာပေးရန်နှင့် ဘင်္ဂါလီကို ဘင်္ဂါလီဟုသာ သတ်မှတ်ကြေညာပေးရန် စစ်တွေမြို့နှင့် မောင်တောမြို့တွင် ဆန္ဒထုတ်ဖော်
Published 23 October 2017

 

လူမျိုးသုဉ်းသတ်ဖြတ်နေသည်ဟု ကမ္ဘာ့နိုင်ငံအချို့၏ စွပ်စွဲပြောဆိုခြင်းကိုကန့်ကွက်ကြောင်းအပါအဝင် အချက်ငါးချက် တောင်းဆိုဆန္ဒထုတ်ဖော်မှု ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြုလုပ်စဉ်

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် လက်ရှိဘင်္ဂါလီများကို အမြန်ဆုံးစိစစ် ဆောင်ရွက်ပေးရန်၊ မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိဟု ကြေညာပေးရန်နှင့် ဘင်္ဂါလီကို ဘင်္ဂါလီ ဟုသာ သတ်မှတ်ကြေညာပေးရန် စစ်တွေမြို့ နှင့် မောင်တောမြို့တွင် ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံအစိုးရကို လူမျိုးသုဉ်းသတ်ဖြတ်တယ်လို့ စွပ်စွဲချက်တွေကို ကန့်ကွက်ကြောင်းနဲ့ တခြားအချက်တွေ ပါဝင်တယ်။ အဲဒီလိုပြောဆိုမှုတွေဟာ မြေပြင်အနေအထားနဲ့ ကွာခြားနေတယ်။ ဘင်္ဂါလီတွေကို လက်မခံရတဲ့အကြောင်းကလည်း နယ်မြေလုပြီး အကြမ်း ဖက်တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အတွက် ပြည် သူတွေအနေနဲ့ လုံးဝလက်ခံမှာမဟုတ်ဘူးဆို တာကို အစိုးရသိအောင် တင်ပြတာဖြစ်တယ်။ ဘင်္ဂါလီတွေကို လက်ခံလိုက်ရင် အခုအခြေ အနေထက် ပိုဆိုးသွားမှာဖြစ်တယ်”ဟု စည်း ကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များနာယကအဖွဲ့ဝင် ဆရာ တော်ဦးဓမ္မိကက မိန့်ကြားသည်။

မြန်မာအစိုးရအား လူမျိုးသုဉ်းသတ်ဖြတ် နေသည်ဟု ကမ္ဘာ့နိုင်ငံအချို့မှ စွပ်စွဲပြောဆို ခြင်းကို ကန့်ကွက်ကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်း နှင့် နယ်မြေသိမ်းတိုက်ပွဲ ပြုလုပ်သော ဘင်္ဂါလီ အကြမ်းဖက်မ ျားအား ရခိုင်ပြည်နယ်အတွင်း သို့ ပြန်သွင်းခြင်းကို လက်မခံကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် လက်ရှိ ဘင်္ဂါလီများကို အမြန်ဆုံးစိစစ်ဆောင်ရွက် ပေးရန်၊ မြန်မာနိုင်ငံ၌ ရိုဟင်ဂျာမရှိဟု မြန်မာ နိုင်ငံအစိုးရက ကြေညာပေးရန်နှင့် ဘင်္ဂါလီကို ဘင်္ဂါလီဟုသာ သတ်မှတ်ကြေညာပေးရန်၊ ARSA အကြမ်းဖက်အဖွဲ့အစည်းဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ဟု မြန်မာနိုင်ငံအစိုးရက ခေါ်ဝေါ်သုံးစွဲရန်တို့ကို တောင်းဆိုခြင်းဖြစ် ကြောင်း သိရသည်။

စစ်တွေမြို့မှ ဆန္ဒထုတ်ဖော်မှုနှင့်ပတ် သက်ပြီး ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးအောင်ဌေးက “ဘင်္ဂါလီတွေကို ဘာကြောင့် လက်မခံလဲဆိုရင် သူတို့အထဲမှာ အကြမ်းဖက်၊ မီးရှို့၊ လူသတ်မှုတွေလုပ်ဆောင်ခဲ့သူတွေ ဖြစ်တဲ့အတွက် ပြန်လက်မခံချင်ဘူး။ နောက် ပြီး ဘင်္ဂါလီတွေနဲ့ပတ်သက်လို့ အတိအကျ စစ်ဆေးမှုတွေ မရှိတဲ့အတွက်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့စစ်ဆေးပေးဖို့ တောင်း ဆို တာဖြစ်တယ်။ နောက်ပြီး ပြန်လည်ထူ ထောင်ရေး၊ ပြန်လည်နေရာချထားရေးဆု ိတဲ့ ကိစ္စမှာလည်း ဘယ်လိုပုံစံနဲ့ ဘယ်နေရာမှာ ချထားပေးမလဲဆိုတဲ့အချက်တွေကိုလည်း ပြည်သူကို ချပြတာမျိုးမရှိသေးဘူး။ လက်ရှိမှာ ရခိုင်တိုင်းရင်းသားတွေဟာ ကျီးလန့်စာ စား နေရတဲ့အတွက် ရှေ့အနာဂတ်အတွက် ဘယ် လိုဆုံးဖြတ်ထားတာလဲဆိုတာ မသိသေးတဲ့ အတွက် ဘင်္ဂါလီတွေကို လက်မခံဖို့ဆုံးဖြတ် ထားတာဖြစ်တယ်။ လက်ခံမယ်ဆိုရင် အစိုးရ က ပြည်သူကို ချပြသင့်တယ်လို့ယူဆတယ်။ သူတို့ကို အကြောင်းပြချက်မရှိဘဲ ဆက်ထား မယ်ဆိုရင် ရေရှည်မှာ ဘယ်လို့မှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ တိတိ ကျကျစစ်ဆေးပြီးမှသာ ပြန်လည်နေရာချထား ရေးကို ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ကြွေးကြော်သံများအဖြစ် 'မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သူများ အလို မရှိ၊ အလိုမရှိ၊ ကိုဖီအာနန် အစီရင်ခံစာ အလို မရှိ၊ အလိုမရှိ၊ အကြမ်းဖက်ဘင်္ဂါလီအား ပေးသူများ အလိုမရှိ၊ အလိုမရှိ၊ နယ်မြေလု အကြမ်းဖက်ဘင်္ဂါလီ လက်မခံ၊ လက်မခံ၊ လူ သတ်၊ မီးရှို့၊ အကြမ်းဖက်ဘင်္ဂါလီနှင့် အတူ မနေ၊ အတူမနေ၊ ခိုးဝင်ဘင်္ဂါလီများအား ၁၉၈၂ နိုင်ငံသားဥပဒေနှင့်အအညီ  စိစစ်ပေး ပါ၊ စိစစ်ပေးပါ၊ ARSA အကြမ်းဖက်အဖွဲ့ အစည်းဘင်္ဂါလီအကြမ်းဖက်အဖွဲ့ဟု သုံးစွဲ ရေး ဒို့အရေး၊ ဒို့အရေး' အစရှိသည့်ကြွေး ကြော် သံများကို ကြွေးကြော်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့၌ ဆန္ဒထုတ်ဖော်ရာတွင် သံဃာတော်များနှင့် ဒေသခံပြည်သူ ၅၀၀ ခန့် ပါဝင်ခဲ့ကြောင်း၊ အခြားမြို့များဖြစ်သော မောင် တော၊ မာန်အောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ နှင့် ပေါက်တောအပါအဝင် တခြားမြို့များတွင် လည်း ဆန္ဒထုတ်ဖော်သူအရေအတွက် များ ပြားခဲ့ကြောင်း ၊ မောင်တောဆန္ဒထုတ်ဖော်မှု အား မောင်တောလူမှုကွန်ရက်မှ ဦးဆောင်ပြု လုပ်ခဲ့ခြင်းဖြစ်ကာ ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်၊ ဟိန္ဒူ၊ မာရမ္မာကြီး စုစုပေါင်း ၁၀၀၀ ဝန်းကျင် ပါဝင်ခဲ့ကြောင်း၊ ဆန္ဒထုတ်ဖော်တောင်းဆိုမှု များအား အစိုးရအနေဖြင့် လိုက်လျောပေး ခြင်းမရှိပါက ဆက်လက်ဆွေးနွေးမှုများပြုလုပ် ပြီး လုပ်ဆောင်သင့်သည့် လုပ်ရပ်များကိုလုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုဆန္ဒထုတ်ဖော်မှုတွင် ရခိုင်တိုင်းရင်း သားများအနေဖြင့် မည်သည့်နည်းနှင့်မျှ ဘင်္ဂါလီ များနှင့် အတူတကွ နေထိုင်ခြင်း၊ ပေါင်းသင်း ဆက်ဆံခြင်းကို လက်ခံမည်မဟုတ်ကြောင်းလည်းပါရှိခဲ့ပြီး ဘင်္ဂါလီများအနေဖြင့် အကြမ်း ဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည့် အတွက် အကြမ်းဖက်သမားများအဖြစ် သတ် မှတ်ထားခဲ့ကြောင်း သိရသည်။

သြဂုတ်၂၅ ရက်က ရဲကင်းစခန်းပေါင်း ၃၀ ကို တစ်ပြိုင်တည်း တိုက်ခိုက်ခြင်းများနှင့်  တိုင်းရင်းသားကျေးရွာမြောက်မြားစွာကို တိုက် ခိုက်ပြီး လူသတ်မှုများပြုလုပ်ခဲ့ခြင်း၊ ခမောင်း ဆိပ်ကျေးရွာမှ ဟိန္ဒူရွာလုံးကျွတ်ကို သတ်ဖြတ် ခဲ့ခြင်းများသည် ဟိန္ဒူလူနည်းစုအား လူမျိုး သုဉ်းသတ်ဖြတ်ခဲ့သည့်လုပ်ရပ်ဖြစ်ကြောင်းလည်း တိုင်းရင်းသားများက သတ်မှတ်ခဲ့ကြ ကြောင်း သိရသည်။

Most Read

Most Recent