တေးသံရှင်အများအပြား ပါဝင်တင်ဆက်မည့် Forever Thingyan 2018 မဏ္ဍပ် သြင်္ကန်ကာလအတွင်း နေ့စဉ်ဖျော်ဖြေမည်

တေးသံရှင်အများအပြား ပါဝင်တင်ဆက်မည့် Forever Thingyan 2018 မဏ္ဍပ် သြင်္ကန်ကာလအတွင်း နေ့စဉ်ဖျော်ဖြေမည်
Published 9 April 2018

တေးသံရှင်အများအပြား ပါဝင်တင်ဆက်မည့် Forever Thingyan 2018 မဏ္ဍပ်တွင် သြင်္ကန်ကာလအတွင်း နေ့စဉ်ဖျော်ဖြေမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါမဏ္ဍပ်တွင် တေးသံရှင် လင်းလင်း၊ Ar-T၊ ဘန်နီဖြိုး၊ Snare၊ နေမင်းအိမ်၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ ဝိုင်းလေး၊ ချစ်စနိုးဦး၊ ရေဗက္ကာဝင်း၊ ယုဇန စသည့်တေးသံရှင်များက ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ဖျော်ဖြေမှုများအား နေ့စဉ်နှစ်ပိုင်းခွဲ၍ တင်ဆက်မည်ဖြစ်ပြီး နံနက်ပိုင်းတွင် MRTV-4 မှ လည်းကောင်း၊ ညနေပိုင်းတွင် Channel-7 မှ လည်းကောင်း တိုက်ရိုက်ထုတ်လွှင့်ပြသရန် စီစဉ်ထားခြင်းဖြစ်သည်။ အဆိုပါဖျော်ဖြေရေး မဏ္ဍပ်ကို အရှေ့မြင်းပြိုင်ကွင်းလမ်းပေါ်ရှိ ကျိုက္ကဆံကွင်းအနီးတွင် တည်ဆောက်ထားမည်ဖြစ်ကြောင်း သိရသည်။

“အခုနှစ်ဖျော်ဖြေရေး အစီအစဉ်တွေက MRTV-4 မဏ္ဍပ်မှာ ရှိပါမယ်။ ကျွန်တော့်ရဲ့ သီချင်းအမြူးတွေ အများကြီးကို သြင်္ကန်အတွက် ပြင်ဆင်ထားတယ်။ အကတွေလည်း တိုက်ထားပါတယ်။ သြင်္ကန်ဆိုတာ အားလုံးလည်းပျော်ကြတဲ့ပွဲ၊ အားလုံးပျော်ကြတဲ့အချိန် ဆိုတော့ပရိသတ်တွေနဲ့အတူ ပျော်ပျော်ပါးပါး ကနိုင်ဖို့ပြင်ဆင်ထားပါတယ်။ ပရိသတ်အားလုံးကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ အနယ်နယ် အရပ်ရပ်ကပရိ သတ်တွေအတွက်လည်း တိုက်ရိုက်ထုတ်လွှင့်မှု ပါဝင်တာကြောင့် အားပေးကြည့်ရှုပေးပါလို့ ဆိုပါရစေ” ဟု တေးသံရှင် Ar-T က ဆိုသည်။

တေးသံရှင်အိမ့်ချစ်ကလည်း “အိမ့်ချစ် ဒီနှစ်သြင်္ကန်ရန်ကုန်မှာ ရှိပါမယ်။ ဦးညီထွဋ်တို့မဏ္ဍပ်မှာလည်းဆိုမယ်။ MRTV-4 မဏ္ဍပ်မှာလည်း ဆိုပါမယ်။ သီချင်းတွေကတော့ သြင်္ကန်ဆိုရင် မဆိုမဖြစ် သီချင်းအမြူးလေးတွေ ပြင်ဆင်ထားတယ်။ ပရိသတ်တွေ အားလုံးနဲ့အတူတူ ဆိုရင်းကခုန်နိုင်ဖို့လည်း ပြင်ဆင်ထားပါတယ်။ အိမ့်ချစ်တို့ သီချင်းတွေရော အကတွေပါ တိုက်ထားပါတယ်။ လာခဲ့ကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်” ဟု ဆိုသည်။

Lifebuoy Forever Thingyan 2018 တွင် သြင်္ကန်ကာလ ဖျော်ဖြေရေးများအား နံနက် ၉ နာရီမှ ၁၁ နာရီခွဲခန့်အထိ တစ်ကြိမ်၊ ညနေ ၃ နာရီမှ ၆ နာရီအထိ နေ့စဉ်နှစ်ကြိမ်ခွဲ၍ ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး တေးသံရှင်များက ထင်ရှားသည့် တေးသီချင်းများစွာဖြင့် တစ်ရက်လျှင် နှစ်ကြိမ်ဖျော်ဖြေ တင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent