အွန်လိုင်းရှာဖွေမှု၌ အန္တရာယ်အရှိဆုံး အနုပညာရှင်စာရင်းတွင် အေဗရယ်လာဗင်း ဦးဆောင်

အွန်လိုင်းရှာဖွေမှု၌ အန္တရာယ်အရှိဆုံး အနုပညာရှင်စာရင်းတွင် အေဗရယ်လာဗင်း ဦးဆောင်
Published 21 September 2017

ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ McAfee ကထုတ်ပြန်သည့် အွန်လိုင်းရှာဖွေမှုတွင် အန္တရာယ်အများဆုံး အနုပညာရှင်စာရင်းတွင် ပေါ့ပ်အဆိုတော် အေဗရယ်လာဗင်းက နံပါတ် ၁ နေရာ၌ ဦးဆောင်ခဲ့သည်။

အင်တာနက်တွင် အနုပညာရှင်များအား ရှာဖွေမှုရလဒ်များက ၎င်းတို့၏ပရိသတ်များကို အန္တရာယ်ဖြစ်စေနိုင်သော ဝက်ဘ်ဆိုက်များနှင့် ကြုံတွေ့စေနိုင်ကြောင်း McAfee ၏အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Avril Lavigne free mp3 အတွက်ရှာဖွေမှုတွင် ရလဒ်များက အန္တရာယ်ရှိစေသော ဝက်ဘ်ဆိုက်များသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိနိုင်သည့် အခွင့်အလမ်း ၂၂ ရာခိုင်နှုန်းရှိသည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

၂၀၀၂ ခုနှစ်တွင် Complicated သီချင်းဖြင့် အောင်မြင်မှုရရှိသည့် လာဗင်းသည် Lyme ရောဂါခံစားနေရသောကြောင့် အနုပညာလောကမှ နှစ်အတန်ကြာ ပျောက်ကွယ်ခဲ့သည်။ အသက် ၃၂ နှစ်အရွယ်ရှိ လာဗင်းက ယင်းရောဂါကြောင့် သေပြီဟုပင်ထင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းစာရင်းတွင် ဘရူနိုမားစ်၊ ကယ်လီရေးဂျပ်ဆန်၊ ဇေမာလိခ်နှင့် စလင်းဒီယွန်တို့သည်လည်း ထိပ်တန်းငါးဦးတွင် အစဉ်လိုက် ရပ်တည်ခဲ့သည်။