အင်းတော်မြို့နယ် တောထဲတွင် သစ်စက်လည်နေသည်ကို ဓာတ်ပုံရိုက်ခဲ့သည့် အမျိုးသားတစ်ဦး အသတ်ခံရပြီး အလောင်းဖျောက်မှု ကျူးလွန်သူများအနက် တစ်ဦးဖမ်းဆီးရမိ

အင်းတော်မြို့နယ် တောထဲတွင် သစ်စက်လည်နေသည်ကို ဓာတ်ပုံရိုက်ခဲ့သည့် အမျိုးသားတစ်ဦး အသတ်ခံရပြီး အလောင်းဖျောက်မှု ကျူးလွန်သူများအနက် တစ်ဦးဖမ်းဆီးရမိ
Published 24 August 2018

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် တောထဲတွင် သြဂုတ် ၂၀ ရက်က သစ်စက်လည်နေမှုကို ဓာတ်ပုံရိုက်ခဲ့သည့် အမျိုးသားတစ်ဦး အသတ်ခံရပြီး အလောင်းဖျောက်မှု ဖြစ်ပွားခဲ့ကြောင်း အင်းတော်မြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

သြဂုတ်၂၀ ရက်က အင်းတော်မြို့နယ် သောင်ကြီးကျေးရွာ အနီးတွင် စက်ရုံး (၅၀ နှစ်)၊ စိုးနိုင်(၃၇ နှစ်)တို့ နှစ်ဦးသည် ဝင်းအောင်၏ သစ်စက်အား ဓာတ်ပုံရိုက်ပြီး ပြန်လာစဉ် ဝင်းအောင်၏ အဖွဲ့က လမ်းကနေဖြတ်၍ စက်ရုံးနှင့် စိုးနိုင်တို့နှစ်ဦးအား ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရသည်။

ထိုသို့စက်ရုံးနှင့် စိုးနိုင်တို့နှစ်ဦး ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရမှုကြောင့် စက်ရုံးသည် ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး စိုးနိုင်မှာ သေဆုံးသွားခဲ့ကြောင်း၊ သေဆုံးခဲ့သည့် စိုးနိုင်၏ အလောင်းအား ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် လူလေးဦးအား တောထဲတွင် ချုံနွယ်များဖြင့် ဖုံးဝှက်ကာမြေမြှုပ်ပြီး အလောင်းဖျောက်ခဲ့ကြောင်း သိရသည်။

ဒဏ်ရာများ အသီးသီးရရှိခဲ့သည့် စက်ရုံး၏ ပြောပြချက်ကြောင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် လူလေးဦးအနက် လူတစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ကျန်လူသုံးဦးမှာ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက်သူ သုံးဦးအား အမြန်ဆုံး ဖမ်းဆီးရမိရေး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အရေးတကြီး စုံစမ်းနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စက်ရုံးနှင့် စိုးနိုင် တို့နှစ်ဦးအား ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် သစ်စက်ပိုင်ရှင် ဝင်းအောင်ပါ လူလေးဦးအား အင်းတော်မြို့မရဲစခန်းမှ (ပ)၁၀၉/၂၀၁၈/ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅/ ၃၂၆/၂၀၁/၁၁၄ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

Most Read

Most Recent