၁၃ နှစ်အရွယ် မိန်းကလေးအား တစ်ရွာတည်းနေ အမျိုးသားက အလိုမတူဘဲ အဓမ္မပြုကျင့်သည်ဟုဆိုကာ ဖခင်က အမှုဖွင့်

၁၃ နှစ်အရွယ် မိန်းကလေးအား တစ်ရွာတည်းနေ အမျိုးသားက အလိုမတူဘဲ အဓမ္မပြုကျင့်သည်ဟုဆိုကာ ဖခင်က အမှုဖွင့်
Published 6 March 2018

၁၃ နှစ်အရွယ် သမီးဖြစ်သူအား တရွာတည်းနေ အမျိုးသားက အလိုမတူဘဲ အဓမ္မ ပြုကျင့်သည်ဟုဆိုကာ အရေးယူပေးရန် ဖခင်ဖြစ်သူက ရဲစခန်းတွင် တိုင်တန်းမှုတစ်ခု အောင်လံမြို့နယ် ပျဉ်းပင်လှကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ် ၂ ရက်က ပျဉ်းပင်လှကျေးရွာတွင် နေထိုင်သော ဦး....၏သမီးသည် အဒေါ်ဖြစ်သူ လက်ဖက်ရည်ဆိုင်တွင် အလုပ်ကူလုပ်နေစဉ် တစ်ရွာတည်းနေ သမီးဖြစ်သူနှင့် ချစ် ကြိုက်နေသူ ဆန်းဝင်းအောင် (ခ) ဂျပုက လာရောက်ခေါ်ဆောင်သွားပြီး ပျဉ်းပင်လှ ကျေးရွာနှင့်ကပ်လျက် သံမဏိစက်ရုံသို့ သွားသော လမ်းဘေးရှိ ငှက်ပျောပင်အောက်တွင် ချိန်းတွေ့စဉ် သမီးဖြစ်သူအား သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ အလို မတူဘဲ သမီးဖြစ်သူအား သားမယားပြုကျင့်ခဲ့သူကို အရေးယူပေးရန် အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းတွင် မတ် ၄ ရက်က ဖခင်ဖြစ်သူက လာရောက်တိုင်တန်းခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

“ကောင်မလေးက ၁၃ နှစ်ဆိုတာ ဟုတ်ပါတယ်။ အမှုနဲ့ပတ်သက်ပြီး ဆန်းဝင်းအောင် (ခ) ဂျပုကိုလည်း ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ထားပါတယ်။ ဆေးစာတွေ ဘာတွေလည်း စစ်ဆေးတာတွေ လုပ်နေပါတယ်” ဟု ယင်း အမှုကိုစစ်ဆေးနေသည့် ရဲအရာရှိ ဦးသန်းစိုးဝင်းက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆန်းဝင်းအောင် (ခ) ဂျပုကို ဒုရင်္ဂဗိုလ်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent