တိုက်ကြီးမြို့နယ်တွင် အမျိုးသားနှစ်ဦး အချင်းချင်းနောက်ပြောင်ရာမှ စကားများရန်ဖြစ်ပြီး ကိုင်းခုတ်ဓားဖြင့်ခုတ်မှု ဖြစ်ပွား

တိုက်ကြီးမြို့နယ်တွင် အမျိုးသားနှစ်ဦး အချင်းချင်းနောက်ပြောင်ရာမှ စကားများရန်ဖြစ်ပြီး ကိုင်းခုတ်ဓားဖြင့်ခုတ်မှု ဖြစ်ပွား
Published 19 October 2017

တိုက်ကြီးမြို့နယ်တွင် အမျိုးသားနှစ်ဦး အချင်းချင်းနောက်ပြောင်ရာမှ စကားများရန်ဖြစ်ပြီး ကိုင်းခုတ်ဓားဖြင့် ခုတ်မှုဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး  ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၁၆ ရက် ည ၈ နာရီခန့်တွင် တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက်နေ ဦး... (၃၈ နှစ်) သည် နေအိမ်၌ရှိနေစဉ် ယင်းကျေးရွာမြောက်ပိုင်းတွင် ကို... (၃၀ နှစ်) နှင့် ကို.... (၃၆ နှစ်) တို့မှာ စကားများရန် ဖြစ်နေကြောင်း သိရသဖြင့် သွားရောက်ကြည့် ရှုခဲ့ကြောင်း သိရသည်။

အဆိုပါနေရာတွင် ကို. .. (၃၀ နှစ်) အား ဝဲပါးစောင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲနားရွက်ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲပခုံး ပြတ်ရှဒဏ်ရာများ ရရှိနေသည်ကို တွေ့ရှိခဲ့ရပြီး ဖြစ်စဉ်အား မေးမြန်းရာ ကို... (၃၀ နှစ်) မှာ ကို... (၃၆ နှစ်) အား “မင်းဘယ်လောက် မိုက်လို့လဲ” ဟု ပြောဆိုကာ မျက်နှာအား တံတောင်ဖြင့်ထိုးပြီး စနောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စနောက်သည့်အချိန်တွင် ကို...(၃၆ နှစ်) မှာ အနီးရှိ ကိုင်းခုတ်ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာများရရှိသူ ကို... (၃၀ နှစ်) အား တိုက်ကြီးဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေကြောင်း၊ ဖြစ်စဉ်မှ ဓားဖြင့်ခုတ် သူ ကို... (၃၆ နှစ်) အား တိုက်ကြီးမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှု ဖွင့်ထားကြောင်း သိရသည်။