ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီမှ စက်တင်ဘာအထိ ယာဉ်မတော်တဆမှုကြောင့် ၄၆၆ ဦး သေဆုံးပြီး ၂၄၈၆ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီမှ စက်တင်ဘာအထိ ယာဉ်မတော်တဆမှုကြောင့် ၄၆၆ ဦး သေဆုံးပြီး ၂၄၈၆ ဦး ဒဏ်ရာရ
Published 8 October 2017

 

ရန်ကုန်တိုင်းဒေသကြီး၌ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း ယာဉ်မတော်တဆမှုများကြောင့် ၄၆၆ ဦး သေဆုံးခဲ့ပြီး ၂၄၈၆ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာ ၆ ရက်တွင် အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) က စုံစမ်း သိရသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ယာဉ်မတော်တဆမှု ၂၆၀ မှုဖြစ်ပွားခဲ့ပြီး ၆၄ ဦး သေဆုံးကာ ၃၂၀ အထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီလတွင် ယာဉ်မတော်တဆမှု ၂၃၀ မှု ဖြစ်ပွားခဲ့ပြီး ၅၃ ဦး သေဆုံးကာ ၃၀၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မတ်လတွင် ယာဉ်မတော်တဆမှု ၂၂၀ မှု ဖြစ်ပွားခဲ့ပြီး ၄၆ ဦးသေဆုံးကာ ၃၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဧပြီလတွင် ယာဉ်မတော်တ ဆမှု ၂၇၃ ဦး ဖြစ်ပွားခဲ့ပြီး ၆၉ ဦးသေဆုံးကာ ၃၅၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မေလတွင် ယာဉ်မတော်တဆမှု ၂၂၆ ဖြစ်ပွားခဲ့ပြီး ၅၂ ဦးသေဆုံးကာ ၃၀၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဇွန်လတွင် ယာဉ်မတော်တဆမှု၂၁၅ မှု ဖြစ်ပွားခဲ့ပြီး ၅၁ ဦး သေဆုံးကာ၂၇၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင်လတွင် ယာဉ်မတော်တဆမှု ၁၉၀ မှုဖြစ်ပွားခဲ့ပြီး ၄၈ ဦးသေဆုံးကာ ၂၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သြဂုတ်လတွင် ယာဉ်မတော်တဆမှု ၁၇၅ မှု ဖြစ်ပွားခဲ့ပြီး ၄၈ ဦး သေဆုံးကာ ၁၈၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ စက်တင်ဘာလတွင် ယာဉ်မတော်တဆမှု ၁၇၄ မှုဖြစ်ပွားခဲ့ပြီး ၃၅ ဦးသေဆုံးခဲ့ကာ ၁၉၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မတော်တဆမှုစုစုပေါင်း ၁၉၆၃ မှုဖြစ်ပွားခဲ့ပြီး ၄၆၆ ဦး သေဆုံးခဲ့ကာ ၂၄၈၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရပြီး အဆိုပါယာဉ် မတော်တဆမှုများအား သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများတွင် ဥပဒေအရ အမှုဖွင့်အ ရေးယူခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုဖြစ်ပွားနှုန်း လျော့ကျစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့က ခရီးသည်တင် ယာဉ်မောင်းများကို မွမ်းမံသင်တန်းများ တက်ရောက်စေလျက်ရှိပြီး စာသင်ကျောင်းများတွင် ကျောင်းသားကျောင်းသူများကို လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းနှင့် ပတ် သက်သည့် အသိပညာပေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။