ချောင်းဦးမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယလက်ထောက်  ကြီးကြပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

ချောင်းဦးမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယလက်ထောက်  ကြီးကြပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ
Published 11 April 2024

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့ နယ် ပညာရေးမှူးရုံးမှ ဒုတိယလက်ထောက် ကြီးကြပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ် ခံရကြောင်း သတင်းရရှိသည်။

ဧပြီ ၈ ရက် နံနက်ပိုင်းတွင် ချောင်းဦးမြို့ နယ်၊ မြို့မရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံ ရ၍ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ တိုက် အမှတ် (၂)၊ အခန်း (၃၀၁) နေ ချောင်းဦးမြို့ နယ် ပညာရေးမှူးရုံးမှ ဒုတိယလက်ထောက် ကြီးကြပ်ရေးမှူးဖြစ်သူ ဦးကျော်အေး (၅၅ နှစ်) သည် ၎င်း၏နေအိမ်တိုက်ခန်းရှိ ဝရန်တာ၌ လမ်းလျှောက်နေစဉ် PDF များက တိုက်ခန်း ၏အရှေ့တောင်ဘက်မှ သေနတ်ဖြင့် ပစ်ခတ် ခဲ့သဖြင့် ဦးကျော်အေးတွင် ကျည်ထိမှန်ဒဏ် ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး မုံရွာမြို့ အမှတ် (၄) တပ်မတော်ဆေးရုံ (ခုတင် ၃၀၀) သို့ ပို့ ဆောင်ထားရှိကြောင်း သိရသည်။

အဆိုပါလုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့ သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent