ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၂ ပွိုင့်အောက် ဆက်ရှိနေသော်လည်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၆ ကျပ်အထိ ပြန်တက်

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၂ ပွိုင့်အောက် ဆက်ရှိနေသော်လည်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၆ ကျပ်အထိ ပြန်တက်
Published 20 September 2017

စက်တင်ဘာ ၁၉ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၂ ပွိုင့်အောက်၌ ဆက်ရှိနေသော်လည်း ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၆ ကျပ်ဝန်းကျင်သို့  ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် စက်တင်ဘာ ၈ ရက်တွင် ၉၁ ဒသမ ၀၁ ပွိုင့်အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၅ ရက် တွင် ၉၆ ဒသမ ၂၀ ပွိုင့်အထိ ဖြစ်ပေါ်ခဲ့သော်လည်း ဇူလိုင် ၆ ရက်မှ စတင်ကာ ၉၆ ပွိုင့်အောက်၊ ဇူလိုင် ၁၈ ရက်တွင် ၉၅ ပွိုင့် အောက်၊ ဇူလိုင် ၂၁ ရက်တွင် ၉၄ ပွိုင့် အောက်၊ သြဂုတ် ၁ ရက်တွင် ၉၃ ပွိုင့်အောက် အထိ ကျဆင်းခဲ့သည်။ သြဂုတ် ၄ ရက်တွင် ၉၃ ပွိုင့်အထက်၊ သြဂုတ် ၁၆ ရက် တွင် ၉၄ ပွိုင့်အထိပြန်ရောက်ခဲ့သော်လည်း သြဂုတ် ၂၅ ရက်တွင် ၉၃ ပွိုင့်အောက်၊ သြဂုတ် ၂၉ ရက် တွင် ၉၂ ပွိုင့်အောက်အထိ ကျဆင်းခဲ့ပြီး သြဂုတ် ၃၁ ရက်တွင် ၉၃ ပွိုင့် အထက် ရောက်ခဲ့သည်။ စက်တင်ဘာ ၁ ရက် မှ စတင်ကာ ၉၃ ပွိုင့်အောက်၊ စက်တင်ဘာ ၇ ရက်တွင် ၉၂ ပွိုင့်အောက် ပြန်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် ၉၂ ပွိုင့်အထက် ပြန်လည်မြင့်တက်ခဲ့သော်လည်း စက်တင် ဘာ ၁၅ ရက်မှ ၁၉ ရက် မွန်းလွဲပိုင်းအထိ ၉၂ ပွိုင့်အောက်တွင်သာ ဖြစ်ပေါ်ခဲ့သည်။

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ဇန်နဝါရီ ၃ ရက်တွင် ၁၀၃ ဒသမ ၈၂  ပွိုင့်အထိ အမြင့်ဆုံး ရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၁၈ ရက် နောက်ပိုင်းကတည်းက ၁၀၀ ပွိုင့်အောက်၊ မေ ၁၅ ရက်မှစတင်ကာ ၉၉ ပွိုင့်အောက် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော ဧပြီလ အတွင်း အမြင့်ဆုံး နှုန်းထားမှာ ၁၀၁ ဒသမ ၂၂ ပွိုင့်ဖြစ်ပြီး မေလအတွင်း အမြင့်ဆုံးနှုန်းထားမှာ  ၉၉ ဒသမ ၆၅ ပွိုင့်၊ ဇွန်လအတွင်း အမြင့်ဆုံး နှုန်းထားမှာ ၉၇ ဒသ မ ၅၃ ပွိုင့်၊ ဇူလိုင်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၆ ဒသမ ၂၀ ပွိုင့်၊ သြဂုတ်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၀၁ ပွိုင့်ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှ စတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး  မတ်လအတွင်း ပြည်တွင်းဈေးကွက်၌ အမြင့်ဆုံးဒေါ်လာ ဈေးသည် ၁၃၆၆ ကျပ်ဖြစ်ပြီး အနိမ့်ဆုံး ဒေါ် လာဈေးသည် ၁၃၅၇ ကျပ်ဖြစ်သည်။ ထို့ အတူ ဧပြီလအတွင်း အမြင့်ဆုံးဈေးနှုန်းသည် ၁၃၆၁ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ ၁၃၄၇ ကျပ်ဖြစ်ကာ မေလအတွင်း အမြင့်ဆုံး ဒေါ် လာဈေးသည် ၁၃၆၃ ကျပ်ဖြစ်ပြီး အနိမ့်ဆုံး ဈေးနှုန်းမှာ ၁၃၄၈ ကျပ်ဖြစ်သည်။ ထို့နောက် ဇွန်လအတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနိုင်ငံ ခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၃၆၁ ကျပ် ဖြစ်ပြီး အနိမ့်ဆုံးနိုင်ငံခြားငွေလဲနှုန်းမှာ တစ် ဒေါ်လာ ကျပ် ၁၃၅၀ ဖြစ်ကာ ဇူလိုင်လအ တွင်း အမြင့်ဆုံးနိုင်ငံခြားငွေလဲနှုန်းမှာ ၁၃၆၃ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနိုင်ငံခြားငွေလဲနှုန်းမှာ ၁၃၅၅ ကျပ်ဖြစ်သည်။

ဒေါ်လာဈေးသည် ဇူလိုင်လကုန်ပိုင်း တွင် ၁၃၅၇ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး သြ ဂုတ်လအတွင်း အမြင့်ဆုံး ဈေးနှုန်းမှာ ၁၃၅၈ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ ၁၃၅၃ ကျပ် ဖြစ်ရာ ယခင်လများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း ကွာဟချက်နည်းပါးကာ တည်ငြိမ်လျက်ရှိသည်။ သြဂုတ်လကုန်ပိုင်းရက်တွင် ၁၃၅၅ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းသည် စက်တင်ဘာ ၁ ရက်တွင် ၁၃၅၄ ကျပ်၊ စက်တင်ဘာ ၄ ရက်တွင် ၁၃၅၀ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့သည်။ စက်တင်ဘာ ၅ ရက်တွင် ၁၃၅၂ ကျပ်၊ စက်တင်ဘာ ၇ ရက် တွင် ၁၃၅၄ ကျပ်အထိ ပြန်လည် မြင့်တက်ခဲ့သော်လည်း စက်တင်ဘာ ၈ ရက်မှ စတင်ကာ ၁၃၄၈ ကျပ်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၁၃၅၀ အထိ ပြန်တက်ခဲ့သည်။ စက်တင်ဘာ ၁၃ ရက်တွင် ၁၃၄၉ အထိကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် ၁၃၅၁ ကျပ်၊ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၁၃၅၀ အထိပြန်ကျခဲ့ကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၃၅၂ ကျပ်၊ စက်တင်ဘာ ၁၉ ရက် တွင် ၁၃၅၆ ကျပ်အထိ ပြန်တက်ခဲ့သည်။

Most Read

Most Recent