ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် နိုင်ငံတကာ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့် ကိုက်ညီမှု မရှိသောကြောင့် ပြစ်ဒဏ်ပြောင်းလဲ သတ်မှတ်ချက်များ ပါဝင်သော ပြင်ဆင်သည့် ဥပဒေကြမ်း ပြန်ကြားရေး ဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်သို့ တင်သွင်း

ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် နိုင်ငံတကာ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့် ကိုက်ညီမှု မရှိသောကြောင့် ပြစ်ဒဏ်ပြောင်းလဲ သတ်မှတ်ချက်များ ပါဝင်သော ပြင်ဆင်သည့် ဥပဒေကြမ်း ပြန်ကြားရေး ဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်သို့ တင်သွင်း
Published 27 January 2018

ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် နိုင်ငံတကာ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့် ကိုက်ညီမှု မရှိသောကြောင့် ပြစ်ဒဏ်ပြောင်းလဲ သတ်မှတ်ချက်များ ပါဝင်သော ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြည်သူ့လွှတ်တော်သို့ တင်သွင်းသည်။

နေပြည်တော်၌ ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး သတ္တမနေ့တွင် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက တင်သွင်းခဲ့ခြင်းဖြစ်သည်။

ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ၈/၁၉၉၆ ကို ပြင်ဆင်သည့် ဥပဒေမူကြမ်း၏ ရည်ရွယ်ချက်သည် ရုပ်ရှင်ဥပဒေအဖြစ် အသစ်ပြန်လည် ပြဋ္ဌာန်းနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းရေးဆွဲလျက်ရှိရာ  ယင်းဥပဒေကို အတည်ပြုဋ္ဌာန်းနိုင်ခြင်း မရှိသေးမီ တည်ဆဲဥပဒေဖြစ်သော ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ၈/၁၉၉၆ သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိခြင်း၊ နိုင်ငံတကာ ရုပ်ရှင်ဥပဒေများနှင့် ဆီလျော်မှုမရှိခြင်း၊ နိုင်ငံတကာတွင် ရုပ်ရှင်၊ ဗီဒီယိုဟူ၍ ခွဲခြားထားမှု မရှိခြင်း၊ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် လိုအပ်လာသည့်အတွက် အခြေအနေအရ ရုပ်ရှင်ဥပဒေ အသစ်အား ရေးဆွဲအတည်ပြု ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးမီ ဗီဒီယိုလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကို ဥပဒေနှင့်အညီ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်ခြင်း၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ ၈/၁၉၉၆ ပါ ပြဋ္ဌာန်းချက်များမှ ပြစ်ဒဏ်များကို ခေတ်နှင့်အညီ တိုးမြှင့်ရန် လိုအပ်ခြင်းတို့ဖြစ်ကြောင်း ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေကြမ်းတွင် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၂၀၊ ပုဒ်မခွဲ (ဂ)တွင် ပါရှိသော ဒဏ်ကြေးငွေ အနည်းဆုံး ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀၀ အထိ ဆိုသည့် စကားရပ်ကို ဒဏ်ကြေးငွေ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်ငါးသိန်းဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ ပုဒ်မ ၃၂ တွင် ပါရှိသော ထောင်ဒဏ် သုံးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ကျပ် ၁၀၀၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည် ဆိုသည့် စကားရပ်ကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ် ၁၀ သိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည်ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း စသည့် ပြင်ဆင်ချက်များ အပါအဝင် ပုဒ်မ ၃၃၊ ပုဒ်မ ၃၄၊ ပုဒ်မ ၃၅ နှင့် ပုဒ်မ ၃၆ တို့ကို ပြင်ဆင်ချက်များဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက “ဥပဒေကြမ်းတစ်ခု တင်ခဲ့တာပေ့ါနော်။ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေပေါ့။ ၈/၁၉၉၆။ အဲဒီဥပဒေကို ပြင်ဆင်ဖို့အတွက် ဥပဒေကြမ်းတစ်ခု တင်သွင်းခဲ့ပါတယ်။ ဒါကို ပြည်သူ့လွှတ်တော်က သုံးသပ်ပေးဖို့ အတွက်ပေါ့။ ဒီဥပဒေဟာ နိုင်ငံတကာမှာ ပြဋ္ဌာန်းထားတဲ့ အလားတူ ဥပဒေမျိုးနဲ့ ကိုက်ညီမှု မရှိဘူး။ နောက်တစ်ခုက ၂၀၀၈ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှု မရှိဘူး။ အဲဒီမှာ ပါဝင်နေတဲ့ ပြစ်ဒဏ်တချို့ဟာလည်း ခေတ်နဲ့ ဆီလျော်မှု မရှိတော့ဘူး။ အထူးသဖြင့် ငွေကြေးပြစ်ဒဏ်တွေပေါ့။ ဥပမာ ငါးထောင်ကနေ ငါးသောင်းတို့ ဘာတို့ ရှိတာပေ့ါနော်။ ပြစ်ဒဏ်နည်းပါးရင်တော့ ဥပဒေလိုက်နာမှုမှာ အားနည်းမှုတွေရှိမယ်။ ဒါကို သုံးသပ်ဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent