၂၀၁၇ ခုနှစ်တွင် တိုက်ပွဲ အကြိမ် ၂၅၀ ကျော်ဖြစ်ပွားကြောင်း Myanmar Peace Monitor ထုတ်ပြန်

၂၀၁၇ ခုနှစ်တွင် တိုက်ပွဲ အကြိမ် ၂၅၀ ကျော်ဖြစ်ပွားကြောင်း Myanmar Peace Monitor ထုတ်ပြန်
Published 25 January 2018

၂၀၁၇ ခုနှစ်တွင် တိုက်ပွဲများ အကြိမ် ၂၅၀ ကျော်ဖြစ်ပွားကြောင်း မြန်မာ့ငြိမ်းချမ်း ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Myanmar Peace Monitor ၏ လအလိုက် သတင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဇန်နဝါရီတွင် ၂၅ ကြိမ်၊ ဖေဖော်ဝါရီတွင် ၁၁ ကြိမ်၊ မတ်တွင် ၃၆ ကြိမ်၊ ဧပြီတွင် ၁၂ ကြိမ်၊ မေတွင် ၃၇ ကြိမ်၊ ဇွန်တွင် ၃၄ ကြိမ်၊ ဇူ လိုင်တွင် ၁၅ ကြိမ်၊ သြဂုတ်တွင် ၁၆ ကြိမ်၊ စက်တင်ဘာတွင် ၁၃ ကြိမ်၊ အောက်တိုဘာ တွင်ရှစ်ကြိမ်၊ နိုဝင်ဘာတွင် ၂၆ ကြိမ်နှင့် ဒီဇင် ဘာတွင် ၂၅ ကြိမ် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တစ်နှစ်ပတ်လုံး စုစုပေါင်း ၂၅၈ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း လအလိုက် သတင်းအချက်အလက် ဖော်ပြချက်များအရ သိရသည်။

မေလတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံး ဖြစ်၍ အောက်တိုဘာလမှာ အနည်းဆုံးလဖြစ် ပြီး တိုက်ပွဲဖြစ်ပွားမှုများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်းလည်း ဖြစ်ပွားခဲ့ကြောင်း လအလိုက်သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ တပ်မတော်နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့အကြားတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့မှာမူ တပ်မတော်နှင့် ဒုတိယအများ ဆုံးဖြစ်ပွားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည်။ ထို့ပြင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ DKBA အဖွဲ့၊ MNDAA အဖွဲ့၊ ကရင် အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့ တို့နှင့်လည်း ထိတွေ့မှုအချို့ရှိခဲ့ကြောင်း ဖော် ပြထားသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များအချင်းချင်း တိုက်ပွဲများဖြစ်ပွားရာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တအန်းလက်နက်ကိုင် အဖွဲ့ (TNLA)တို့မှာ အများဆုံးဖြစ်ပွားသည့် အဖွဲ့များဖြစ်ကြောင်း လအလိုက်သတင်းအ ချက်အလက်ဖော်ပြချက်များအရ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ တစ်ကြိမ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့တစ်ကြိမ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့တစ်ကြိမ် အသီးသီးတိုက်ပွဲများဖြစ် ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေး မှုများမှာ ၂၀၁၇ ခုနှစ်တွင် ၁၃၃ ကြိမ်ရှိခဲ့ ကြောင်း ထုတ်ပြန်ချက်များတွင် ပါရှိသည်။

တိုက်ပွဲအများဆုံးဖြစ်ပွားသည့်ဒေသ မှာ ကွတ်ခိုင်မြို့နယ်ဖြစ်ပြီး မန်တုံ၊ နမ့်ဆန်နှင့် တနိုင်း၊ ပလက်ဝ၊ လောက်ကိုင်၊ မောင်တော၊ ရသေ့တောင်၊ နမ္မတူ၊ မိုးမိတ်နှင့် နမ့်ခမ်းမြို့ နယ်တို့တွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ ကြောင်း သတင်းဖော်ပြချက်များအရ သိရ သည်။ ၂၀၁၆ ခုနှစ်တွင် တိုက်ပွဲ ၂၈၇ ကြိမ်ဖြစ် ပွားပြီး ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေး မှုများမှာ ၈၅ ကြိမ်ရှိကြောင်း သတင်းထုတ် ပြန်ချက်များတွင်ဖော်ပြထားသည်။

Most Read

Most Recent