၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ခြောက်လလိုငွေမှာ ကျပ်ဘီလျံ ၁၁၆၀ ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လ လိုငွေသည် ကျပ် ၂၁၈၆ ဘီလျံ ဖြစ်သည့်အတွက် ယခင်ဘဏ္ဍာနှစ် ခြောက်လနှင့် နှိုင်းယှဉ်ပါက ကျပ်ဘီလျံ တစ်ထောင်ကျော် ပိုမိုလိုငွေပြ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ခြောက်လလိုငွေမှာ ကျပ်ဘီလျံ ၁၁၆၀ ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လ လိုငွေသည် ကျပ် ၂၁၈၆ ဘီလျံ ဖြစ်သည့်အတွက် ယခင်ဘဏ္ဍာနှစ် ခြောက်လနှင့် နှိုင်းယှဉ်ပါက ကျပ်ဘီလျံ တစ်ထောင်ကျော် ပိုမိုလိုငွေပြ
Published 21 January 2018

နေပြည်တော်တွင် ပြုလုပ်သော လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ခြောက်လ (ဧပြီမှ စက်တင်ဘာအထိ) လိုငွေမှာ ကျပ်ဘီလျံ ၁၁၆၀ ဖြစ်ပြီး ယခု ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လလိုငွေမှာ ကျပ် ၂၁၈၆ ဘီလျံ ဖြစ်သည့်အတွက် ယခင်ဘဏ္ဍာ နှစ်ခြောက်လနှင့် နှိုင်းယှဉ်ပါက ကျပ်ဘီလျံ တစ်ထောင်ကျော် ပိုမိုလိုငွေပြနေကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေ ခြောက်လ လိုငွေမှာ ကျပ် ၂၄၅၇ ဘီလျံ၊ ဂျီဒီပီ တန်ဖိုးကျပ် ၂၉၄၁၀ ဘီလျံဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လလိုငွေမှာ ၂၁၈၆ ဘီလျံ၊ ဂျီဒီပီတန်ဖိုး ၃၂၈၇၉ ဘီလျံ၊ လိုငွေနှင့် ဂျီဒီပီအချိုး ၆ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ခုနှစ် မူလခန့်မှန်းခြေ ခြောက်လ လိုငွေနှင့် နှိုင်းယှဉ်ပါက ၂၀၁၈ ခု နှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လလိုငွေ မှာ ကျပ် ၂၇၁ ဘီလျံ လျော့နည်းနေကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၏ ၂၀၁၇-၂၀၁၈ ခုနှစ်ပြုပြင်ပြီး ခန့်မှန်းခြေ ခြောက်လ လိုငွေမှာ ကျပ် ၁၁၆၀ ဘီလျံဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လ လိုငွေမှာ ကျပ် ၂၁၈၆ ဘီလျံ ဖြစ်သည့်အတွက် ယခင်နှစ် ခြောက်လနှင့် နှိုင်းယှဉ်ပါက လိုငွေမှာ ကျပ် ၁၀၂၆ ဘီလျံ ပိုမိုလာသည်ကို တွေ့ရှိရကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၏ ပြောကြားချက်အရ သိရသည်။

“ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၏ ၂၀၁၇-၂၀၁၈ ပြုပြင်ပြီး ခန့်မှန်းခြေ ခြောက်လနှင့် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လနှိုင်းယှဉ်ချက်မှာ အဓိက အချက်အနေနဲ့ တင်ပြရပါလျှင် ၂၀၁၇-၂၀၁၈ ခုနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ခြောက်လလိုငွေ ၁၁၆၀ ဘီလျံ၊ ဂျီဒီပီ တန်ဖိုး ၂၉၄၁၀ ဘီလျံ၊ လိုငွေနှင့် ဂျီဒီပီအချိုး ၃ ဒသမ ၉၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လလိုငွေ ကျပ် ၂၁၈၆ ဘီလျံ၊ ဂျီဒီပီတန်ဖိုး ၃၂၈၇၉ ဘီလျံ၊ လိုငွေနှင့် ဂျီဒီပီအချိုး ၆ ဒသမ ၆၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။၂၀၁၇-၂၀၁၈ ပြုပြင်ပြီး ခန့်မှန်းခြေ ခြောက်လ လိုငွေနှင့် နှိုင်းယှဉ်ပါက ယခုတင်ပြသည့် ခြောက်လ လိုငွေသည် ၁၀၂၆ ဘီလျံ ပိုမိုလာသည်ကို တွေ့ရပါတယ်”ဟု ဝန်ကြီး ဦးကျော်ဝင်းက ပြည်ထောင်စုလွှတ်တော်၌ ဇန်နဝါရီ ၁၅ ရက်က ပြောကြားသည်။

ထို့အတူ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရှေ့ပြေးအမှန်စာရင်း ခြောက်လတွင် လိုငွေကျပ် ၆၂၇ ဘီလျံ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရှေ့ပြေးအမှန်စာရင်း ခြောက်လရငွေ ၆၅၁၅ ဘီလျံ၊ သုံးငွေ ၇၁၄၂ ဘီလျံ၊ လိုငွေကျပ် ၆၂၇ ဘီလျံပေါ်ပေါက်ခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေ ခြောက်လရငွေကျပ် ၆၆၅၄ ဘီလျံ၊ သုံးငွေ ၉၁၁၁ ဘီလျံ၊ လိုငွေကျပ် ၂၄၅၇ ဘီလျံပေါ်ပေါက်ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ပြုပြင်ပြီး ခြောက်လတွင် ရငွေကျပ် ၆၈၀၂ ဘီလျံ၊ သုံးငွေကျပ် ၇၉၆၂ ဘီလျံ၊ လိုငွေကျပ် ၁၁၆၀ ဘီလျံ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ ခြောက်လအတွက် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်းများမှာ စုစုပေါင်းရငွေ ကျပ် ၈၄၉၂ ဘီလျံ၊ စုစုပေါင်းသုံး ငွေကျပ် ၁၀၆၇၈ ဘီလျံ၊ လိုငွေကျပ် ၂၁၈၆ ဘီလျံဖြစ်ပေါ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

Most Read

Most Recent