၃၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

၃၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်
Published 7 November 2017

ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင် သမ္မတင်နိုင်ငံ သမ္မတ မစ္စတာ ဒူတာတေး၏ ဖိတ်ကြားချက်အရ မနီလာမြို့တွင် ကျင်းပမည့် ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးသို့ တက်ရောက်ရန် မကြာမီ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။

နိုဝင်ဘာ ၉ ရက်မှ ၁၄ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ပြုလုပ်မည့် ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၇ ခုနှစ် ဧပြီလတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း သိရသည်။

အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့်နိုင်ငံမှာ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန်ဟာဂျီဟာဆာနယ်လ် ဘိုလ်ကီးယားမူအစ်ဇာဒင် ဝါဒူလာ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၇ ရက်တွင် ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့သို့ သွားရောက်ခဲ့သည်။

Most Read

Most Recent