မောင်တောမြို့ပေါ်တွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရ

မောင်တောမြို့ပေါ်တွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရ
Published 27 August 2017

သြဂုတ်လ ၂၇ ရက် မွန်းလဲ ၂ နာရီခွဲ အချိန်ခန့်က မောင်တောဆေးရုံရှေ့ ဘင်္ဂါလီရပ်ကွက်အတွင်းမှ အကြမ်းဖက် ဘင်္ဂါလီများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်မှုထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်သည် ဇောတိကာရုံ ဘုန်းကြီးကျောင်းနှင့် ခြံချင်းကပ်ရပ်အိမ်မှ ပစ်ခတ်ခြင်း ဖြစ်သဖြင့် ရွာသစ်ရပ်ကွက်သားများ ဈေးနာရပ်ကွက်သို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။

"ရွာသစ်နာ ဇောတိကာရုံဘုန်းတော်ကြီးကျောင်း နောက်ဘက်မှာရှိတဲ့ ဘင်္ဂလီရွာက ဘင်္ဂလီအိမ်တွေကို မီးရှို့နေကြတယ်။ အခုဆိုရင် အနီးက ရွာသစ်ကလူတွေ ပြောင်းရွှေ့နေကြပါတယ်။ အိမ်တွေက ဘုန်းတော်ကြီးကျောင်းနဲ့ ကပ်ရပ်မှာ ရှိနေတဲ့ အိမ်တွေကို ရှို့နေကြတာ၊ ကျောင်းကဘုန်းကြီးတွေ ထွက်ပြေးအောင်လို့ လုပ်နေတာဖြစ်တယ်။ ပြီးတော့ ရွာထဲဘက်ကို လှမ်းပြီး သေနတ်တွေနဲ့ ပစ်ခတ်နေတဲ့အတွက် ရဲတပ်ဖွဲ့တွေက ခုခံနေရပါတယ်" ဟုလည်း မောင်တောမြို့မှ The Daily Eleven သတင်းထောက် ကိုဝင်းမောင်က ပြောသည်။

Most Read

Most Recent