ပရီးမီးယားလိဂ်ပွဲစဉ်(၁၇) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၁၇) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 15 December 2018

မန်စီးတီး နှင့် အဲဗာတန် (စနေည ရးဝ၀ နာရီ)

မန်စီးတီးက ချယ်လ်ဆီးကို (၂-၀)ဂိုးနဲ့ ရှုံးခဲ့တဲ့ ရလဒ်ကနေ ပြန်ခုန်ထွက်ဖို့ လိုနေတယ်။ လီဗာပူးလ်အသင်းက ပွဲကျပ် ကစားရမယ့်အနေအထားမှာ လီဗာပူးလ်သာ ခြေချော်ခဲ့တာနဲ့ ပြန်ကျော်တက်နိုင်ဖို့အတွက် အာရုံအပြည့်စိုက်ထားမှာပါ။ မန်စီးတီးက ချယ်လ်ဆီးနဲ့ပွဲမှာ ပထမပိုင်းက သူတို့ရဲ့ပုံမှန်ခြေစွမ်းကို ပြနိုင်ခဲ့တဲ့အချိန်တွေဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ကစားပုံ တော်တော်အားနည်းခဲ့တယ်။ ခံစစ်ပိုင်းမှာလည်း အမှားအယွင်းတွေရှိခဲ့တာတွေ့ရတယ်။ တိုက်စစ်ပိုင်းမှာ ဂျေးဆူက သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်ရဖို့ ရုန်းကန်နေရပြီး အဂွဲရိုး၊ ဒီဘရိုင်းနားတို့လည်း ဒီပွဲကို ဆက်လက်လွဲချော်လိမ့်မယ်။ ဒါပေမဲ့ မန်စီးတီးမှာ ဒီအခြေအနေကို ထိန်းထားနိုင်တဲ့ခြေစွမ်းရော၊ ယုံကြည်မှုရော ရှိနေသလို၊ Form ရော Rhythm ပါ မှန်နေပါတယ်။ ပြသင့်တဲ့ ခြေစွမ်းကိုမပြနိုင်ဘူးဆိုပေမယ့် ချယ်လ်ဆီးလိုအသင်းမျိုးရဲ့ကွင်းမှာ ရှုံးခဲ့တာကလည်း ကမ္ဘာပျက်လောက်အောင် ခံစား နေရမယ့် ကိစ္စမဟုတ်ဘူး။ အဲဗာတန်က လီဗာပူးလ်ကို နောက်ဆုံးမိနစ်မှာ မထင်မှတ်တဲ့ဂိုးနဲ့ ရှုံးခဲ့တာကလွဲရင် နောက်ပိုင်းပွဲတွေမှာ ရှုံးပွဲမရှိအောင် ကစားနိုင်တာတွေ့ရတယ်။ ဒါပေမဲ့ နိုင်ပွဲကလည်း ရှားပါတယ်။ မန်စီးတီးရဲ့ကွင်းမှာ သရေခံကစားနိုင် လောက်တဲ့အနေအထားမရှိဘူး။ မန်စီးတီး နိုင်ပွဲပြန်ယူမယ်။ (၃-၁)လောက်ဖြစ်နိုင်တယ်။ 

ခရစ္စတယ်ပဲလေ့စ် နှင့် လက်စတာ (စနေည ၉း၃၀ နာရီ)

ခရစ္စတယ်ပဲလေ့စ်က တကယ်ကို ယုံချင်စရာမကောင်းတဲ့အသင်းမျိုးပါ။ ဘန်လေကို အနိုင်ကစားခဲ့တုန်းက အသင်းကြီးတစ်သင်းလိုမြင်ခဲ့ရပြီး နောက်ပို်င်းပွဲတွေမှာ စုတ် ပြတ်နေပြန်တယ်။ လက်စတာက စပါးကို အိမ်ကွင်းမှာ ရှုံးခဲ့ပေမယ့် အများအားဖြင့် ခြေမှန် ပါတယ်။ ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့ပွဲမျိုးလည်း မရှိသလောက်ရှားတယ်။ ပဲလေ့စ်ကွင်းဆို ပေမယ့် လက်စတာ အမှတ်ယူနိုင်ပါတယ်။ 

ဟတ်ဒါဖီးလ် နှင့် နယူးကာဆယ် (စနေည ၉း၃၀ နာရီ)

ဟတ်ဒါဖီးလ်က နယူးကာဆယ်နဲ့ (၃)မှတ်အကွာမှာရှိနေပြီး အဆင့် (၁၈)နဲ့ (၁၅)နေရာတွေမှာ ရပ်တည်နေတယ်။ အိမ်ကွင်းပွဲမှာ အနိုင်ရခဲ့ရင်တော့ ဟတ်ဒါဖီးလ်က နယူး ကာဆယ်ကို အမီလိုက်နိုင်ပါပြီ။ ဒါပေမဲ့ လက်ရှိအချိန်မှာ နှစ်သင်းစလုံးရဲ့ ရလဒ်ပို်င်းက လည်း အားရစရာမရှိဘူး။ နယူးကာဆယ်က ရလဒ်ပိုင်းနည်းနည်းသာပေမယ့် သိပ်မကွာ တဲ့အသင်းတွေပါ။ ဟတ်ဒါဖီးလ်အိမ်ကွင်းလည်းဖြစ်လို့ သရေကျနိုင်တယ်။ 

စပါး နှင့် ဘန်လေ (စနေည ၉း၃၀ နာရီ)

အဓိကကစားသမား ဟာရီကိန်းကို အနားပေးထားခဲ့ပြီး အားနည်းတဲ့လူစာရင်းကို အသုံးပြုခဲ့တာတောင် လက်စတာကို အဝေးကွင်းမှာကစားခဲ့တဲ့ ခြေစွမ်း၊ ဘာစီလိုနာလို အသင်းမျိုးကို နူးကမ့်မှာ စိတ်ကြိုက်ကစားသွားခဲ့တဲ့ ခြေစွမ်း၊ ဒါတွေနဲ့အတူ စပါးအသင်းရဲ့ လက်ရှိယုံကြည်မှုက အမြင့်မားဆုံးအနေအထားမှာရှိနေတယ်။ ဘန်လေကို အိမ်ကွင်းမှာ အမှားအယွင်းမရှိ အနိုင်ယူလိမ့်မယ်။ (၃-၀)လောက်ဖြစ်မယ်။ 

ဝက်ဖို့ဒ် နှင့် ကာဒစ်ဖ် (စနေည ၉း၃၀ နာရီ)

ပွဲတွေအရမ်းကျပ်လို့ ဝက်ဖို့ဒ်က ရလဒ်ဆိုးနေတာတွေ့ရပြီး၊ ကာဒစ်ဖ်ကတော့ နောက်ဆုံး (၃)ပွဲမှာ (၉)မှတ်တောင်ရခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ ဆက်တိုက်နိုင်ပြီး အဝေးကွင်းမှာလည်း ရှုံးပွဲဆက်နေတာမျိုးပါ။ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ပွဲတွေဆက်တိုက်ကျပ် ခဲ့တဲ့ ဝက်ဖို့ဒ်က နိုင်ပွဲပြန်ရှာရတော့မယ့် အချိန်ဖြစ်ပြီး ကာဒစ်ဖ်ကလည်း အဝေးကွင်းအား နည်းတာကြောင့် ဝက်ဖို့ဒ် (၂-၁) လောက်နဲ့ နိုင်မယ်။ 

ဝုလ်ဗ် နှင့် ဘုန်းမောက် (စနေည ၉း၃၀ နာရီ)

ဘုန်းမောက်က ရှုံးပွဲတွေဆက်ခဲ့ပြီးတဲ့နောက် ဟတ်ဒါဖီးလ်ကိုကပ်နိုင်ပြီး လီဗာပူးလ်ကို ဂိုးပြတ် ပြန်ရှုံးခဲ့တာတွေ့ရတယ်။ ခြေစွမ်းအရ သိပ်အားရစရာမရှိဘူး။ ဝုလ်ဗ်ကလည်း နှစ်ပွဲဆက်နိုင်ခဲ့တယ်ဆိုပေမယ့် အသင်းကြီးတွေနဲ့ ကစားတဲ့ ပွဲတွေမှာ ပိုကောင်းတတ်ပြီး  အောက်အသင်းအချင်းချင်းကစားတဲ့ပွဲတွေမှာ ခံစစ်က အရမ်းအမှားများနေတယ်။ ဒီပွဲက ဂိုးများနိုင်တဲ့ပွဲဖြစ်ပြီး ဝုလ်ဗ် (၃-၂) လောက်နဲ့ နိုင်ဖို့ရှိတယ်။ 

ဖူလ်ဟမ် နှင့် ဝက်စ်ဟမ်း (စနေည ၁၂းဝ၀ နာရီ)

ဝက်စ်ဟမ်းက နောက်ဆုံး (၃)ပွဲဆက်အနိုင်ကစားပြီး အဆင့် (၁၁)နေရာအထိ ပြန် တက်လာတယ်။ မန်စီးတီးအသင်းကို ရှုံးခဲ့ပြီးနောက်ပိုင်း (၃)ပွဲမှာ တစ်ပွဲ (၃)ဂိုးနှုန်းသွင်းနိုင် ခဲ့ပြီး (၉)မှတ်ယူခဲ့တယ်။ ဖူလ်ဟမ်က လက်စတာကွင်းမှာ သရေတစ်မှတ်ယူခဲ့ပေမယ့် ချယ်လ်ဆီးနဲ့ မန်ယူတို့ကို ရှုံးခဲ့တယ်။ ရာနီရေးရီလက်ထက် (၄)ပွဲမှာ (၄)မှတ်ရခဲ့ပေမယ့် ဝက်စ်ဟမ်းကိုအနိုင်ကစားဖို့ မလုံလောက်ပါဘူး။ ဝက်စ်ဟမ်းပဲကြိုက်တယ်။  

 

Most Read

Most Recent