ဒဏ်ရာမုန်တိုင်းနဲ့ ပရီးမီးယားလိဂ်

ဒဏ်ရာမုန်တိုင်းနဲ့ ပရီးမီးယားလိဂ်
Photos: Getty Images
Photos: Getty Images
Published 29 May 2024
AK

ဘောလုံးပြက္ခဒိန်က တစ်ရာသီပြီးတစ်ရာသီ ကျပ်တည်းလာတာက ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာကို ပိုပြီးဆိုးရွားစေခဲ့တယ်။ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတဲ့ ကစားသမားတစ်ဦးဟာ အနည်းဆုံး ဒဏ်ရာတစ်ကြိမ်ရတယ်လို့ သိရပါတယ်။ ကစားသမားအများပြားဟာ ဒဏ်ရာတစ်ခုထက်ပိုပြီး ရခဲ့ကြပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလား ကြားဖြတ် ကျင်းပတဲ့ ၂၀၂၂-၂၃ ရာသီကထက် ပြီးခဲ့တဲ့ ၂၀၂၃ -၂၄ ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ကစားသမားဒဏ်ရာရရှိနှုန်းက ၁၁ ရာခိုင်နှုန်း မြင့်တက်လာတယ်။ တံကောက်ကြောဒဏ်ရာ ပြဿနာဟာ ၁၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်။ မန်စီးတီးက ကစားသမား ဒဏ်ရာစာရင်းအနည်းဆုံး ပရီးမီးယားလိဂ်အသင်းဖြစ်ခဲ့တယ်။ ဂွါဒီယိုလာရဲ့အလှည့်ကျ လူထုတ်ပုံကြောင့် မန်စီးတီးက ဒဏ်ရာနတ်ဆိုးနှိပ်စက်တဲ့ဒဏ် သိပ်မခံခဲ့ရတာပါပဲ။ အလှည့်ကျစနစ်ကြောင့် မန်စီးတီးကစားသမားတွေဆီကနေ အကောင်းဆုံးအရာ ပိုင်ဆိုင်ခဲ့ပါတယ်။ မန်ယူအသင်းက ကစားသမားဒဏ်ရာရရှိမှု ၄၅ ကြိမ်နဲ့အများဆုံး ဖြစ်ခဲ့ပါတယ်။ ဒုတိယနေရာမှာ ချယ်လ်ဆီး ၄၃ ကြိမ်၊ တတိယနေရာမှာ ဘရိုက်တန်နဲ့ နယူးကာဆယ် ၄၁ ကြိမ်၊ ဗီလာက ၃၉ ကြိမ်နဲ့ ပရီးမီးယားလိဂ်ရဲ့ဒဏ်ရာမင်းသားအသင်းတွေ ဖြစ်ခဲ့ပါတယ်။

 

Most Read

Most Recent