ဆွာတမံမှ ဆည်ရေတိုးခြင်းကြောင့် ရေနစ်သေဆုံးသူကျောင်းသားတစ်ဦး ထပ်မံတွေ့ရှိခဲ့ရာ သေဆုံးသူခြောက်ဦးအထိရှိခဲ့ပြီး ပျောက်ဆုံးနေသောဗိုလ်မှူးအား ပြန်လည်တွေ့ရှိခြင်းမရှိသေး

ဆွာတမံမှ ဆည်ရေတိုးခြင်းကြောင့် ရေနစ်သေဆုံးသူကျောင်းသားတစ်ဦး ထပ်မံတွေ့ရှိခဲ့ရာ သေဆုံးသူခြောက်ဦးအထိရှိခဲ့ပြီး ပျောက်ဆုံးနေသောဗိုလ်မှူးအား ပြန်လည်တွေ့ရှိခြင်းမရှိသေး
Published 15 September 2018

ဆွာတမံရေပိုလွှဲမြောင်းမြေထိန်းနံရံပြိုကျမှုဖြစ်ပွား၍ရေကြီးမှုဖြစ်ပွားခဲ့စဉ်ကကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများအား တွေ့ရစဉ်

သြဂုတ် ၂၉ ရက်က ဆွာတမံရေပိုလွှဲ မြောင်း မြေထိန်းနံရံပြိုကျမှုဖြစ်ပွား၍ ဆည် ရေတိုးခြင်းကြောင့် ရေနစ်သေဆုံးသူကျောင်း သားတစ်ဦးအား စက်တင်ဘာ ၁၄ ရက် နံ နက်ပိုင်းက ထပ်မံတွေ့ရှိခဲ့ရာ ဆည်ရေတိုး ခြင်းကြောင့် ရေနစ်သေဆုံးသူခြောက်ဦးအထိ ရှိလာခဲ့ပြီး ပျောက်ဆုံးနေသော ဗိုလ်မှူးတစ် ဦးအား ယနေ့အထိ ပြန်လည်တွေ့ရှိခြင်းမရှိ သေးကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများ ထံမှ သိရသည်။

ရေနစ်သေဆုံးသည့် ပဉ္စမတန်းကျောင်းသားအား ပြန်လည်တွေ့ရှိသည့်အခြေအနေ နှင့် ပတ်သက်ပြီး ဆွာနယ်မြေရဲစခန်းမှူး ရဲအုပ်နေလင်းအောင်က “ကောင်လေးက သူရအောင် (၁၁) နှစ်တဲ့။ အဖေနာမည် ဦးပြုံး အေး၊ ငါးတန်းကျောင်းသား၊ အေးသာယာ ကျေးရွာ ဆွာမင်းလမ်းအုပ်စုကပါ။  ဘယ်လို တွေ့တာလည်းဆိုတော့ လယ်ပိုင်ရှင်ကနေ ပြီးတော့ လယ်ကွက်ကို မြေဆီကျဲတယ်၊ မြေဆီကျဲတော့ တွေ့တာ။ သေတဲ့စာရင်းကကျွန် တော့်အပိုင်ထဲက သေတာက အဲဒီကလေးအပါ ငါးယာက်ရှိတယ်။ ကျန်တဲ့စခန်းအပိုင် ထဲကရှိသေတယ်။ ဥပမာ-ရေတာရှည်လည်း ရှိချင်ရှိမယ်၊ တောင်ငူလည်းရှိချင်ရှိမယ် ဒီလိုပေါ့။ ကျွန်တော့်အပိုင်ထဲက ပြန်တွေ့တာတော့ ငါးယောက်ရှိသွားပြီ။ ဗိုလ်မှူးအခြေအနေကတော့ လောလောဆယ်တော့ ဘာသတင်းမှ မရသေးဘူး ရှာတုန်းပဲ” ဟု ပြောကြားသည်။

ရေနစ်သေဆုံးသူအခြေအနေနှင့်ပတ်သက်ပြီး ရေတာရှည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ ပြန်ကြားရေးတာဝန်ရှိသူ ဦးမြမင်းက “ဟုတ်တယ် ဆွာဆေးရုံမှာ ရောက်သွားပြီ။ သူက အေးသာယာရွာက  ကျောင်းသားလေး။ အားလုံး ခြောက်ယောက် ဖြစ်သွားပြီပေါ့။ တစ်ယောက်က ပျောက်နေသေးတယ်။ ဒု တပ်ရင်းမှူးတစ်ယောက် ပျောက်နေတယ်”ဟု ပြောကြားသည်။

သြဂုတ် ၂၉ ရက်တွင် ဆွာဆည်ရေတိုး ခြင်းကြောင့် ရေနစ်သေဆုံးသူစာရင်းမှာ သြဂုတ်လကုန် ၃၁ ရက် စာရင်းအရ ရေနစ်သေဆုံးသူလေးဦး၊ စက်တင်ဘာ ၄ ရက်တွင် တောင် ငူမြို့နယ် မြို့သစ်စခန်းအပိုင်မှ အမျိုးသား အလောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့ရာ ရေနစ်သေဆုံးသူ စုစုပေါင်း ငါးဦးအား ကနဦးတွေ့ရှိခဲ့ကြောင်း၊ ပျောက်ဆုံးနေသူများ ဖြစ်သည့် ဆွာမြို့ ခလရ(၈၄)တပ်မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးမြတ်စံနှင့် ဆွာမြို့ အေး သာယာရွာနေ ကိုပြုံးအေး၊ မနွဲ့အေး၏ သား ဖြစ်သူ ပဉ္စမတန်းကျောင်းသား မောင်သူရအောင် ၁၁ နှစ်တို့နှစ်ဦးအနက် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် မောင် သူရအောင်၏ အလောင်းအား ရေနီကျေးရွာ ထောက်ကြံ့ ကွင်းအနီး ကွန်ကရစ်လမ်းမနှင့် ကိုက် ၁၀၀ ခန့်အကွာတွင် တောင်သူတစ်ဦးက တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးမြတ်စံအား ပြန်လည်တွေ့ရှိခြင်း မရှိသေးသဖြင့် ၎င်း၏ မိသားစုဝင်များနှင့် တာဝန်ရှိသူများက ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်အတွင်း ဆွာဆည် ရေထိုးဆင်းမှုဖြစ်ပွားခဲ့ရာတွင် လုံးဝပြိုလဲ ပျက်စီးသွားခဲ့သော အိမ်ခြေ၁၈၅ လုံးနှင့် ထိ ခိုက်ပျက်စီးခဲ့သော အိမ်ခြေ ၂၀၀ ဝန်းကျင်ခန့်ရှိခဲ့ရာ စုစုပေါင်း အိမ်ခြေ ၃၈၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၉ ရက် တွင် ဆွာတမံမှ ဆည်ရေတိုးခြင်းကြောင့် ရေတာရှည်မြို့နယ်တွင် ရေဘေးရှောင်ပြည်သူ ၄၉၃၈၂ ဦးရှိခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၄၃ ခု၊ တောင်ငူ မြို့နယ်တွင် လူဦးရေ ၂၄၆၇၂ ဦးအား ကယ် ဆယ်ရေးစခန်း ၄၄ ခု၊ အုတ်တွင်းမြို့နယ်တွင် လူဦးရေ ၁၄၆၀ ဦးအား ကယ်ဆယ်ရေးစခန်း ခုနစ်ခု၊ ကျောက်ကြီးမြို့နယ်တွင် လူဦးရေ ၄၇၃ ဦးအား ကယ်ဆယ်ရေးစခန်း ၁၂ ခုတို့ တွင် ယာယီရွှေ့ပြောင်းထားခဲ့ရကြောင်း၊ ပဲခူး တိုင်းအရှေ့ခြမ်းမှ အခြေခံပညာကျောင်း ပေါင်း ၃၅၀ ခန့်အား ယာယီပိတ်ထားခဲ့ရပြီး လယ်မြေဧကတစ်သိန်းကျော် ရေလွှမ်းမိုးခံခဲ့ ရကြောင်းသိရသည်။

Most Read

Most Recent