ပြိုင်ပွဲဝင်အသင်းများကို လစာငွေသုံးစွဲမှု ကန့်သတ်ထားကြောင်း လာလီဂါအဖွဲ့ချုပ်ကြေညာခဲ့ပြီး ဘာစီလိုနာအသင်း အများဆုံးသုံးစွဲခွင့်ရ

ပြိုင်ပွဲဝင်အသင်းများကို လစာငွေသုံးစွဲမှု ကန့်သတ်ထားကြောင်း လာလီဂါအဖွဲ့ချုပ်ကြေညာခဲ့ပြီး ဘာစီလိုနာအသင်း အများဆုံးသုံးစွဲခွင့်ရ
Published 14 September 2018

Photo: Marca

လာလီဂါအဖွဲ့ချုပ်သည် လာလီဂါပြိုင်ပွဲဝင်အသင်းများကို လစာငွေသုံးစွဲမှု ကန့်သတ်ထားကြောင်း အတည်ပြုကြေညာခဲ့ပြီး ဘာစီလိုနာအသင်းက အများဆုံးသုံးစွဲခွင့်ရသည့်အသင်းအဖြစ် ရပ်တည်ခဲ့ကြောင်း သိရှိရသည်။

လာလီဂါအဖွဲ့ချုပ်သည် အသင်းများ၏ ဝင်ငွေ၊ ထွက်ငွေနှင့် အပြောင်းအရွှေ့လှုပ်ရှား မှုများအပေါ် မူတည်၍ ကန့်သတ်မှုပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး တစ်သင်းချင်းအလိုက်အများဆုံး သုံးစွဲခွင့်ရရှိမည့် လစာနှုန်းထားကို သတ်မှတ် ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

လစာနှုန်းထားဟုဆိုသော်လည်း အပြောင်းအရွှေ့အသုံးစရိတ်နှင့် နည်းပြအဖွဲ့အတွက် သုံးစွဲရသည့် လစာများလည်း ပါဝင်ကြောင်း သိရှိရသည်။

လာလီဂါအဖွဲ့ချုပ်၏ ထုတ်ပြန်မှုအရ ဘာစီလိုနာအသင်းသည် ယူရိုသန်း(၆၀ဝ)ကျော် အသုံးပြုခွင့်ရရှိခဲ့ပြီး ရီးယဲလ်အသင်းက ယူရိုသန်း(၅၆၀)ကျော်သာ သုံးစွဲခွင့်ရရှိခဲ့ကြောင်းလည်း သိရှိရသည်။

အနည်းဆုံးသုံးစွဲခွင့်ရရှိသည့်အသင်းမှာ ဗယ်လာဒိုလစ်အသင်းဖြစ်ပြီး ထိပ်ဆုံးမှ  ဘာစီလိုနာအသင်း၏ အစွန်းထွက်ခန့်သာ သုံးစွဲခွင့်ရရှိခဲ့သည်။

ဘာစီလိုနာအသင်းသည် အဓိကပြိုင်ဘက် ရီးယဲလ်အသင်းထက်ပင် ယူရိုသန်း(၆၀)ကျော် ပိုမိုသုံးစွဲခွင့်ရခဲ့ကြောင်းလည်း သိရသည်။

လာလီဂါတွင် လစာငွေအများဆုံး သုံးစွဲခွင့်ရရှိသည့် အသင်း(၅)သင်း

အသင်း                            လစာငွေ(ယူရို)

ဘာစီလိုနာ                    ၆၃၂.၉၇ သန်း

ရီးယဲလ်                         ၅၆၆.၅၃ သန်း

အက်သလက်တီကို     ၂၉၃.ဝ၀ သန်း

ဗလင်စီယာ                  ၁၆၄.၆၈ သန်း

ဆီဗီလာ                       ၁၆၂.၇၈ သန်း

Most Read

Most Recent