ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ် နိုင်ရမည် သို့မဟုတ် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးရမည်ဟု တောင်းဆိုမှုမရှိဟု ချယ်လ်ဆီးနည်းပြ ဆို

ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ် နိုင်ရမည် သို့မဟုတ် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးရမည်ဟု တောင်းဆိုမှုမရှိဟု ချယ်လ်ဆီးနည်းပြ ဆို
Photo: Getty Images
Photo: Getty Images
Published 29 August 2024

 

ချယ်လ်ဆီးနည်းပြ မာရက်စကာက ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုစိန်ခေါ် နိုင်ရမည်သို့မဟုတ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်း ဆောင်ပေးရမည်ဟု တောင်းဆိုမှုမရှိကြောင်း ပြောကြားခဲ့သည်။ 

နည်းပြ မာရက်စကာနှင့်အတူ ၂၀၂၄-၂၅ ရာသီကို စတင်နေသည့် ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင်မန်စီးတီးအသင်း ကို (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ပွဲစဉ် (၂)တွင် ဝုလ်ဗ်ကို (၆-၂)ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

ချယ်လ်ဆီးအသင်း သည် ဝုလ်ဗ်အားအနိုင်ရသည့်ပွဲတွင် ဆွဲဆောင်မှုရှိသည့် တိုက်စစ်ကစားဟန်ကို ပြသနိုင်ခဲ့ပြီး ဘောလုံးဝေဖန်သူများ၏ချီးကျူးခြင်းကိုခံခဲ့ရသည်။ သို့သော် ချယ်လ်ဆီးနည်းပြ မာရက်စကာက မိမိအနေဖြင့် ရာသီသစ်အစတွင် ရည်မှန်းချက်မထားလိုသေးကြောင်းနှင့် ယင်းအတွက် ဖိအားမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"လောလောဆယ်မှာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ကစားသမားတွေတိုးတက်ဖို့ပါပဲ။ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ် နိုင်ရမယ် ဒါမှမဟုတ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ အောင် စွမ်းဆောင်ပေးရမယ်လို့ ကျွန်တော့်ကို အသင်းမှာရှိတဲ့ ဘယ်သူမှ တောင်းဆိုမထားပါဘူး။ အသင်းနဲ့ကစားသမားတွေကို တိုးတက်အောင်လုပ်ပေးဖို့ပဲ တောင်းဆိုထားတာပါ။ အရေးကြီးဆုံးက တစ်ပွဲထက်တစ်ပွဲ ပိုကောင်းဖို့ပါပဲ"ဟု ၎င်းကဆိုခဲ့သည်။

Most Read

Most Recent