ဖခင်၏ နိုင်ငံရေးအမွေကိုဆက်ခံသူ သို့မဟုတ် ပယ်ထုံထန်ရှင်နာဝပ်

ဖခင်၏ နိုင်ငံရေးအမွေကိုဆက်ခံသူ သို့မဟုတ် ပယ်ထုံထန်ရှင်နာဝပ်
Published 18 August 2024
ဖြိုးဟိန်းကျော်

ပယ်ထုံထန်ရှင်နာဝပ်အား ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ််အဖြစ် ရွေးချယ်တင်မြှောက်မှု သည် ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုအတွင်း ဖြုတ်ချခံခဲ့ရသော ၎င်း၏ဖခင်ဖြစ်သူ ဘီလျံနာဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် တည်ထောင်ခဲ့သည့် နိုင်ငံရေးမျိုးဆက်အတွက် အ့ံမခန်းလောက်သည့် တစ်ကျော့ပြန်လာမှုဖြစ်သည်။

မိသားစုပိုင် ဟိုတယ်လုပ်ငန်းတစ်ခုတွင် အမှုဆောင်အဖြစ် လုပ်ကိုင်ခဲ့သည့် ၃၇ နှစ်အရွယ် ပယ်ထုံထန်သည် ဝန်ကြီးချုပ်ရာထူးကို ရယူနိုင်သည့် တတိယမြောက် ရှင်နာဝပ် မိသားစုဝင်ဖြစ်လာခဲ့ပြီး ထိုင်းနိုင်ငံ၏ အသက် အငယ်ဆုံး ဝန်ကြီးချုပ်လည်းဖြစ်သည်။ သက်ဆင်၏ ညီမဖြစ်သူ ယင်လက်ရှင်နာဝပ်သည် ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ သက်ဆင်၏ ယောက်ဖ ဖြစ်သူ ဆွန်ချိုင်းဝေါင်ဆာဝပ်သည်လည်း ၂၀၀၈ ခုနှစ်က ဝန်ကြီးချုပ်အဖြစ် ခေတ္တ တာဝန်ယူခဲ့သည်။

သက်ဆင်သည် ရွေးကောက်ပွဲသုံးကြိမ် တွင် အလွယ်တကူအနိုင်ရခဲ့သည့် အလွန်လူ ကြိုက်များသော နိုင်ငံရေးသမားတစ်ဦး ဖြစ်ခဲ့သော်လည်း သက်ဆင်၏ အများကြိုက်မူဝါဒများသည် ၎င်းတို့၏ဂုဏ်ဒြပ်နှင့် ထိုင်းနိုင်ငံ၏ အထင်ကရ ၀ိသေသလက္ခဏာဖြစ်သော ဘု ရင်စနစ်၏ဂုဏ်ဒြပ်ကိုပါ ခြိမ်းခြောက်လာပုံရ သည့်အပေါ် ထိုင်းနိုင်ငံ၏ ဘုရင်စနစ်ထောက် ခံသည့် သြဇာရှိရှေးရိုးဝါဒီ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်ခဲ့သည်။ သို့ဖြင့် လအတန်ကြာဖြစ် ပွားခဲ့သည့် ဆန္ဒပြပွဲများသည် သက်ဆင်နှင့် ယင်လက်တို့အား ရာထူးမှပြုတ်ကျစေပြီး ပြည်ပြေးအဖြစ် ရောက်ရှိစေရန် တွန်းပို့ခဲ့ သည်။

ယမန်နှစ်တွင်မူ သက်ဆင်သည် ၎င်းအားအစဉ်တစိုက် ထောက်ခံခဲ့သူများ၏ ထောက်ခံအားပေးမှုကို အထိခိုက်ခံလျက် ရန်သူတော်ဟောင်း ရှေးရိုးစွဲဝါဒီများနှင့် သ ဘောတူညီမှုတစ်ရပ် ရယူခဲ့သည်။ ထိုသဘော တူညီချက်ကြောင့်ပင် သက်ဆင်သည် ပြည်တော်ပြန်နိုင်ခဲ့ပြီး သူ၏ပါတီသည်လည်း ရွေး ကောက်ပွဲတွင် မဲအများဆုံးရခဲ့သည့် တိုးတက် ပြောင်းလဲရေးဝါဒီ Move Forward ပါတီကို ဘေးဖယ်၍ အစိုးရသစ်ဖွဲ့နိုင်ခဲ့သည်။ သြဇာ ရှိ ရှေးရိုးဝါဒီအသိုင်းအဝိုင်းက move forward ပါတီအား ပိုမိုကြီးမားသော ခြိမ်း ခြောက်မှုအဖြစ် ရှုမြင်ထားသည်။

ပယ်ထုံထန်သည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ၎င်း၏ဖခင် ကျောထောက်နောက်ခံပေး ထားသော ဖြူထိုင်းပါတီအတွက် မဲဆွယ်စဉ် က ၎င်း၏မိသားစုနှင့် ပတ်သက်ဆက်နွှယ်မှုကို ဝန်ခံပြောဆိုခဲ့သော်လည်း ၎င်းသည်ဖခင်၏ကိုယ်စားလှယ်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ “ကျွန်မဖေဖေရဲ့ လောင်း ရိပ်အောက်မှာ ရှိမနေပါဘူး။ ကျွန်မက အမြဲ ထာဝရ ဖေဖေ့ရဲ့သမီးပါပဲ။ ဒါပေမဲ့ ကျွန်မက ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချတဲ့့သူပါ” ဟု သတင်းထောက်တစ်ဦးကို ပြောကြားခဲ့ဖူး သည်။

သို့သော် ၎င်းင်းအာဏာရလာချိန်တွင် နိုင်င့ံစီးပွားရေး အရှိန်အဟုန်လျော့ကျနေခြင်း ကို ပြန်လည်မြှင့်တင်ရန် ခရီးသွားဝင်ရောက်မှု နှင့်ပတ်သက်သည့် စည်းမျဉ်းများကိုဖြေ လျှော့ခြင်းအပါအဝင် အစီအမံများကဲ့သို့၎င်း ၏ပါတီ သို့မဟုတ် ဖခင်ဖြစ်သူကထောက်ခံ သော မူဝါဒများနှင့် မတူကွဲပြားသည့် ကိုယ် ပိုင်စိတ်ကူးစိတ်သန်းများဖြင့် ဖောက်ထွက်ပြ မည့် အရိပ်အယောင်များ မတွေ့ရသေးပေ။

ထို့အတူ ၎င်းင်းမိသားစု၏ ရန်သူတော်များ နှင့်လည်း အလုံးစုံကျေကျေလည်လည် မဖြစ် သေးပေ။ ယင်လက်သည် ပြည်ပ၌ပင်ဆက် လက်နေထိုင်ဆဲဖြစ်ပြီး ဥပဒေကြောင်းဆိုင်ရာ ပြဿနာများရှိနေသည့်အတွက် ထိုင်းသို့ပြန် လာမည်ဆိုလျှင် ထောင်ဒဏ်ကျခံရဖွယ်ရှိ သည်။ သက်ဆင်သည်လည်း ဥပဒေကြောင်း အရ စိန်ခေါ်မှုအချို့နှင့် ရင်ဆိုင်နေရဆဲဖြစ် သည်။

          သို့သော် ပယ်ထုံထန်သည် ယမန်နှစ်က မဲဆွယ်စည်းရုံးမှုများ ပြုလုပ်စဉ်အတွင်း ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုနှင့် မျှဝေခံစားမှုတို့ကို ထုတ်ဖော်ပြသခဲ့သည်။ သူ၏ဒုတိယမြောက် ရင်သွေးအား ကိုယ်ဝန်လွယ်ထားရချိန်၌ပင် နိုင်ငံတစ်ဝန်း လှည့်လည်သွားလာ၍ မဲဆွယ် စည်းရုံးဟောပြောမှုများပြုလုပ်ခဲ့ကာ ရွေး ကောက်ပွဲမတိုင်မီ သီတင်းနှစ်ပတ်နီးပါးအလို တွင် ဒုတိယရင်သွေးအား မွေးဖွားခဲ့သည်။

          အွန်အင်းဟုလည်း လူသိများသည့် ပယ် ထုံထန်သည် သက်ဆင်၏ သားသမီးသုံးဦးအ နက်အငယ်ဆုံးဖြစ်ကာ ဖခင်၏အမွေကိုဆက် ခံရန် ရွေးချယ်ခံရသူဖြစ်လာသည်မှာ သိသာ ထင်ရှားနေသည်။ ဖြူထိုင်းပါတီက ၎င်းင်းအား ပါတီ၏ အကြံပေးကော်မတီတစ်ခု၌ ခေါင်း ဆောင်အဖြစ်ခန့်အပ်ခဲ့သည့် ၂၀၂၁ ခုနှစ် တွင် နိုင်ငံရေးလောကထဲသို့ လူသိရှင်ကြားဝင် ရောက်လာခဲ့သည်။

          ထိုစဉ်က နိုင်ငံရေးသမားတစ်ဦး သို့မ ဟုတ် ဝန်ကြီးချုပ်လောင်းတစ်ဦး ဖြစ်လာမည် လောဟု သတင်းထောက်များက မေးမြန်းခဲ့ရာ တွင် ပယ်ထုံထန်က “နိုင်ငံရေးသမားလုပ်ရ တာထက် အကြံပေးလုပ်ရတာက ပိုပြီးဘေး ကင်းတယ်လို့ ကျွန်မခံစားမိတယ်။ ကျွန်မရဲ့ ပရောဂျက်ကို အောင်မြင်အောင်လုပ်ချင်ပါ တယ်။ တခြားကိစ္စတွေအတွက်တော့ ကျွန်မ အသင့်မဖြစ်သေးပါဘူး” ဟု ပြန်လည်ဖြေ ကြားခဲ့သည်။

          သို့သော် နိုင်ငံရေးစောင့်ကြည့်လေ့လာ သူများကမူ အနာဂတ်ဖြစ်နိုင်ခြေကို ကြိုတင် သုံးသပ်နိုင်ခဲ့သည်။

          ပယ်ထုံထန်အား ဝန်ကြီးချုပ်အဖြစ်ခန့် အပ်ခြင်းသည် ဖြူထိုင်းပါတီတွင်း၌ သက်ဆင် ၏ သြဇာအရှိန်အဝါကြီးမားဆဲဖြစ်ပြီး အဓိက ဆုံးဖြတ်ချက်ချသူအဖြစ် ဆက်ရှိနေသည်ကို ပြသရာရောက်သည်ဟု ဘန်ကောက်မြို့ရှိ ဗျျကာစအငသည တက္ကသိုလ်မှ ဥပဒေဘာသာရပ် ဆိုင်ရာ တွဲဖက်ပါမောက္ခ ကိုဝစ်ဝေါင်ဆူရာ ဝပ်ထ်က သုံးသပ်သည်။

          “အရင်တုန်းက သက်ဆင်ဟာ သူ့မိသား စုဝင်မဟုတ်တဲ့သူတွေကို ပါတီကိုဦးဆောင် စေခဲ့ပေမဲ့ ပိုပြီးတိုးတက်လာတာမျိုးတွေ လုံး ဝမရှိခဲ့တဲ့ပုံပါပဲ။ သက်ဆင်က သူ့သမီးကို အဲ့ ဒီတာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုခဲ့တာကို ကျွန် တော်မအံ့သြပါဘူး။ သူတကယ်ယုံကြည်လို့ ရတဲ့ သူတစ်ယောက်ကို ရှာတွေ့ဖို့ကမလွယ် ကူပါဘူး” ဟု ၎င်းင်းက ဆိုသည်။ ၂၀၂၂ ခုနှစ် နှောင်းပိုင်းက ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ အတွက်ပြင်ဆင်မှုများ လုပ်ဆောင်စဉ်က ပယ်ထုံထန်သည် ဝန်ကြီးချုပ်လောင်းတစ်ဦး ကဲ့သို့မဲဆွယ်ဟောပြောကာ သူ၏ပုံရိပ်ကို မြှင့်တင်ခဲ့သည်။ ရွေးကောက်ပွဲမတိုင်မီတွင် ဖြူထိုင်းပါတီက တရားဝင်အဆိုပြုခဲ့သည့် ဝန်ကြီးချုပ်လောင်း သုံးဦးထဲတွင်လည်း ၎င်းင်း အားထည့်သွင်းခဲ့သည်။

          “နောက်လေးနှစ်ဆိုရင် ကျွန်မတို့နိုင်ငံ ပြန်ဦးမော့လာပြီး ဂုဏ်သိက္ခာတွေ၊ ကြီးမြတ် မှုတွေကိုပြန်ပြီး ဆောင်ကြည့်နိုင်ပါလိမ့်မယ်။ လေးလေးနက်နက်တွေးပြီး ထက်ထက်မြက် မြက်လုပ်ဆောင်ခြင်းက ကျွန်မတို့နိုင်ငံကို ပြန်တည်ဆောက်ဖို့နဲ့ ပြည်သူတွေရဲ့ လူမှုဘဝ တွေကိုမြှင့်တင်ဖို့အတွက် မယုံနိုင်လောက် အောင် အထောက်အကူပြုပါလိမ့်မယ်။ နိုင်ငံ ရေးတည်ငြိမ်မှုကသာ ကျွန်မတို့ကိုအထောက် အကူပေးပါလိမ့်မယ်” ဟု ပယ်ထုံထန်က ဆို သည်။ အနည်းဆုံး လုပ်ခလစာကိုနှစ်ဆတိုး မြှင့်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ခံစားခွင့်များ တိုးမြှင့်ရေးနှင့် မြို့တော်ဘန် ကောက်၌ အများပြည်သူသယ်ယူပို့ဆောင် ရေးစနစ်များ အခကြေးငွေလျှော့ချရေးအပါ အဝင် သာမန်ပြည်သူများအတွက် အကျိုးရှိ စေမည့် အဆိုပြုချက်များကိုလည်း ၎င်းင်းကချ ပြခဲ့သည်။ “ကျွန်မတို့လုပ်ရမှာက နိုင်ငံရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကို ပြောင်းလဲဖို့ အတူလက်တွဲလုပ်ဆောင်ဖို့ပါပဲ” ဟု ပယ်ထုံ ထန်က ပြောကြားခဲ့သည်။

          သူသည် ဖခင်ဖြစ်သူထံမှလေ့လာသင် ယူခဲ့သည်ဟု အကဲခတ်များကယူဆထား သည်။ “သူဟာ အဓိကအခြေခံဖြစ်တဲ့ မဲဆန္ဒ ရှင်တွေနဲ့ ထိတွေ့ဆက်ဆံတယ်။ ပြီးတော့ လှည့်လည်ပြီး မဲဆွယ်စည်းရုံးတာတွေ၊ မဲဆန္ဒ ရှင်တွေနဲ့ ထိတွေ့ဆက်ဆံတာတွေ၊ လူအုပ် ကြီးရဲ့ရှေ့မှာဟောပြောတာတွေမှာ သူ့ဖခင် ရဲ့ပါရမီတချို့ကို ဆက်ခံထားတယ်လို့ ယူဆမိ ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာတောင် မဲ ဆွယ်စည်းရုံးတာတွေကို ဆက်လုပ်ခဲ့တယ်” ဟု ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာရပ်ဆိုင် ရာ ပါမောက္ခ သီတီနန်ပေါင်ဆူဒီရက်ခ်က သုံးသပ်သည်။ “သူဟာ ဝန်ကြီးချုပ်ဖြစ်လာဖို့ ကျိန်းသေပေါက် အလားအလာရှိသူဖြစ် တယ်” ဟုလည်း ၎င်းင်းက ပြောဆိုခဲ့ဖူးသည်။

          သက်ဆင်သည် သူ၏ ကြွယ်ဝချမ်းသာမှု နှင့် ထင်ပေါ်ကျော်ကြားမှုကြောင့် ထိုင်းနိုင်ငံ ၏ ထိပ်တန်းနိုင်ငံရေးသမားတစ်ဦးအဖြစ် ဆက်ရှိနေသည့်တိုင် အချိန်ကြာညောင်းလာ သည့်နှင့်အမျှ သူ၏သြဇာအရှိန်အဝါသည် လည်း အနည်းနှင့်အများဆိုသလို ကျဆင်း လာခဲ့သည်။ ယမန်နှစ် အထွေထွေရွေး ကောက်ပွဲတွင် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိသော ဖြူထိုင်းပါတီသည် မဲအများဆုံးရယူ နိုင်ခဲ့ခြင်းမရှိဘဲ တိုးတက်ပြောင်းလဲရေး မူဝါဒ များဖြင့် လူငယ်မဲဆန္ဒရှင်များကို စည်းရုံးနိုင်ခဲ့ သည့် move forward ပါတီက မဲအများဆုံး ရရှိခဲ့သည်။ သို့သော်နောက်ကွယ်၌ သက်ဆင် သည် တစ်ချိန်က၎င်းင်းအားဖြုတ်ချခဲ့သည့် ရှေး ရိုးစွဲအင်အားစုများနှင့် အပေးအယူလုပ်ကာ ထိုင်းသို့ပြန်လာခွင့်ရအောင် လုပ်ဆောင်ခဲ့ပြီး သြလန င်္သမတမေိ ပါတီကိုဖယ်ထုတ်ကာ ဖြူ ထိုင်းပါတီအား ညွန့်ပေါင်းအစိုးရသစ်၏ ဦး ဆောင်သူဖြစ်လာစေရန် စီစဉ်လုပ်ဆောင်ခဲ့ သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ 

          ယမန်နှစ်သြဂုတ်လတွင် သက်ဆင် ထိုင်းသို့ပြန်ရောက်လာစဉ်က ၎င်းင်း၏သမီး ဖြစ်သူ ပယ်ထုံထန်သည် ၎င်းင်းနှင့်အတူ လူမြင် ကွင်း၌ထွက်ပေါ်လာသည့် မိသားစုဝင်များအ နက် အထင်ရှားဆုံးဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် အာဏာရဖြူထိုင်း ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီး နောက် ပယ်ထုံထန်သည် နိုင်ငံရေးလောက တွင် အခိုင်အမာနေရာယူလာနိုင်ခဲ့သည်။ ယင်းသည် ဖြူထိုင်းပါတီအပေါ် ရှင်နာဝပ်မိ သားစု၏ ပေါ်ပေါ်ထင်ထင် လွှမ်းမိုးချုပ်ကိုင် ထားမှုကိုထပ်မံပြသခဲ့ခြင်းဖြစ်ပြီး အနာဂတ် တွင် ဝန်ကြီးချုပ်နေရာအတွက် ကြိုးပမ်းလာ ရန်သေချာသလောက်နီးနီး ရှိနေသည်ကို ညွှန်းဆိုခဲ့သည်။ လက်ရှိတွင်မူ ထိုအခွင့်အ ရေးသည် အချိန်ကြာကြာမစောင့်လိုက်ရဘဲ လျင်လျင်မြန်မြန် ရောက်ရှိလာသည်ဟု ဆိုရ ပေလိမ့်မည်။                          

                             Ref: AP

Most Read

Most Recent