တိုက်ပွဲများနှင့် စစ်ရှောင်များ၏ ဝေ၀ါးနေသည့်အနာဂတ်

တိုက်ပွဲများနှင့် စစ်ရှောင်များ၏ ဝေ၀ါးနေသည့်အနာဂတ်
Published 14 July 2024
စိုင်းထွန်း(လားရှိုး)

ဒီမြို့လေးကနေ စွန့်ခွာဖို့၊ ဒီမြို့လေးကို ထားရစ်ခဲ့ဖို့ ကျွန်တော်တို့ ဘယ်တုန်းကမှ မတွေးမိခဲ့။ ကျွန်တော်တို့အတွက် ထင်မှတ်မထားခဲ့သည့် အရာကို အခုတော့ လက်တွေ့ခံစား ကြရတော့သည်။ ဘဝတစ်လျှောက်လုံး မကြုံခဲ့ဖူးသည့် အတွေ့အကြုံများ၊ အဖြစ်အပျက်များကို ရင်ဆိုင် ကြုံတွေ့ခဲ့ကြရသည် မဟုတ်လား။

ဇူလိုင်လ ပထမပတ်မှ စတင်ခဲ့ သည့် လားရှိုးမြို့အနီးတစ်ဝိုက်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲဖြစ်စဉ် များကြောင့် ဒေသခံအများစုသည် နီးစပ်ရာကျေးရွာများနှင့် အခြားမြို့ များသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရ သည်။ သာမန်အားဖြင့် မြို့အနီး ဝန်း ကျင်တွင် တိုက်ပွဲများ ဖြစ်ပွားနေရုံမျှ နှင့် မြို့နေဒေသခံများအနေဖြင့် အခြားမြို့များသို့ ထွက်ပြေးတိမ်းရှောင် နေစရာမလိုသော်လည်း မြို့တွင်းသို့ လားရာမသိ၊ ဦးတည်ရာမရှိ ကျရောက် လာတတ်သည့် ရှော့တိုက်ဒုံး များ ကြောင့် မိမိတို့အသက်ဘေးလုံခြုံရာ သို့ ပြောင်းရွှေ့နေကြရခြင်းဖြစ်သည်။

မြို့အနီးဖြစ်ပွားသော တိုက်ပွဲ ဖြစ်စဉ်များသည် တစ်ရက်ထက် တစ်ရက် ပို၍ဆိုးလာသည်။ တစ်နေ့ ထက် တစ်နေ့ လက်နက်ကြီးသံ ပို၍ ကြားနေကြရသည်။ မနက်ရောက် လျှင် ညရောက်မှာ ကြောက်နေရ သည်။ ညရောက်ပြန်လျှင်လည်း နေ့ ရောက်မှာ ကြောက်နေရပြန်သည်။ ဘယ်အချိန် ဘယ်နေရာကမှ စိတ်ချ လုံခြုံမှု မရှိတော့ချေ။

အိမ်မှ လှမ်းလို့မြင်နေရသည့် မြို့၏အရှေ့တောင်ဘက် ယွန်းယွန်း သည် မြို့အနီးတိုက်ပွဲဖြစ်စဉ်များ အတွင်း အပြင်းထန်ဆုံး ဖြစ်ချေလိမ့် မည်။ လက်နက်ကြီးသံသည် ငါးမိနစ် တစ်ကြိမ်ခန့်ကြားကြရသည်။ လက် နက်ကြီးများ အပြန်အလှန် ပစ်ခတ် နေသံများသည် ကိုယ့်ဦးခေါင်းထက် က ဖြတ်သန်းသွားသည့်အလား ခံ စားနေရသည်။ လက်နက်ငယ် ပစ် ခတ်နေမှုကြားတိုင်း စိတ်လုံခြုံမှုအား နည်းရသည်။ တိုက်ပွဲသည် အနား ရောက်လာပြီဆိုသည့် သဘော ဖြစ် သဖြင့် လက်နက်ငယ် ပစ်ခတ်သံ ကြားမိတိုင်း သွေးပျက်ကြရသည်။ လက်နက်ကိုင်အဖွဲ့များ မြို့တွင်းသို့ ရောက်လာပါက ပြေးစရာ၊ နေစရာ စဉ်းစားကြရတော့မည်။ ကျည်လွတ် ရာနှင့် လက်နက်ကြီး ပစ်ခတ်မှုလွတ် ရာ အန္တရာယ်အကင်းဆုံးဟု ထင် နိုင်ရသည့်နေရာသို့ ပြောင်းရွှေ့ကြရ တော့မည်။

လားရှိုးမြို့တွင်းမှကြည့်လျှင် မန်အိုင်တောင်ကုန်းပေါ်သို့ လက် နက်ကြီးလက်နက်ငယ်ပစ်ခတ်သံ ကျရောက်သံတွေ အတိုင်းသားတွေ့ မြင်ကြားနေရသည်။ လေယာဉ်ပျံ ဝဲလာသံကြားလျှင် ပစ်ခတ်သံတွေ တိတ်သွားပြန်သည်။ ခဏအကြာ တွင် လက်နက်ကြီးသံ အကျယ်ကြီး ကြားရပြန်သည်။ မီးခိုးလုံးကြီးတွေ အလုံးလိုက် တက်လာသည်ကို မြင်ကြရသည်။

ညပိုင်းရောက်လျှင် တဒက် ဒက်နှင့် လက်နက်ငယ်သံတွေ မြို့ ပတ်လည်က ကြားကြရသည်။ အ ထူးသဖြင့် လားရှိုးမြို့၏ အရှေ့ဘက် နှင့် အရှေ့တောင်ဘက် မန်အိုင်တောင် ကုန်းဘက်တွင် အများဆုံးကြားကြ ရသည်။ တစ်ခါတစ်ခါ ရွှီးခနဲအသံ နှင့် အတူ ဝုန်းခနဲ အသံကို ကြားကြရ သည်။ ခဏအကြာတွင် ထိုလက် နက်ကြီး ကျရောက်သည့်နေရာတွင် မီးခိုးလုံးနှင့်မီးတောက်များ ဟုန်း ဟုန်းထကာ မီးလောင်နေသည်ကို အဝေးက လှမ်း၍မြင်ရသည်။

ထိုတစ်ည မိုးကတစိမ့်စိမ့်ကျ နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လို့နေသည်။ မြို့တစ်ခွင် လုံးလည်း မှောင်လို့မည်းနေသည်။ ဆိုလာမီးရသည့် နေရာလောက်သာ မလင်းတစ်လှည့် လင်းတစ်လှည့် အ လင်းရောင်ကို အဝေးကလှမ်းလို့ မြင်ရသည်။ အိပ်ပျက်ရသည့် ညများ သည် ရက်ဆက်လာပြီဖြစ်သဖြင့် မိုးအေးအေးဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခိုက် ဝုန်းဆိုသောအသံ ကြီး ကြားသဖြင့် လှန့်နိုးလာသည်။ အိမ်အပြင်သို့ ထွက်ကြည့်လိုက် တော့ မြို့၏အရှေ့တောင်ဘက် ယွန်းယွန်း တောင်ကုန်းပေါ်တွင် မီး တောက်များထနေသည်ကို မြင် လိုက်ရသည်။ အချိန်အနည်းငယ် အကြာတွင် လက်နက်ငယ် ပစ်ခတ် သံများ ဆက်တိုက်ဆိုသလို ကြားကြ ရတော့သည်။ လက်နက်ကြီးသံများ လည်း ဆက်တိုက်ဆိုသလို ကြားကြ ရပြန်သည်။ မိုးထဲလေထဲ ပစ်ခတ်သံ တွေ ခပ်စိပ်စိပ်ကြားရသည်။

မြို့အနီး တိုက်ပွဲများ ဖြစ်ပွား နေသည်မှာ ရက်သတ္တပတ် ခန့်ကြာ လာပြီဖြစ်သဖြင့် စိတ်ပင်ပန်း၊ လူပင် ပန်းရှိလာသည်။ အိပ်မပျေ ာ်သည့် နေ့ တွေဆက်တိုက်ဖြစ်လာကြသဖြင့် ဒေသခံများကိုကြည့်လျှင် စိုးရိမ်ပူပန် နေရပုံ မြင်နေရသည်။ ကျွန်တော်တို့ အားတင်းထားကြရသည်။ ရှော့ တိုက်ဒုံး များနှင့် လက်နက်ကြီးများ မိမိအိမ်၊ မိမိဝန်းကျင်အပေါ်  မကျ ရောက်လာဖို့ အချိန်တိုင်း ဆုတောင်း နေကြရသည်။

မြို့အနီးဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲဖြစ်စဉ်များအတွင်း ရှော့ တိုက်ဒုံး ကျရောက်မှုများကြောင့် ဒေသခံပြည်သူ အများအပြား သေ ဆုံးကြရသည်။ နေအိမ်အဆောက် အအုံများ မီးလောင်ဆုံးရှုံး ကြရ သည်။ ဒေသခံအများစု နေရပ်စွန့်ခွာ ခဲ့ကြရသည်။

“ရှော့တိုက်ဒုံးတွေက တစ်လုံး ပြီးတစ်လုံး ဦးတည်ရာမရှိ ကျနေ တယ်။ ရှော့တိုက်ဒုံးကျလို့ သေဆုံးရ တဲ့ ဒေသခံပြည်သူတွေ များလာတယ်။ မြို့တွင်းမှာနေရတာ လုံခြုံမှုမရှိတော့ ဘူးလို့ ကျွန်တော်တို့ခံစားလာရ တယ်။ ရှော့တိုက်ဒုံးတွေက ဦးတည် ရာမရှိဘူး။ သူကျချင်တဲ့နေရာမှာ ကျတယ်။ ပထမနေ့ ဗျူဟာလမ်း အ နီးမှာ ရှော့တိုက်ဒုံးကျပြီး နေအိမ် တစ်အိမ်တည်းက မိသားစုဝင် ခြောက်ဦး သေဆုံးသွားတယ်။ အဲဒီ နောက်ပိုင်း ရှော့တိုက်ဒုံး ပစ်ခတ်မှု တွေကြောင့် သေဆုံးရတဲ့ ဒေသခံ ပြည်သူတွေ များလာတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စိတ်လုံခြုံမှု၊ အသက်လုံခြုံမှုမရှိတော့တဲ့ နေရာ ကနေ စွန့်ခွာကြဖို့ ဆုံးဖြတ်ကြရ တော့တယ်”ဟု လားရှိုးမြို့တွင် နေ ထိုင်သူတစ်ဦးက ဆိုသည်။

လားရှိုးမြို့ဒေသခံများ အနေ ဖြင့် ဇူလိုင် ၅ ရက်နေ့မှ စတင်ကာ မြို့မှ စွန့်ခွာသူ အများအပြား ဖြစ် လာသည်။ လားရှိုးမှ မန္တလေးဘက် သို့ ဦးတည်သည့် မော်တော်ယာဉ် တန်းသည် ရှည်လျားလွန်းလှသည်။ မြို့တွင်းမှ မြို့ပြင်ဂိတ်ပေါက်ထိ ခြောက်မိုင်ခန့်သာကွာဝေးသည့် အကွာအဝေးအတွင်း ယာဉ်ကြော များ ပိတ်ဆို့ခဲ့ပြီး ထိုအကွာအဝေး အတွင်း ယာဉ်မောင်းချိန်သည် လေး နာရီခန့်အထိ ကြာမြင့်ခဲ့သည်။

“ကျွန်တော်လားရှိုးမြို့ကနေ မနက် ၆ နာရီကတည်းက တန်းစီပြီး ထွက်လာတာ။ မယ်ဟန်ဂိတ်ကို ၁၀ နာရီကျော်မှဖြတ်ရတယ်။ ကျွန်တော် တို့ လားရှိုးမြို့မှာ ဒီလောက်အထိ မော်တော်ယာဉ်တွေများနေမှန်း ထင်တောင်မထင်ဘူး။ တစ်ရက်တစ် ရက် လားရှိုးကနေထွက်ခွာတဲ့ ယာဉ် အစီးရေ တစ်ထောင်ကျော်လောက် အထိတောင် ရှိမယ်ထင်တယ်” ဟု လားရှိုးမြို့မှ ထွက်ခွာလာသူ ကိုစိုင်း က ပြောသည်။

အချို့မှာ လားရှိုးမှ တောင်ကြီး၊ မန္တလေးအထိ ဆိုင်ကယ်ဖြင့် တော လမ်းအတိုင်း ထွက်ခွာခဲ့ကြသည်။ အချို့မှာ မိခင်အိုက ိုလည်းကောင်း၊ သားငယ် သမီးငယ်လေးကို ပွေ့ချီ၍ လည်းကောင်း ဆိုင်ကယ်ဖြင့် ကြမ်း တမ်းေ သာတောလမ်းကိုဖြတ်သန်း ပြီး ခရီးနှင်ကြသည်ကို တွေ့ကြရ သည်။  

“ဒီလောက ်ခက်ခဲကြမ်းတမ်းတဲ့ လမ်းကို ဖြတ်သန်းမောင်းနှင်ပြီး ခရီးနှင်ခဲ့ရမယ်လို့ တစ်သက်နဲ့ တစ်ကိုယ် တွေးတောင်မတွေးခဲ့ဖူးဘူး။ ဆိုင်ကယ်တွေတောထဲမှာ ထားခဲ့ရ ပြီလားလို့တောင် စိတ်ကထင်တာ။ မိုးကရွာ ဗွက်တောကထူ အခက်အခဲကတော့ ပြောလို့မကုန်အောင် ကြုံခဲ့ ရတယ်။ တောထဲမှာ ညအိပ်ခဲ့ကြ ရတယ်။ ထမင်းလည်း ငတ်ခဲ့တယ်။ အရင်တုန်းက လားရှိုး-နမ့်လန် ခရီး ကို သုံးနာရီလောက် ကားမောင်းရင် ရောက်တဲ့ခရီးကို အခုတော့ တစ်ရက်နဲ့ တစ်ညတောလမ်း ခရီးကြမ်း မောင်းပြီးမှရောက်တယ်။ တောထဲ မှာ လူပြတ်တော့၊ ကိုယ်ကလည်း မရောက်ဖူးတော့ လမ်းမှာတွေ့တဲ့ လူ တွေ ခရီးသည်တွေကို မိတ်ဖွဲ့ပြီး စမ်း တဝါးဝါးနဲ့ ခရီးဆက်ကြရတယ်။ ဘယ်သူကမှ လမ်းကို အသေအချာ မသိကြဘူး။ လမ်းမှာ ဖုန်းလိုင်းမမိဘူး။ အင်တာနက်မရဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဖေးမ ကူညီရင်း ခရီးဆက်လာခဲ့ကြရတယ်ဟု စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ကိုညီ က ပြောသည်။

လားရှိုးမြို့မှ ထွက်ခွာလာခဲ့ကြ သည့် စစ်ဘေးရှောင်များအဖို့ နေ ပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ များ ဘက်သို့ ထွက်ခွာလိုပါက ထွက်လမ်း နှစ်လမ်းရှိပြီး လားရှိုးမှ စဥ့်အင် ချောင်းကို ဖောင်ဖြင့်ဖြတ်ကူးကာ သွားသည့်လမ်း၊ လားရှိုး-ဟန်နား ကျေးရွာ-နမ္မတံတား-ကုန်းမုံလမ်း တို့ကို လက်ရှိအချိန်တွင် အသုံးပြု ဖြတ်သန်းနေကြရကြောင်း သိရ သည်။

အဆိုပါ လမ်းနှစ်လမ်းအနက် လားရှိုးမှ စဥ့်အင်ချောင်းကို ဖောင် ဖြင့် ဖြတ်သန်းပြီး နမ့်လန်မှတစ်ဆင့် ကျောက်ဂူလမ်းနှင့် နမ့်လန်မှတစ် ဆင့် ကျေးသီး၊ မိုင်းကိုင်လမ်းသို့ လို ရာခရီးဆက်ပါက ခရီးလမ်း ကြမ်း တမ်းမှု မရှိသော်လည်း ဖောင်ဖြင့် ချောင်းဖြတ်ကူးမှုမှာ တစ်ကြိမ်တွင် ယာဉ်စီးရေ နှစ်စီးသာ တင်ဆောင် ဖြတ်ကူးနိုင် သဖြင့် ယာဉ်တစ်စီးလျှင် ချောင်းတစ်ဖက်ကမ်းသို့ရောက်ရန် အချိန်နှစ်ရက်မှ ငါးရက်အထိ စောင့် ဆိုင်းရကြောင်း သိရသည်။

ဒုတိယလမ်းဖြစ်သည့် လားရှိုး-ဟန်နား-နမ္မချောင်းကူးတံတား၊ ဆောင်ကြဲလမ်းအတိုင်း သွားရောက် ကြမည်ဆိုပါက ခရီးလမ်း ကြမ်းတမ်း ခက်ခဲခြင်း၊ ယာဉ်အနိမ့်များ သွား လာရန်ခက်ခဲနိုင်ခြင်း၊ တောလမ်း ဖြစ်သဖြင့် မိုးရွာသွန်းမှုများနှင့် ကြုံတွေ့ပါက ယာဉ်မှာဗွက်နစ်နိုင် ခြင်း၊ လမ်းချော်နိုင်ခြင်း စသည့် အ ခက်အခဲများ အပြင် တောတွင်းလမ်း များအတွင်း လမ်းမှားကာ အခက်အ ခဲ တွေ့နိုင်ခြင်းများ ကြုံတွေ့နိုင် ကြောင်း သိရသည်။

“စစ်ဘေးရှောင်တယ်ဆိုတာ အပြောလွယ်သလောက် တကယ် တမ်းတော့ ခက်ခဲတယ်ဆိုတာ လူ တိုင်း သိပါတယ်။ ကိုယ့်အိမ်ကနေ ထွက်ခွာလာခဲ့ရပြီ ဆိုကတည်းက ငွေလမ်းခင်းကြရတော့တာ မဟုတ် လား။ တခြားမှာ ငွေလုံလုံလောက် လောက် မရှိဘဲနဲ့ ရေရှည်နေနိုင်ဖို့ မဖြစ်နိုင်ဘူးလေ။ နောက်ပြီး အသိ မိတ်ဆွေအိမ်မှာ နေတယ်ပဲထားဦး။ ကိုယ်က ဘယ်လောက်အထိ ကြာ ကြာနေနိုင်မှာလဲ” ဟု စစ်ဘေးရှောင် ရန် ခက်ခဲနေသူတစ်ဦးက ပြောကြား သည်။

လားရှိုးမြို့ကို စွန့်ခွာလာသည့် ဒေသခံများမှာ ယနေ့ထိတိုင် ရှိနေ ဆဲဖြစ်သလို တိုက်ပွဲအရှိန်မှာလည်း ပြင်းထန်နေဆဲဖြစ်ကြောင်းသိရ သည်။ တိုက်ပွဲတွင်အသုံးပြုသည့် ရှော့တိုက်ဒုံးများသည် ဒေသခံများ ကို မြို့မှစွန့်ခွာရန် အဓိက တွန်းအား ပေးနေသည့် အကြောင်းရင်း တစ် ရပ်ဖြစ်နေပြီး ၎င်းင်းကြောင့် သေဆုံးသူ များမှာ အပြစ်မဲ့ပြည်သူ ဆယ်ဂဏန်း ဝန်းကျင်ရှိနေပြီဖြစ်သည်။

“ကျွန်တော့်အိမ်ထဲကို ရှော့ တိုက်ဒုံး လာကျတယ်။ ညနေ ၆ နာရီ လောက်ပေါ့။ ကျွန်တော်က အောက် အိမ် ဘက်ရောက်နေတဲ့အချိန်မို့ ဘယ်သူ့ကိုမှ ထိခိုက်မှုတော့မရှိဘူး။ အိမ်တော့ အကုန်ပျက်စီးသွားတယ်။ ကားတွေလည်း အကုန်ပျက်စီးသွား တယ်” ဟု လားရှိုးမြို့ ၊ ရပ်ကွက် ၁၀ နေသူ ဒေသခံတစ်ဦးက ဇူလိုင် ၁၂ ရက်နေ့ညပိုင်းက ပြောသည်။

ဇူလိုင်လအစမှ စတင်ဖြစ်ပွားခဲ့ သည့် လားရှိုးမြို့ အနီးတိုက်ပွဲဖြစ်စဉ် များကြောင့် ဒေသခံသောင်းချီ နေ ရပ်စွန့်ခွာလာကြရပြီး ကျန်ရစ်သူ အများစုမှာ လမ်းစရိတ် မတတ်နိုင် သူများနှင့် သက်ကြီးရွယ်အို အများစု သာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်ကာလ အတွင်း လားရှိုး-တောင်ကြီး၊ လားရှိုး -မန္တလေး မော်တော်ယာဉ် စီးနင်းခ မှာ တစ်ဦးလျှင် ကျပ်လေးသိန်းမှ ခုနစ်သိန်းအထိ ပေါက်စျေးရှိနေ သောကြောင့် အချို့သောဒေသခံ များမှာ မိမိဆိုင်ကယ်များဖြင့်ပင် ဝေးလံလှသည့်ခရီးကြမ်းကို မောင်း နှင်ြ ဖတ်သန်းနေကြခြင်းဖြစ်သည်။

လားရှိုး- မန္တလေး ပြည်ထောင် စု ကားလမ်းမကြီးအတိုင်း မောင်းနှင် ၍ ဟန်နားကျေးရွာလမ်းခွဲ အတိုင်း ကွေ့ဝင်ကာ တောလမ်းအတိုင်းဖြတ် သန်းမောင်းနှင်ကြရသည့် ခရီးကြမ်း တွင် မော်တော်ယာဉ်မောင်းသူများ၊ မော်တော်ဆိုင်ကယ်မောင်းနှင် သူ များတွင် အမျိုးသမီးများပါသလို တောတွင်း၌လည်း ကြုံသည့်နေရာ အိပ်စက်အနားယူကာ ခရီးဆက်ကြ ရသည်။

မည်သို့ပင်ဆိုစေကာမူ မိမိအ သက်ထက် ဘယ်အရာကမှ အရေး ကြီးသော အရာမဟုတ်သဖြင့် သေ နတ်သံ၊ ဗုံးသံများနှင့် ဝေးရာ ကိုသာ ဦးတည်မောင်းနှင်နေကြပုံရသည်။ တစ်ကြိမ်တစ်ခါမှ ဖြတ်သန်း သွား လာခဲ့ဖူးခြင်းမရှိ၊ လမ်းညွှန်မှုမရှိ၊ လမ်းပြမရှိသည့်တောတွင်း ခက်ခဲ  ကြမ်း တမ်းသည့်လမ်းကို ယုံကြည် ချက် ရှိရှိ ဖြတ်သန်းခဲ့ကြရသည်။ 

မော်တော်ယာဉ်ကို တစ်ရက် နှင့် တစ်ညမောင်းနှင်ပြီး မနက်ခင်း ရောက်မှ တောတွင်းလမ်းမှ စဥ့်အင် ချောင်းတစ်ဖက်ကမ်းရှိ ပြည်ထောင် စုလမ်းပေါ် ရောက်ကာ နမ့်လန်သို့ ခရီးနှင်ခဲ့ကြပြီး လိုရာခရီးကို ဆက် ကြရသည်။

တချို့ လားရှိုး မြို့နှင့်အနီး ဆုံး နေရာဖြစ်သည့် နမ့်လန်တွင် နယ် မြေအခြေအနေစောင့်၍ နားထောင် ကာ စစ်ဘေးရှောင်နေကြသလို တ ချို့မှာလည်း မိမိတို့ဆွေမျိုး၊ မိတ်ဆွေ များရှိရာ အခြားမြို့များသို့ ခရီးဆက် ကြသည်။ အချို့မှာ နီးစပ်ရာမြို့သို့ သွားရောက်ကာ အိမ်ငှားကာနေ ထိုင်ကြရသည်။ အချို့ ဟိုတယ်နှင့် တည်းခိုခန်း တွင် ခေတ္တတည်းခိုကာ ယာယီစစ်ဘေးရှောင်ကြရသည်။ အချို့မှာ မိမိလုပ်ငန်းနှင့်အဆင်ပြေ နိုင်သည့် မြို့တွင် အခြေချနေထိုင် နိုင်ရန် ပြင်ဆင်ကြတော့သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ လာကြသည့် ဒေသခံများအနေဖြင့် ဘဝရှင်သန် ရပ်တည်နိုင်ရေး အ တွက် အနာဂတ်နေ့ရက်များကို မည်သို့ ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှား သွားကြမည်ကိုတွေးရင်း …………။

Most Read

Most Recent