■ ဆော်ဒီကလပ်များ၏ကမ်းလှမ်းမှုကို ရာဖင်ညာ ငြင်းဆန်     

■ ဆော်ဒီကလပ်များ၏ကမ်းလှမ်းမှုကို ရာဖင်ညာ ငြင်းဆန်     
Published 2 August 2024

ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ညာသည် ဆော်ဒီကလပ်အသင်းများ၏ ကမ်းလှမ်းမှုများကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ယခုနွေတွင် ရာဖင်ညာကိုရောင်းထုတ်ရန် စီစဉ်နေသည်။ 

ယခုအခါ ရာဖင်ညာအား ခေါ်ယူရန် ဆော်ဒီကလပ်များက ငွေကြေးမြောက်မြားစွာဖြင့် ကမ်းလှမ်းခဲ့ကြသော်လည်း ကစားသမားဘက်က ငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။ 

ရာဖင်ညာသည် ဘာစီလိုနာအသင်းတွင်သာ ဆက်ကစားရန် ဆန္ဒရှိနေပြီး အသင်းပြောင်းရွှေ့လိုခြင်း လုံးဝမရှိကြောင်း စပိိန်မီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent