■ လီဒက်ကီ ရှစ်ခုမြောက် အိုလံပစ်ရွှေတံဆိပ်ဆုရရှိပြီး  အအောင်မြင်ဆုံးရေကူးမယ် ဂျန်နီသွမ်ဆင်၏စံချိန်ကို အမီလိုက်နိုင်ခဲ့     

■ လီဒက်ကီ ရှစ်ခုမြောက် အိုလံပစ်ရွှေတံဆိပ်ဆုရရှိပြီး  အအောင်မြင်ဆုံးရေကူးမယ် ဂျန်နီသွမ်ဆင်၏စံချိန်ကို အမီလိုက်နိုင်ခဲ့     
Photo: Getty Images
Photo: Getty Images
Published 2 August 2024

နာမည်ကြီး အမေရိကန် ရေကူးမယ် ကေတီလီဒက်ကီသည် မီတာ (၁၅၀၀)အလွတ်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးရယူနိုင်ခဲ့ပြီးနောက် အို လံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးရေကူးမယ်အဖြစ် စံချိန်တင်ထားသည့် အမေရိကန်နိုင်ငံသူ ဂျန်နီသွမ်ဆင်၏စံချိန်ကို အမီလိုက်နိုင်ခဲ့ကြောင်း သိရသည်။

    

ဇူလိုင် (၃၁) ရက်က ကျင်းပသည့် အမျိုးသမီးမီတာ (၁၅၀၀) အ လွတ်ကူးပြိုင်ပွဲ ဗိုလ်လုပွဲတွင် လီဒက်ကီက (၁၅ မိနစ်၊ ၃၀ ဒသမ ၀၂ စက္ကန့်)ဖြင့် ရွှေတံဆိပ်၊ ပြင်သစ်နိုင်ငံသူ ကာ ပစ်ချ်နီကိုဗာက (၁၅ မိနစ်၊ ၄၀ ဒသမ ၃၅ စက္ကန့်)ဖြင့် ငွေတံဆိပ်၊ ဂျာမနီနိုင်ငံသူ အစ္စဘဲလ်ဂိုဇယ်က (၁၅ မိနစ်၊ ၄၁ ဒသ မ ၁၆ စက္ကန့် )ဖြင့် ကြေးတံဆိပ်ရရှိခဲ့သည်။ 

လီဒက်ကီအနေဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်တွင်ကျင်းပသည့် တိုကျိုအိုလံပစ်ပြိုင်ပွဲ၌ (၁၅ မိနစ်၊ ၃၅ ဒသမ ၃၅ စက္ကန့်)ဖြင့် ၎င်းကိုယ်တိုင်တင်ရှိထားသည့် အိုလံပစ်စံချိန်ကို ပါရီအိုလံပစ်ပြိုင်ပွဲ၌ ထပ်မံချိုးဖျက်၍ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

လီဒက်ကီသည် ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ်တစ်ခု၊ ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ်လေးခု၊ ၂၀၂၀ တိုကျိုအိုလံပစ် ပြိုင်ပွဲ၌ ရွှေတံဆိပ်နှစ်ခုနှင့် ယခု ပါရီအိုလံပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး အခြားငွေနှင့် ကြေးများလည်းရရှိထားသည်။ 

Most Read

Most Recent