■ မိမိသည် ဂွါဒီယိုလာကို ပုံတူကူးချမည်မဟုတ်ကြောင်း မာရက်စကာ ပြောကြား     

■ မိမိသည် ဂွါဒီယိုလာကို ပုံတူကူးချမည်မဟုတ်ကြောင်း မာရက်စကာ ပြောကြား     
Photo: Sky Sports
Photo: Sky Sports
Published 2 August 2024

ချယ်လ်ဆီးအသင်းနည်းပြသစ် မာရက်စကာက မိမိသည် မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ပုံတူကူးချမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

    

မာရက်စကာသည် ပြီးခဲ့သည့်ရာသီတွင် လက်စတာအသင်းကို ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်း၏နည်းပြသစ်အဖြစ် (၅)နှစ်စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ 

၎င်းသည် မန်စီးတီးအသင်းတွင် ဂွါဒီယိုလာ၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသလို၊ ဦးခေါင်းပြောင်နေမှုချင်းလည်း တူညီနေသည့်အတွက် ဂွါဒီယိုလာကို ပုံတူကူးနေခြင်းဖြစ်ကြောင်း နောက်ပြောင်မှုများလည်း ရှိနေသည်။ 

ထို့ကြောင့် ၎င်းက မိမိအနေဖြင့် ဂွါဒီယိုလာနှင့် ဦးခေါင်းပြောင်မှုချင်းတူညီသော်လည်း ပုံတူကူးမည်မဟုတ်ကြောင်းနှင့် ချယ်လ်ဆီးအသင်းမှာလည်း မန်စီးတီး 2.0 ဖြစ်လာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

"ကျွန်တော့်ဇနီးက ကျွန်တော့်ဆံပင်ပုံစံကို သဘောကျပါတယ်။ ကျွန်တော်လည်း ဒါကို သဘောကျပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ ဂွါဒီယိုလာကို တုပတာလားလို့ မေးခွန်းထုတ်ခံရပါတယ်။ မဟုတ်ပါဘူး။ ကျွန်တော့်မှာ ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်ကလေးတွေနဲ့ ကျွန်တော့်မိသားစုနဲ့ပါ။ ကျွန်တော်တို့က အရာရာမှာ ကွဲပြားခြားနားပါတယ်"ဟု မာရက်စကာက ပြောကြားခဲ့သည်။ 

သို့သော် မာရက်စကာက မိမိအနေဖြင့် ဂွါဒီယိုလာ၏ ဘောလုံးဒဿနများကို သဘောကျကြောင်းနှင့် ချယ်လ်ဆီးအသင်းကို မန်စီးတီးကဲ့သို့ အောင်မြင်သည့်အသင်းဖြစ်အောင် တည်ဆောက်သွားလိုကြောင်းဆိုခဲ့သည်။

    

ပရီးမီးယားလိဂ်မှ ကျွမ်းကျင်သူအချို့ကမူ မာရက်စကာအနေဖြင့် နည်းပြများအား အချိန်ပေးလေ့မရှိသည့် ချယ်လ်ဆီးအသင်းတွင် ရုန်းကန်ရဖွယ်ရှိကြောင်း သုံးသပ်ခဲ့သည်။ 

ချယ်လ်ဆီးအသင်းက ၎င်းကို (၅)နှစ်စာချုပ်အပြင် တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည့် သဘောတူညီချက်ဖြင့် စာချုပ်ချုပ်ဆိုထားသော်လည်း လာမည့်ခရစ္စမတ်ကာလအတွင်းမှာပင် ထုတ်ပယ်ခံရနိုင်သည်ဟုလည်း ထင်ကြေးပေးခဲ့ကြသည်။

Most Read

Most Recent