သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်ကိုကျော်လွန်ကာ စံချိန်သစ်တင် မြင့်တက်ခဲ့

သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်ကိုကျော်လွန်ကာ စံချိန်သစ်တင် မြင့်တက်ခဲ့
Published 28 July 2024

ဇူလိုင် ၂၈ ရက် နံနက် ၆ နာရီခွဲတိုင်းထွာချက်များအရ သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၇၅၀ စင်တီမီတာ၏အထက် ၉၅၁ စင်တီမီတာအထိ ရောက်ရှိခဲ့ပြီး ယင်း ၉၅၁ စင်တီမီတာမှာ ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်က အမြင့်ဆုံးရောက်ရှိ ခဲ့သည့် ရေအမှတ်ဖြစ်သည့် ၉၃၈ စင်တီမီ တာအား ကျော်လွန်ကာ စံချိန်သစ်တင်မြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုအခြေအနေများကြောင့် ဘားအံမြို့ ပေါ်ရပ်ကွက်အားလုံးနီးပါး ရေကြီးရေလျှံမှု များဖြစ်ပေါ်နေပြီး လူဦးရေထောင်နှင့်ချီကာ ရေဘေးသင့်နေကြကြောင်းလူမှုကူညီကယ် ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

“ဘားအံမြို့ အဝင်အထွက်လမ်းတွေအ ကုန်လုံးမှာလည်း ရေတွေကျော်ပြီး ရေစီးက လည်း သန်နေတော့ ကားလေးတွေတောင် သွားလာဖို့က အခက်အခဲရှိနေပါတယ်။ မနေ့ ည (ဇူလိုင် ၂၇ ရက်) ပိုင်းအထိတော့ ဘားအံ မြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်းခြောက်ခုဖွင့် ထားပေမဲ့ ရေထပ်တက်လာလို့ ကယ်ဆယ်ရေး စခန်းတွေ ထပ်တိုးထားတယ်လို့ ကြားသိရ တယ်။ စာရင်းတိတိကျကျ မသိရသေးဘူး” ဟု ကယ်ဆယ်ရေးသမားတစ်ဦးက ပြောကြား သည်။

ရေဘေးသင့်ပြည်သူများအနေဖြင့် အ ရေးပေါ်အကူအညီလိုအပ်ပါက ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံ ချိတ်ဆက်ပြီး အကူအညီတောင်းခံနိုင်ပါ ကြောင်းလည်း အဆိုပါကယ်ဆယ်ရေးသမား က ဆိုသည်။

အလားတူ သံလွင်မြစ်အနောက်ဘက် ခြမ်းရှိ မုက္ကဒီကျေးရွာ၊ ကူးဆိပ်အောက်ပိုင်း၊ ဓမ္မပါလအောက်ပိုင်း၊ ပဲကုန်းကျေးရွာ ကွက် သစ်အပိုင်းများတွင် ရေဝင်ရောက်မှုများဖြစ် ပေါ်ကာ ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း နှင့် ရေဘေးသင့်ပြည်သူများအတွက် ကူးဆိပ် ဘုန်းကြီးကျောင်းတွင် ယာယီရေဘေးရှောင် စခန်းဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် ဘားအံ - မော်လမြိုင်အဖြောင့်လမ်း ဘားအံ သံလွင်တံတားလမ်းဆုံ (ဆင်လေးကောင်အ ဝိုင်း) မှ ကော့ကျိုက်ကျေးရွာကြားတွင် ကား လမ်းပေါ်ရေကျော်နေပြီး ရေစီးသန်သည့်အ တွက်ကြောင့် မော်တော်ယာဉ်များဖြတ်သန်း သွားလာရခက်ခဲနေကြောင်း၊ ဘားအံ - အိန္ဒု လမ်းပိုင်းတွင်လည်း အုန်းတပင်ကျေးရွာဘက် တွင် ကားလမ်းပေါ်နေကျော်နေကြောင်း လည်း ယင်းဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။

Most Read

Most Recent