တရားမဝင် ရွှေအရောင်းအဝယ်ပြုလုပ်ခဲ့သူများကို ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအတိုင်း တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဟုဆို

တရားမဝင် ရွှေအရောင်းအဝယ်ပြုလုပ်ခဲ့သူများကို ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအတိုင်း တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဟုဆို
Published 3 June 2024

စီးပွားရေး မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် တရားမဝင်ရွှေအရောင်းအဝယ် ပြုလုပ်ခဲ့သူများအား ဖမ်းဆီး၍ စုံစမ်းမေးမြန်းလျက်ရှိပြီး တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ပြည်တွင်းရွှေစျးကွက် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်သူများမှ ဖမ်းဆီးစစ်ဆေးနေသူ(၂၁)ဦး၏ အမည်စာရင်းအား ထုတ်ပြန်ပေးရန်နှင့် တိမ်းရှောင်ထွက်ပြေးနေသည့် ရွှေဆိုင်ပိုင်ရှင်များပိုင်ဆိုင်သော ရွှေဆိုင် များနှင့် နေအိမ်များအား ချိတ်ပိတ်အရေးယူနေသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ သတင်းဌာနများ၏ မေးမြန်းမှုအပေါ်ပြန် နစကသတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးကို မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် တရားမဝင်ရွှေအရောင်းအဝယ် ပြုလုပ်ခဲ့သည့်သူများအားဖမ်းဆီး၍ စုံစမ်းစစ်ဆေးမေးမြန်းလျက်ရှိပြီး ၎င်းတို့ကျူး လွန်ခဲ့သည့် ပြစ်မှုများအတိုင်း တရားဥပဒေနှင့် အညီထိရောက်စွာဆက်လက်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း နစကသတင်း ထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။

နိုင်ငံ့စီးပွားရေး မငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့်ရွှေစျေးနှုန်းကျပ်သိန်း ၆၀ ခန့်အထိ စျေးကစား ဆွဲတင်ခဲ့သော တရားခံ ၂၁ ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး နာမည်ကြီးရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ၀ိန့်စိန်အပါအဝင် ရွှေဆိုင်များမှ တာဝန်ရှိသူများနှင့် ပွဲစား ၁၀ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဇွန် ၂ ရက်တွင် နစက ကထုတ်ပြန်ထားသည်။

Most Read

Most Recent