ဘဏ်များမှာ ငွေသား ထုတ်ယူမှုများပြီး မလိုလားအပ်သော ငွေကြေးဖောင်းပွမှုဖြစ်ကာ ကုန်စျေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံစားနေရသဖြင့် စိစစ်အရေးယူမှုများ လုပ်ဆောင်နေဟု ဗဟိုဘဏ်ဆို

ဘဏ်များမှာ ငွေသား ထုတ်ယူမှုများပြီး မလိုလားအပ်သော ငွေကြေးဖောင်းပွမှုဖြစ်ကာ ကုန်စျေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံစားနေရသဖြင့် စိစစ်အရေးယူမှုများ လုပ်ဆောင်နေဟု ဗဟိုဘဏ်ဆို
Published 10 July 2024

ဘဏ်များမှာ ငွေသားထုတ်ယူမှုများပြီး မလိုလားအပ်သော ငွေကြေးဖောင်းပွမှုဖြစ်ကာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရသဖြင့် စိစစ်အရေးယူမှုများ လုပ်ဆောင်နေဟု မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလင်း အောင်က ပြောကြားသည်။

“ငွေသားထုတ်ယူမှုများ၍ မလိုလားအပ် သော ငွေကြေးဖောင်းပွမှုဖြစ်ကာ ကုန်သွယ်မှု မတည်မငြိမ်ဖြစ်ခြင်း၊ ကုန်စျေးနှုန်းကြီးမြင့်ခြင်း နှင့် ကုန်စျေးနှုန်းကစားသူများကြောင့် ပြည်သူ များအနေဖြင့် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေကြရပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ မသမာမှုများ ဆောင်ရွက်သူများ၊ စျေးကစား သူများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ က စိစစ်အရေးယူဆောင်ရွက်မှုများလည်း လုပ်ဆောင်လျက်ရှိပါတယ်” ဟု မြန်မာ နိုင်ငံ တော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြားသည်။

လက်ရှိအခြေအနေများတွင် မီဒီယာအချို့၏ သွေးထိုးလှု့ံဆော် ရေးသားမှုများကြောင့်  ပြည်သူများစိုးရိမ်ပူပန်မှုဖြစ်ကာ ဘဏ်များမှ ငွေသားထုတ်ယူမှုများရှိနေပြီး မသမာသော စီးပွားရေးသမားများမှ ဒေါ်လာစျေး၊ ရွှေစျေး၊ ဟွန်ဒီစျေးကစားမှုများကြောင့် ပိုမိုစိုးရိမ်လာ ပြီး ငွေသားထုတ်ယူကြခြင်း၊ ငွေကြေးမတည် ငြိမ်မှုဖြစ်ခြင်းမှတစ်ဆင့် ကုန်စျေးနှုန်းများမ တည်ငြိမ်မှုကို ဖြစ်ပေါ်စေကာ ကိုယ်ကျိုးစီးပွား ရှာနေသည်ကို တွေ့ရှိရသည်ဟု ဗဟိုဘဏ်ဒု ဥက္ကဌက ပြောကြားသည်။

ပြည်ပနိုင်ငံများတွင် ငွေသားကိုင်တွယ် မှုကို လျှော့ချပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်း လမ်းများဖြင့်သာ ဆောင်ရွက်လျက်ရှိကြောင်း၊ ငွေသားများ ကိုင်တွယ်ခြင်းကြောင့် ငွေသား များကို ရေတွက်စစ်ဆေးရပြီး ထိန်းသိမ်းရခြင်း အပြင် ရေ၊ မီး၊ အန္တရာယ်၊ ခိုးသူ၊ လုယက်သူများ နှင့် ကြုံတွေ့ရနိုင်သည်ဟု ဗဟိုဘဏ် ဒုဥက္ကဌ က ပြောကြားသည်။

“အထူးသဖြင့် ထပ်မံပြောကြားလိုတာက တော့ ပြည်သူများအနေဖြင့် ဒစ်ဂျစ်တယ်နည်း လမ်းများကို အသုံးပြု၍ ငွေကြေးလွှဲပြောင်းမှု များ သုံးစွဲမှုများကို ပိုမိုတိုးတက်ဆောင်ရွက် ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ဗဟိုဘဏ်ဒုဥက္ကဌ ဒေါက်တာလင်းအောင်က ပြောကြားသည်။

Most Read

Most Recent