တရုတ်တွင် ကလေးများကို ထိခိုက်စေသည့် အကြောင်းအရာများကို အွန်လိုင်း၌ နှိမ်နင်းတိုက်ဖျက်မှု စတင်လုပ်ဆောင်

တရုတ်တွင် ကလေးများကို ထိခိုက်စေသည့် အကြောင်းအရာများကို အွန်လိုင်း၌ နှိမ်နင်းတိုက်ဖျက်မှု စတင်လုပ်ဆောင်
ဇူလိုင် ၁၁ ရက်က ပေကျင်းမြို့တော်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်ခုံနေရာစောင့်ဆိုင်းနေသူများ ဖုန်းအသုံးပြုနေကြသည်ကို တွေ့ရစဉ်(Photo: AFP)
ဇူလိုင် ၁၁ ရက်က ပေကျင်းမြို့တော်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်ခုံနေရာစောင့်ဆိုင်းနေသူများ ဖုန်းအသုံးပြုနေကြသည်ကို တွေ့ရစဉ်(Photo: AFP)
Published 13 July 2024

တရုတ်နိုင်ငံတွင် ဗီဒီယို apps များနှင့် လူမှုမီဒီယာ ပလက်ဖောင်းများတွင်ကလေးများကို ထိခိုက်စေနိုင်သည်ဟု ယူဆသည့် အကြောင်းအရာများကို ရှင်းလင်းရန်ရည်ရွယ်၍ ၎င်း၏ပိုမိုတင်းကျပ်သောအင်တာနက် ထိန်းချုပ်မှုတွင် နှိမ်နင်းတိုက်ဖျက်မှုအစီအစဉ် အသစ်တစ်ရပ်ကို ဇူလိုင် ၁၃ ရက်တွင်ထုတ်ပြန်ကြေညာခဲ့သည်။

အာဏာရ ကွန်မြူနစ်ပါတီသည် ပြည်တွင်း ဝက်ဘ်ဆိုဒ်များကို တင်းကျပ်စွာထိန်းချုပ်ခြင်း၊ ကြမ်းတမ်းသော သို့မဟုတ် ၀ါကြွားလွန်းသော သို့မဟုတ် နိုင်ငံရေးအဖျက်အမှောင့်ဟု ယူဆသော အကြောင်းအရာများကို ဆင်ဆာပြုလုပ်ခြင်းများ လုပ်ဆောင်လေ့ရှိသည်။

တရုတ်အစိုးရသည် အွန်လိုင်းတွင်ထင်ပေါ်ကျော်ကြားသူများမှ ဂိမ်းဆော့ခြင်းနှင့် စျေးဝယ်ပလက်ဖောင်းများအထိသီးခြားကဏ္ဍများကို အခါအားလျော်စွာ ကန့်သတ်လေ့ရှိသည်။

ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်သောကြေညာချက်၌ နိုင်ငံ၏အင်တာနက်စောင့်ကြည့်သူများက ၎င်းတို့အနေဖြင့် အင်တာနက်ပေါ်တွင် အသက်မပြည့်သူများကို ကာကွယ်မှုအား ထိရောက်စွာ ကာကွယ်ရန်နှင့် ပိုမို ကောင်းမွန်သော အွန်လိုင်းပတ်ဝန်းကျင်တစ်ရပ်ဖန်တီးနိုင်ရန်အတွက် နှစ်လကြာ“ရှင်းလင်းခြင်းနှင့် တောက်ပခြင်း”လှုပ်ရှားမှုကိုစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းလှုပ်ရှားမှုတွင် ဗီဒီယိုအတိုနှင့် တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းများ၊လူမှုမီဒီယာပလက်ဖောင်းများ၊ အွန်လိုင်းရှော့ပင်းများ၊ appstores များ၊ ကလေးများအတွက် smart devices များနှင့် အသက်မပြည့်သူများ အတွက် အွန်လိုင်းထိန်းချုပ်မှုများနှင့်သက်ဆိုင်သော အထင်ကရ ပြဿနာရပ်များအားလုံးကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ Cyberspace Administration က ထုတ်ပြန်ထားသည်။

ထို့ပြင် ကျောင်းတွင်းအကြမ်းဖက်မှုကို  ဂုဏ်ဖော်ဟန်ရှိသောရိုက်ကူးထုတ်လွှင့်သည့် ဗီဒီယိုများကဲ့သို့  ကွဲပြားခြားနားသောအပြုအမူများကိုလည်း ပစ်မှတ်ထားလျက်ရှိသည် ဟုဆိုသည်။

ထို့ုပြင် ကလေးများ၏ ကာတွန်းများနှင့် တေးသီချင်းများတွင် ကြမ်းတမ်းပြီးသွေး ထွက်သံယိုအကြောင်းအရာများကို ရှင်းလင်းသွားမည်ဖြစ်ကာ အသက်မပြည့်သေးသော အင်တာနက်ဆယ်လီကလေးများကိုအသုံးချ၍ အမြတ်ထုတ်ခြင်းတို့ကိုလည်း ရှင်းလင်းသွားမည်ဖြစ်သည်။

e-commerce ပလက်ဖောင်းများမှ လိင်ပိုင်းဆိုင်ရာအကြံပြုထားသည့် ထုတ်ကုန်များကို ရှင်းလင်းသွားရန် ရည်ရွယ်ထားသည့်အပြင် ကလေးများအား အန္တရာယ်ရှိသောမိတ်ဆွေဆက်ဆံရေးတစ်ရပ်ကို ပြသသည့်အ ကြောင်းအရာများ သို့မဟုတ် အွန်လိုင်းတွင် လုပ်ကြံဖန်တီးထားသည့်ဗန်းစကားများနှင့် ရိုင်းစိုင်းသော စကားစုများကိုလည်း တားမြစ်ကန့်သတ်သွားမည်ဖြစ်သည်ဟုဆိုသည်။

ကျွန်တော်တို့အနေနဲ့ အသက်မပြည့်သေးသူတွေအတွက် သီးသန့်ပြဿနာရပ်တွေကို အနီးကပ်အာရုံစိုက် လုပ်ဆောင်သွားမယ့်အပြင် ကောင်းမွန်တဲ့အွန်လိုင်း ပတ်ဝန်းကျင်တစ်ရပ်ကို ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါ တယ်”ဟု ထုတ်ပြန်ထားသည်။

ယင်းလုပ်ဆောင်ချက်သည်တရုတ်နိုင်ငံရှိ ကလေးများ၏နွေရာသီကျောင်းအားလပ်ရက် စတင်ချိန် နှင့်တိုက်ဆိုင်လျက်ရှိကာလတ်တလောနှစ်များအတွင်း အလားတူလှုပ်ရှားမှုအများအပြားကို လုပ်ဆောင်လာခဲ့သည်။

ဧပြီလက ငွေကြေးအများအပြားသုံးစွဲသည့် လူမှုဘဝနေထိုင်မှုပုံစံများကို ပြသသော  ဝံ့ကြွားလွန်သူများကို ဆန့်ကျင်သည့်နောက်ထပ်“ရှင်းလင်းခြင်းနှင့် တောက်ပခြင်း”လှုပ်ရှားမှုကို စတင်ခဲ့ပြီးနောက် အထင်ကရအွန် လိုင်းဆယ်လီအများအပြား ဆင်ဆာပိတ်ခံခဲ့ရသည်။

Ref: AFP

Most Read

Most Recent