အာဂျင်တီးနားအသင်း၏ တိုက်စစ်မှူး မက်ဆီသည် ပီရူးနှင့် ယှဉ်ပြိုင်ကစားရမည့် ကိုပါအမေရိက အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ပါဝင်ကစားရန် မသေချာကြောင်း သိရသည်။
အာဂျင်တီးနားအသင်းသည် နှစ်ပွဲကစားအပြီးမှာပင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် အုပ်စုနောက်ဆုံးပွဲမှာ အရေးမကြီးတော့သဖြင့် နည်းပြ စကာလိုနီက အသင်းခေါင်းဆောင် မက်ဆီကို အနားပေးဖွယ်ရှိနေကြောင်း သိရသည်။
အာဂျင်တီးနားနည်းပြ စကာလိုနီသည် အဆိုပါအုပ်စုနောက်ဆုံးပွဲတွင် ပွဲထွက်လူစာရင်းကို အပြောင်းအလဲများစွာ ပြုလုပ်သွားဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။