အတ္တလန်တာအသင်းသည် နည်းပြ ဂက်စ်ပါရီနီကို သက်တမ်းတိုးရန် ယခုရက်ပိုင်းအတွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အီတလီလူမျိုးနည်းပြ ဂက်စ်ပါရီနီ(၆၆ နှစ်)သည် အတ္တလန်အသင်းကို ၂၀၁၆ ခုနှစ်ကတည်းက ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၎င်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။
ဂက်စ်ပါရီနီသည် ယခုရာသီတွင် အတ္တလန်တာအသင်းကို ယူရိုပါလိဂ်ချန်ပီယံဆုနှင့် ချန်ပီယံလိဂ်ဝင်ခွင့် ရယူပေးနိုင်ခဲ့သည့်အတွက် အသင်းတာဝန်ရှိသူများက ၎င်းကို သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။