အာဆင်နယ်အသင်း၏ ဂိုးသမား ဒေးဗစ်ရာယာသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးဂိုးသမားဆု(ရွှေလက်အိတ်ဆု)ရရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
ဒေးဗစ်ရာယာသည် ဘရန့်ဖို့ဒ်မှ အာဆင်နယ်အသင်းသို့ အငှားဖြင့် လာရောက်ကစားနေသူဖြစ်ပြီး ပရီးမီးယားလိဂ် (၂၇)ပွဲ ယှဉ်ပြိုင်ကစားရာတွင် ဂိုးမပေးရသည့် Clean Sheet ပွဲပေါင်း (၁၃)ပွဲ ရရှိခဲ့သည်။
၎င်းသည် ဒုတိယနေရာမှ အနီးဆုံးပြိုင်ဘက်ထက် (၃)ပွဲအသာရထားပြီး ပြိုင်ပွဲပြီးဆုံးရန်မှာလည်း နောက်ထပ်(၅)ပွဲသာ ကျန်ရှိတော့သည့်အတွက် ရွှေလက်အိတ်ဆုရရှိရန် အလားအလာကောင်းနေခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရာသီ ရွှေလက်အိိတ်ဆုကို မန်ယူဂိုးသမား ဒီဟေးယားက Clean Sheet (၁၇)ပွဲဖြင့် ရရှိခဲ့သည်။