ဂျပန်ဆေးကုမ္ပဏီထုတ် ကျန်းမာရေးဖြည့်စွက်စာများကြောင့် လူ ၂၀ ကျော်ဆေးရုံရောက်သွားပြီးနောက် သေဆုံးသူတစ်ဦးရှိလာ

ဂျပန်ဆေးကုမ္ပဏီထုတ် ကျန်းမာရေးဖြည့်စွက်စာများကြောင့် လူ ၂၀ ကျော်ဆေးရုံရောက်သွားပြီးနောက် သေဆုံးသူတစ်ဦးရှိလာ
Photo: Getty Images
Photo: Getty Images
Published 26 March 2024

ဆေးရုံတက်ရသူ ၂၆ ဦးရှိပြီး ကျောက် ကပ်မူမမှန်မှုဖြစ်စေသည်ဆိုသည့် သံသယများကြောင့် ဖြန့်ဝေထားသည့် ကျန်းမာရေး ဖြည့်စွက်စာများကို ပြန်ရုပ်သိမ်းထားကြောင်း ဂျပန်ဆေးကုမ္ပဏီ ကိုဘာယာရှီက ထုတ်ပြန် လိုက်ပြီးနောက် လူတစ်ဦးသေဆုံးသည့် သတင်းပါထွက်လာသည်။

မကောင်းသည့် ကိုလက်စထရောများကိုလျှော့ချရန် ထည့်ထားသည့် 'beni joki' ခေါ် ဆန်ချဉ်တစ်မျိုးပါဝင်သည့် ဖြည့်စွက်စာသုံးမျိုးကြောင့် သုံးစွဲသူများ ဆေးရုံရောက်သည့်ဖြစ်စဉ်များ ရှိလာ ပြီးနောက် ထိုဆေးသုံးမျိုးကို ကုမ္ပဏီဘက်က လိုက်သိမ်းခဲ့သည်။

“ကျွန်တော်တို့ရဲ့ထုတ်ကုန်နဲ့ လူသေဆုံးမှုအကြား  ဆက်နွယ်မှုဖြစ်နိုင်ခြေတစ်ခုရှိနေတယ်။ အဲဒါကို ဖော်ထုတ် နေတယ်”ဟု အိုဆာကာအခြေစိုက် ၎င်းကုမ္ပဏီကပြောသည်။ မတ် ၂၅ ရက်ကုမ္ပဏီထုတ်ပြန်ချက်တွင် 'beni joki'  လုပ်သည့်အခါသုံးရသည့်ကုန်ကြမ်းများတွင် ထည့်သုံးရန်မရည်ရွယ်ထားသည့် ပါဝင်ပစ္စည်းအချို့ရောပါနေ သည့်ပုံမျိုးတွေ့ရသည်ဟု ဆိုထားသည်။ ဆေးစာမဲ့ဝယ်ယူနိုင်သည့် ယင်းဖြည့်စွက်စာများကို ကမ္ဘာတစ်ဝန်းရှိ အခြားကုမ္ပဏီ ၅၀ နီးပါးသို့ ကိုဘာယာရှီကဖြန့်ဖြူးထားကြောင်း ဂျပန်  ရုပ်သံ NHK က ဖော်ပြခဲ့သည်။

Ref: AFP