အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟောင်း အဂွဲရိုးနှင့် တွေ့ဆုံခြင်း

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟောင်း အဂွဲရိုးနှင့် တွေ့ဆုံခြင်း
Photos: Getty Images
Photos: Getty Images
Published 28 February 2022
Nay Lin Htet

နှလုံးပြဿနာကြောင့် ကစားသမားဘဝက အနားယူခဲ့ရတဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟောင်း အဂွဲရိုးဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ လက်ရွေးစင်အသင်းနဲ့အတူ လိုက်ပါသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ အဂွဲရိုးက အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နည်းပြ စကာလိုနီတို့နဲ့ တွေ့ဆုံခဲ့ပြီး လက်ရွေးစင်အသင်းမှာ ဘယ်အခန်းကဏ္ဍကပါဝင်မယ်ဆိုတာကို ထပ်ပြီးထုတ်ပြန်မယ်လို့ ပြောဆိုခဲ့ပါတယ်။ အသက် (၃၃)နှစ်ရှိပြီဖြစ်တဲ့ အဂွဲရိုးဟာ မန်စီးတီးကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံ (၅)ပွဲ ကစားပြီးချိန်မှာ နှလုံးပြဿနာ ပေါ် ပေါက်ခဲ့ပြီး ဘောလုံးသမား ဘဝက အနားယူရလောက်တဲ့အထိ အခြေအနေဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ကစားသမားဘဝက အနားမယူမီ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ၂၀၂၀ ကိုပါအမေရိကချန်ပီယံဆုရယူနိုင်ခဲ့တဲ့ အဂွဲရိုးဟာ လက်ရွေးစင်အသင်းအတွက်လည်း နိုင်ငံတကာပွဲ (၁၀၁)ပွဲကစားခဲ့ပြီး (၄၁)ဂိုး သွင်း ယူပေးခဲ့ပါတယ်။ TyC Sports နဲ့ တွေ့ဆုံရာမှာ အဂွဲရိုးက အနားယူခဲ့ရတဲ့ဖြစ်စဉ်၊ မက်ဆီနဲ့ ဆက်ဆံရေး၊ လက်တလောလှုပ်ရှားမှုတွေကို အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် . . .

 

Most Read

Most Recent